Tuesday, February 4, 2014

ဘဝနေဟန် တရားမှန် (၁၂)


မေတ္တာဥပမာ

မဟာပထဝီ မြေကြီးကို တူရွင်းဖြင့် ကုန်ဆုံးပျောက်ကွယ်စေခြင်းငှါ တူးထုတ်၍ မရနိုင်ပေ။ ထို့အတူ၊ မြေကြီးပမာ ကျယ်ပြန့်ကြံ့ခိုင်သည့်
မေတ္တာစိတ်ဓါတ် ရှိသူအား မည်သည့် စကားမျိုးနှင့်မျှ  တုန်လှုပ်စေရန်၊
မေတ္တာယုတ်လျော့စေရန် ပြုလုပ်၍ ရနိုင်မည် မဟုတ်ပေ။

မြစ်ကြီးကို မီးတုတ်ဖြင့် ပူစေရန် ရှို့မြှိုက်၍ မရနိုင်။ မြစ်ကြီးအတွင်း၌
ရေများစွာရှိပြီး မီးတုတ်မှာ သေးငယ် သောကြောင့်ဖြစ်သည်။ အလား တူစွာ မေတ္တာပွားများသူအား မည်သို့ သော စကားမီးတုတ်မျိုးဖြင့်မဆို ရှို့ မြှိုက်သော်လည်း ထိုသူ ၏ စိတ်ကို မလောင်မြိုက်နိုင်ပါ။

အာကာသ ဟင်းလင်းပြင်ဝယ် ဆေးခြယ်လျှင် အရုပ်မထင်နိုင်ပေ။
မေတ္တာနှလုံးသား ပိုင်ရှင်၏ စိတ်တွင် လည်း ဒေါသရုပ် ထင်စေရန်
ပြုလုပ်နိုင်မည် မဟုတ်ပေ။

ဤသည်တို့ကား မြတ်စွာဘုရားပေးသော မေတ္တာ ဥပမာများ ပင်တည်း။

ကျမ်းကိုး။    ။နန္ဒမာလာဘိဝံသ၊ ဒေါက်တာအရှင်။ မေတ္တာနှလုံးအစဉ်သုံး တရားတော်။

Posted by အေးဆက်

No comments:

Post a Comment