Friday, February 7, 2014

ဓမ္မသုတ (၃၅)


'ငါ' ဒိဋ္ဌိကြိုး
လေတံခွန်သည် ကောင်းကင်ပေါ်မည်မျှမြင့်အောင် တက်သည်
ဖြစ်စေ
နောက်ဆုံးတွင် ရစ်ဘီး၏ ခြေရင်းသို့  ပြန်လည်သက်
ဆင်းရမြဲဖြစ်သည်။ ကြိုးတန်းလန်းပါနေသောကြောင့်ပင်။

လေတံခွန်နှင့်တူသည့် ပုထုဇဉ်လူသားများသည်လည်း ကောင်း
ကင်ကဲ့သို့ သော သုဂတိဘုံများ၌ မည်မျှပင်နေရသည်ဖြစ်စေ အချိန်တန်လျှင် ရစ်ဘီးတည်းဟူသော အပါယ်အိမ်သို့  ပြန်ကြ ရသည်။ 'ငါ' ရှိသည် ဟု အယူမှား ဒိဋ္ဌိကြိုးကြီး ရှိနေ၍ဖြစ်၏။

ဇဝန၊ အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿ       နာ၊ ၁+၂။
ဒိဋ္ဌိမကွာ ရှက်ဖွယ်ရာ
ကြားစိတ်နှင့်တူသည့် ဧည့်သည်၏ နောက်တွင် ဒိဋ္ဌိတည်းဟူ
သော
ခွေးပါလာပါက အိမ်ရှင်မိမိတို့ မှာ အရှက်ကွဲခြင်းအဖြစ် အပါယ်လား ကြရ၏။ ခန္ဓာကို ခန္ဓာဟု ရှုမှတ် ရမည်။ 'ငါ' ဟု မမှတ်လျှင် ဒိဋ္ဌိကွာသည်။
ပဏ္ဍိတ၊ အရှင် (ဒွိပိဋကဓရ၊ မဏိရတနာဆရာတော်)
စုန်ရေနှင့် ဆန်ရေ တရားတော်။
Posted by  အေးဆက်

No comments:

Post a Comment