Tuesday, February 18, 2014

ဓမ္မသုတ (၃၆)


ဒိဋ္ဌိကိလေသာသုံးမျိုး
ကြောင်သည် ကြွက်ကို မမြင်သည့် အချိန်တွင် လက်သည်းကို ဝှက်ထားတတ်သော်လည်း ဝမ်းထဲ တွင်မူ ကြွက်ခုပ်လိုသော ဝါသနာရှိနေသကဲ့သို့  အနုသယ ဒိဋ္ဌိကိလေသာသည် ဝမ်းထဲ
တွင် အမြဲ ကိန်းအောင်းပြီး ပါလာတတ်သည်။
ကြောင်သည် ကြွက်ကို မြင်သောအခါ လက်သည်းကို ထုတ်
သကဲ့သို့  ပရိယုဋ္ဌာန ဒိဋ္ဌိကိလေသာ သည် ကာမဂုဏ်အာရုံကို
မြင်သည့်အခါ ထကြွသောင်းကျန်း လာတတ်သည်။
ကြောင်သည်မြင်သောကြွက်ကို အမှန်တက်ခုပ်သည့်နည်းတူ
ဝီတိက္ကမ ဒိဋ္ဌိကိလေသာသည် ကိုယ်ထိလက်ရောက် ကျူးလွန်
စေသည်။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)။ အရှုံးထဲ က အမြတ် တရားတော်။
Posted by အေးဆက်

No comments:

Post a Comment