Saturday, May 28, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၇)


ကိုးကွယ်ရာအမှန်တရား / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) မုံရွာ၊ ၁၃၆၈။
ကိုးကွယ်ခြင်း၏ မူလအစ၊ ဘုရား တရားနှင့် သံဃာ ရတနာသုံးပါးတို့ ကို ကိုးကွယ်ရ
သော ရည်ရွယ်ချက် အမှန်၊ မိမိကျင့်ကြံ အားထုတ်နေသော ဓမ္မကိုသာအားကိုးကြရန်
နှင့် လူတို့ ၏သောက လေးမျိုးတို့ ကိုရှင်းလင်း ဟောကြားထားသည်။ တရားနာပါ
မိရိုးဖလာဗုဒ္ဓဘာသာဝင်နှင့် တကယ့်ဗုဒ္ဓဘာသာဝင် / အရှင်ဇ၀န (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၅။
ပုထုဇဉ်တို့  မသိနိုင်သော အတွေ့ အကြုံ ငါးမျိုး၊ ရဟန်းသည်ပင်လျှင် အပါယ်သို့ ကျ နိုင်သေးကြောင်း၊ပုထုဇဉ်တို့ အား အပါယ်သို့  မလားအောင် တားဆီးပေးနိုင်သည့်
ကောင်းမှုကုသိုလ်များ၊ သရဏဂုံတည်ခြင်းဖြင့် ရရှိနိုင်သော အဓိကနှင့်အထောက်အပံ့
ပြုအကျိုးကျေးဇူးများ၊ သရဏဂုံကျိုးပျက်ခြင်း၊ မိရိုးဖလာ ဗုဒ္ဓဘာသာနှင့် တကယ့်ဗုဒ္ဓ 
ဘာသာ တို့ ၏ကွာခြားချက်များ နှင့် သောတာပန်၏ အင်္ဂါရပ်များ စသည်တို့ ကို ပြည့်စုံ စွာဟောကြားထားသည်။ တရားနာပါ
မျက်ရည်မကျခင်သိစေချင် / အရှင်ဇ၀န (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၆။
ရနိုင်ခဲသော ဒုလ္လဘတရားငါးပါး၊ အသိနောက်ကျသောတန်ဖိုး (ကျန်းမာရေး၊ နိုင်ငံတစ် 
ခု၏ လွတ်လပ်မှု၊ လူ့ ဘ၀)၊ ဥစ္စာပစ္စည်း၊ ခန္ဓာနှင့် စိတ်တို့ ၏အနှစ်သာရ၊ ပစ္စည်းဥစ္စာ
လေးမျိုးနှင့် သူတပါးအသက်ကိုသတ်ဖြတ်ခြင်း၏ အကျိုးဆက် အကြောင်းတို့ ကို 
အကျယ်တဝင့်ဟောကြား ထားသည်။ တရားနာပါ 
ဝိပဿနာရှုခြင်း၏ထင်ရှားသောအကျိုးနှစ်ပါး / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီဆရာတော်) 
စင်ကာပူ၊ Dec 29, 2002.
ဝိပဿနာရှုခြင်း၏ ထင်ရှားသောအကျိုးနှစ်ပါး၊ ဒုစရိုက်(၁၀)ပါးနှင့် သုစရိုက်(၁၀)ပါး၊ သတိပဋ္ဌာန်လေးပါး နှင့် သတိပဋ္ဌာန်ဝိပဿနာအကျိုး စသည်တို့ ကို ရှင်းလင်းဟော 
ကြား ထားသည်။ တရားနာပါ 
ဝေဒနာနုပဿနာ ရှုပွါးနည်း အလုပ်ပေး() / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ] 
ဝေဒနာနုပဿနာ ရှုပွါးခြင်းနှင့် စပ်လျဉ်းသည့်အချက်များဖြစ်သော_ ခန္ဓာတွင်ရှိသော   ဝဒနာခြောက်ပါး၊ ဝေဒနာဖြစ်ခြင်းနှင့် ပျက်ခြင်းတို့ ၏ အကြောင်းရင်းဝေဒနာချုပ်
ကြာင်း ကျင့်စဉ်၊ ဝေဒနာ၏နှစ်သိမ့်မှု၊ အပြစ်သင့်နေသောဝေဒနာ၊ ဝေဒနာမှလွတ်
မြောက်ရန် နည်းလမ်း စသည်တို့ ကို ပြည့်ပြည့်စုံစုံ ဟောကြားထားသည်။
တရားနာပါ
 ဝေဒနာရှုပွါးနည်းအလုပ်ပေး() / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ] 
ဝေဒနာရှုပွါးနည်းကို ညွှန်ပြ ဟောကြားထားသည်။ တရားနာပါ
အကြောင်းနှင့်အကျိုးတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ 
Nov 8, 1998.
ပြုလုပ်ရမည့် ကုသိုလ်သုံးမျိုး (ဒါန၊ သီလ၊ ဘာဝနာ)၊ ကာယကံ၊ ၀စီကံ နှင့် မနောကံတုႛိ 
၏အကြောင်းနှင့် အကျိုးကို ထင်လင်းစွာ ဖေါ်ပြခြင်း၊ ဒုက္ခကို သုခအဖြစ် ပြောင်းလဲနည်း 
(မဂ္ဂင်ရှစ်ပါး)၊ သစ္စာလေးပါးကို ဖွင့်ဆိုပြခြင်းနှင့် ဒါနပြုရာတွင် ထားရှိရမည့် ရည်ရွယ် 
ချက် စသည်ဖြင့် စုံလင်စွာ ဟောကြားထားသည်။ တရားနာပါ 
အပဏ္ဏကပဋိပဒါ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ ၁၃၆၈။
အမှန်ကို အသေအချာ ပိုင်းခြား၍ သိစေသော အကျင့်သုံးမျိုး () ဣန္ဒြိယသံဝရ ()
ဘောဇနေ မတ္တညုတာနှင့် () ဇာဂရီယနုယောဂတို့ အကြောင်းကိုရှင်းလင်းဟောကြား
ထားသည်။ တရားနာပါ 
အရှင်မဟာကစ္စာယန ဩ၀ါဒလေးချက်တရား / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီဆရာတော်) 
စင်ကာပူ၊ Dec 30, 2002.
သောတာပန် ဖြစ်သည်အထိ ၀ိပဿနာတရားအားထုတ်ရာတွင် မိမိကိုယ်မိမိ ()  
သူကန်း () သူအ ()သူဆွံ့ နှင့် () သူနာအလား စိတ်တွင်ထားကာ ကျင့်ကြံကြရန် 
လမ်းညွှန်ဟောကြား ထားသည်။ ထို့ အပြင်၊ ကုသိုလ်၏အကျိုးကိုလည်း နမူနာဇာတ်
ကြောင်းများနှင့် လင်္ကာ ဆောင်ပုဒ်များဖြင့် ဝေေ၀ဆာဆာဟောကြားထားပြန်သည်။ 
အတ္တာဟိအတ္တနောနာထော / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ 
၁၃၇၀။
မိမိကျင့်ကြံ အားထုတ်သော တရားသည်သာ မိမိအတွက် အားကိုးရာအမှန်ဖြစ်ကြောင်း
ကို ဟောကြားထားပြီး၊ ဂေါတမမြတ်စွာဘုရားလောင်းနှင့် ပစ္စေကဗုဒ္ဓါ ငါးပါးတို့ ၏ ဇာတ်
ကြောင်းကို ကိုးကားလျက် စစ်မှန်သော ချမ်းသာခြင်းကို ရရှိစေရန် မိမိကိုယ်မိမိ ချိုးနှိမ်
ဆုံးမရမည့် အကြောင်းကိုပါ ထည့်သွင်း ဟောကြားထားသည်။ တရားနာပါ

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment