Saturday, November 5, 2011

ထေရဝါဒ ဓမ္မ အသံစု (၄ဝ)


ဒါန အနုမောဒနာ ကထာ တရားတော် / ဒေါက်တာအရှင် ဉာဏိဿရ (သီတဂူ ဆရာတော်) နိုဝင်ဘာ ၂ဝ၊ ၁၉၇၇။
ဒါန၏ အကျိုး၊ ဒါနပြုအပြီး ပြုလုပ်ရမည့် မှန်ကန်သည့် ဆုတောင်း၊ မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မြှုပ်နှံသင့် သည့်နေရာများ (စေတီ၊ သံဃာ၊ ဧည့်သည်၊ မိခင်၊ ဖခင်၊ အသက်ရာထူးဂုဏ်သိမ်ကြီးမြတ်သူ) အစရှိသော တရား များကိုဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
နိဗ္ဗာန်တံခါးဖွင့် တရားတော် / ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်) ဇန္နဝါရီ ၈၊ ၂ဝ၁ဝ။
နိဗ္ဗာန်ကို အဓိပ္ပါယ်ဖွင့်ဆိုထားပြီး၊ ရုက္ခန္ဓောပမာသုတ္တန်ကို ကိုးကားလျက် နိဗ္ဗာန်သို့ ပို့ ဆောင်ပေးနိုင် သည့် ဝိပဿနာ ဉာဏ်၏ ရှစ်ခုသော အင်္ဂါရပ်များကို ရှင်းလင်းဟောကြားထား သည့်ပြင်၊ ဓါတ်တစ် ဆယ့်ရှစ်ပါးကိုလည်း ဖေါ်ပြထားသည်။  တရားနာပါ။
နိဗ္ဗာန် အကြောင်း ရှင်းပြပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇူလိုင် ၁၁၊ ၁၉၆၂။
မြတ်စွာဘုရားနှင့် အဂ္ဂိဝစ္ဆ ပုဏ္ဏားတို့၏ တရားဆွေးနွေးစကား ကို ကိုးကားလျက် နိဗ္ဗာန်၏ အကြောင်းကို ရှင်းလင်းဟော
ကြားထား
သည်။  တရားနာပါ။
ဘယ်ကုသိုလ် အမြတ်ဆုံးပါလိမ့် / ဦး နရပတိ (ဖြူး ဆရာတော်) ဒီဇင်ဘာ ၁၈၊ ၁၉၈၃။
အကောင်းမြတ်ဆုံးဖြစ်သော ဝိပဿနာကုသိုလ် အကြောင်း
ကို  ဝေလာမသုတ္တန်ကို အကိုးအကားပြကာ အသေးစိတ် ရှင်းလင်းဟောကြားထားသည်။ 
တရားနာပါ။
ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် () / ဦး သောဘန (မဟာစည် ဆရာတော်
၁၃၃၈။
မဂ္ဂင်ရှစ်ပါးနှင့် အကျိုး၊ အဘယ်ကြောင့် မြတ်စွာဘုရား ပရိ နိဗ္ဗာန်စံ ယူတော်မူရန် ကုဿိနာရုံသို့ ကြွတော်မူခဲ့သည့် အကြောင်း၊ မြတ်စွာဘုရားနှင့် သုဘဒ္ဒ ပရိဗိုဇ်တို့၏ တရား အားထုတ်နည်းနှင့်စပ်လျဉ်းသောတရားစကားစသည်ဖြင့်
ဟောကြားထားသည်။ 
တရားနာပါ။
ရှစ်ဖြာမဂ္ဂင် နိဗ္ဗာန်ဝင် () / ဦး သောဘန (မဟာစည် ဆရာတော်
၁၃၃၈။
မဂ္ဂင်ရှစ်ပါးနှင့် ကျင့်စဉ်၊ ဝိပဿနာဉာဏ်ရရှိစေရန် ရှုပွါးပုံ၊ သမဏတစ်ဆယ့်နှစ်ပါးနှင့်သမ္မာဒိဋ္ဌိ အမျိုးမျိုးတို့ကို ဖေါ်ပြ
ဟောကြားထားသည်။
တရားနာပါ။
လောင်စာသိမ်း၍ မီးငြိမ်းရာ နိဗ္ဗာန် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇူလိုင် ၁၂၊ ၁၉၅၂။
နိဗ္ဗာန် မရရှိရခြင်း အကြောင်းရင်းများ၊ ဒိဋ္ဌိ ပယ်သတ်ခြင်း၊
မြတ်စွာဘုရားနှင့် အဂ္ဂိဝစ္ဆ ပုဏ္ဏားတို့၏ တရားဆွေးနွေးစကား တို့ကို ညွှန်းဆိုကာ ပဋိစ္စသမုပ္ပါဒ် ပိုင်းခြားသိခြင်း၏ အရေးပါ မှုစသော တရား
များကို ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
ဝိပဿနာ အားထုတ်ရခြင်း အကြောင်း / ဦး နရပတိ (ဖြူး ဆရာတော်) ဇူလိုင် ၂၊ ၁၉၉၂။
တရားအားထုတ်ရခြင်း၏ ရည်ရွယ်ချက်၊ သတ္တ၀ါများအဘယ်
ကြောင့် အပါယ်လေးဘုံသို့ ကျရောက် ရကြောင်းနှင့် အပါယ် မကျစေရန်ရှောင်ကြဉ်ပုံ၊ ကပ်ကြီးသုံးပါး
(ဒုဗ္ဘိက္ခန္တရကပ်၊ သတ္ထန္တရကပ်၊ ရောဂန္တရကပ်) နှင့် ဘေးသုံးပါး (မီး၊ရေ၊လေ) တို့ဖြစ်ပွား စေ
သော အကြောင်းရင်းများနှင့် ယင်းတို့အား ကာကွယ်နည်းများ စသည့်တရားများ ပါရှိသည်။ တရားနာပါ။
သုခလေးပါး / ဒေါက်တာအရှင် ဉာဏိဿရ (သီတဂူ ဆရာတော်) ဖေဖေါ်ဝါရီ ၉၊ ၁၉၇၈။
ကောသမ္ဘီပြည်တွင် အုပ်စုနှစ်ခုကွဲနေသော ရဟန်းတို့အား ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့သည့်တရားတော်ကို ဖေါ်
ညွှန်းပြီး ချမ်းသာသုခလေးမျိုးကို ရှင်းလင်းဟော ကြားထား သည်။ 
တရားနာပါ။
အပါယ်ပိတ် တရားတော် / ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ (ဗန်းမော်ဆရာတော်) ဒီဇင်ဘာ ၁၁၊ ၂ဝဝ၉။
သီလဝိသုဒ္ဓိ၊ စိတ္တဝိသုဒ္ဓိ၊ ဒိဋ္ဌိဝိသုဒ္ဓိနှင့် ကင်္ခါဝိတရဏဝိသုဒ္ဓိ အစရှိသောဝိသုဒ္ဓိ တရားလေးပါး အကြောင်း ကို ဥပမာ အမျိုးမျိုးပေးကာ ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment