Sunday, February 9, 2014

ထေရဝါဒ ဟောဓမ္မ (၂၉)


ကုမာရ၊ အရှင် (ဓမ္မဓရ)။ ကုသိုလ်နှင့် အကုသိုလ်။ မန္တလေး၊ ၁၃၇၃။
ကုသိုလ် အကုသိုလ်တို့နှင့်စပ်လျဉ်း၍ အဓိပ္ပါယ်၊ အကြောင်းရင်း
နှင့် အမျိုးအစားတို့ကို ဖေါ်ပြ ဟောကြားထားသည်။ တရားနာပါ။

ကုမာရ၊ အရှင် (ဓမ္မဓရ)။ အဟောင်းပြု ပြင် အလှဆင်စို့ (၁)-(၂)။ ဝက်လက်၊ ၁၃၇၁။
သာသနာပြုရန် မူငါးချက်၊ စီးပွါးတိုးတက်ခြင်း၏ အခြေခံ
ခြောက်ချက်၊ ကျန်းမာစေသော အချက်ခြောက်ချက်၊ အဟောင်းပြု ပြင်၍ အလှဆင်သူနှင့် သင်္ဂါယနာတင်
ခြောက်ကြိမ် အစရှိသော အကြောင်းအရာများကို
ဖေါ်ပြ ထားသည်။ တရားနာပါ() - ()
ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ ဘဝဇာတ်ဆရာ (၁)-(၂)။ ရန်ကုန်၊ ၆ ဒီဇင်ဘာ ၂ဝဝ၈။
နိဗ္ဗာန်ရောက်ကြောင်း နည်းလမ်းကောင်းများ၊ တဏှာသည် ဘဝ၏ ဇာတ်ဆရာ ဖြစ်ပုံနှင့် တရားနာရခြင်း အကျိုးတို့ကို ဥပမာဇာတ်ကြောင်း များပြကာ ဟောကြားထားချက်များ ပါ ရှိသည်။ တရားနာပါ() - ()
ခေမိန္ဒ၊ ဘဒ္ဒန္တ (ခင်မကန်ဆရာတော်)။ သေမှာမကြောက် ထိုငါး
ယောက်။ ရန်ကုန်၊ [ခှုနှစ်မပါ]

သာသနာသုံးရပ်နှင့် မူလအကျင့်၊ သတိနှင့် အသိ၊ ဘုရားရှင် တိုင်း၏ အဆုံးအမနှင့် သေရမည်ကို မကြောက်ရွံ့ သူငါးဦး စသည်တို့ကို ရှင်းပြဟောကြားထားသည်။ တရားနာပါ။
နရပတိ၊ ဦး (ဖြူးဆရာတော်)။ ရတနာထိုက်တဲ့ ချစ်သမီး။ ရန်ကုန်၊ ၅ ဒီဇင်ဘာ ၁၉၉၈။
ရောဟိနီထေရီဂါထာသုတ္တန်ကို အကိုးအကားပြုကာ ရတနာ သုံးပါး၏ အနှစ်သာရ၊ သောတာပန်နှင့် သံဃာဂုဏ်ရည်၊ စင်ကြယ်သူနှင့် ဝေဒဂူဟူသည်တို့ကို ဖေါ်ပြဟောကြားထား
သည်။ တရားနာပါ။

နရပတိ၊ ဦး (ဖြူးဆရာတော်)။ အသက်သေသော်လည်း မျက်ရည်မကျ စတမ်း။ ရန်ကုန်၊ ၉ ဒီဇင်ဘာ ၁၉၉၈။
“သုရကဇာတ်" ကို ကိုးကားလျက် ကာကွယ်ရေးတရားလေးပါး
(ဗုဒ္ဓါ နုဿ       တိ၊ မေတ္တာဘာဝနာ၊ မရဏဿ       တိနှင့် အသုဘ
ဘာဝနာ)နှင့် အကျိုးကျေးဇူးများကို ထင်ရှားပေါ်လွင်အောင်
ဟော
ကြား ထားသည်။ တရားနာပါ။
 Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment