Tuesday, March 4, 2014

ထေရဝါဒ ဟောဓမ္မ (၃ဝ)

ပညာနန္ဒ၊ အရှင် (သီတဂူကြယ်)။ မိတ်ကောင်းပေါင်းမှ ချမ်းသာရ (၁) (၂)။ မကွေး၊ ၁၃၆၇။
မိတ်ကောင်း နှင့် မိတ်ယုတ်၊ ယင်းတို့၏ ကွာခြားချက်များ၊
ဗုဒ္ဓမြတ်စွာဟောကြားတော်မူသော ဥပမာများကို ရှင်းလင်း
ဟောကြားထားခြင်းဖြစ်သည်။ တရားနာပါ() ()

ပညာနန္ဒ၊ အရှင် (သီတဂူကြယ်)။ အမေ့မေတ္တာ ကိုးဆယ်ဆသာ (၁) (၂)။ မကွေး၊ ၁၆ နိုဝင်ဘာ ၂ဝဝ၉။
ဆရာတော်ကြီးများ၊ ပညာရှိကြီးများ နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ် ကြီးများ၏ မိဘကျေးဇူးကြီးမားကြောင်းနှင့် ပတ်သက်သော အဆိုများ၊ မိဘမေတ္တာ ဥပမာခိုင်းနှိုင်းချက်များနှင့် ကမ္ဘာဆုံး သည့်တိုင် ကျင့်ရမည့် တရားတို့ကို ရှင်းလင်းဟောကြားထား သည်။ တရားနာပါ() ()
သိရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တ (ယော ဆရာတော်)။ ဒက္ခိဏဝိဘင်္ဂသုတ္တန် (၁)။ ပုသိမ်၊ ၂၂ ဇန္နဝါရီ ၁၉၈၇။
ဒက္ခိဏဝိင်္ဘဂသုတ္တန်ကို ကိုးကားလျက် ချမ်းသာနှစ်မျိုး၊ ဒါနအမျိုး အစားများ၊ ကာလဒါန၏ အဓိပ္ပါယ်နှင့် အမျိုးအစား၊ ဓမ္မနုဂ္ဂဟနှင့် ပစ္စယနုဂ္ဂဟတို့ဖြင့်ကျေးဇူးဆပ်ရာတွင် မတူကွာခြားပုံ၊ဗုဒ္ဓသည်
ကိုးကွယ်ရန် အဘယ်ကြောင့်ထိုက်တန်ကြောင်းတို့ကိုရှင်းလင်း ဟာကြားထားသည်။ တရားနာပါ။

သိရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တ (ယော ဆရာတော်)။ ဒက္ခိဏဝိဘင်္ဂသုတ္တန် (၂)။ ပုသိမ်၊ ၂၂ ဇန္နဝါရီ ၁၉၈၇။
အလှူ ခံပုဂ္ဂိုလ်တစ်ဆယ့်လေးဦး နှင့် အကျိုးရှိပုံ အဆင့်ဆင့်၊
ရောင်းဝယ်ခြင်းမပြုသင့်သော အရာငါးမျိုး၊ သံဃိကဒါနခုနစ်မျိုး၊ အလှူအမျိုးအစားငါးခု နှင့် အကျိုးကြီးအောင်လှူနည်းစသည်
တို့ကို ဖေါ်ပြထားသည်။ တရားနာပါ။
သုဇာတ၊ အရှင် (မေတ္တာအေးဆရာတော်)။ ကုသိုလ်အလုပ်နောက် မဆုတ် နဲ့ (၁) (၂)။ မန္တလေး၊ ၁၅ ဒီဇင်ဘာ ၂ဝဝ၈။
ကုသိုလ် နှင့် ချမ်းသာ၊ တရားကို မကြိုက်သူများ၊ ဓမ္မ နှင့် အဓမ္မ၊ ဗုဒ္ဓဘာသာပီသသူစသည့် တရားများပါရှိ၏။ တရားနာပါ() ()
သုဇာတ၊ အရှင် (မေတ္တာအေးဆရာတော်)။ အသက်ပေး၍ ကိုးကွယ်သူ (၁) (၂)။ ရန်ကုန်၊ ၂၉ နိုဝင်ဘာ ၂ဝဝ၈။
မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးသူတစ်ဦး၏
ဆောင်ရွက်ချက်များကို ထင်ရှားစွာ သိမြင်စေရန် သုဒါသီ
ကျွန်မလေး၏ ဇာတ်ကြောင်းဥပမာပြဖြင့် ရှင်းလင်းဟောကြား ထားသည်။ ထို့ပြင်၊ မိမိ၏ အမျိုး၊ ဘာသာ၊ သာသနာအတွက် အသက်စွန့်ဝံ့သူများဖြစ်ကြစေရန်လည်း တိုက်တွန်းထားသည်။ တရားနာပါ() ()
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment