Saturday, June 4, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၈)


ကုသိုလ်ဖြစ်ခြင်းအကြောင်းရင်း / အရှင်ဇ၀န (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မရှိ]
ငါးပါးသီလ ခံယူခြင်းကို အသေးစိပ် ရှင်းလင်းပြထားပြီး၊ ကုသိုလ်ဖြစ်ခြင်း 
အကြောင်းရင်းနှင့် အနိုင်ရရှိနည်းများကိုပါ ဟောကြားထားသည်။ တရားနာပါ။
တရားကျင့်ဖို့ ကောင်းတဲ့အချိန် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Dec
17, 2005.
တရားကျင့်ရန် မသင့်လျော်သော အခြေအနေ ရှစ်မျိုးကို အသေးစိပ် ဖေါ်ပြချက်
နှင့်အတူ၊ တရားကျင့်ရန် အကောင်းဆုံးအချိန်ကိုလည်း ညွှန်ပြ ဟောကြားထား 
တောင်ထိပ်ရောက်မှတောင်အောက်မြင်မယ် / ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ)
ရန်ကုန်၊ Aug 16, 2003.
"မဟာကဿပ သုတ္တန်" ကို ကိုးကားလျက်၊ ပမာဒ (မေ့လျော့ခြင်း) တရားကို 
အပ္ပမာဒ (သတိရှိခြင်း) တရားဖြင့် အစားထိုးကြရန် ရှင်းလင်းတိုက်တွန်း ဟော
ကြားထားသည်။ တရားနာပါ။
ဝေဒနာနုပဿနာရှုပွါးနည်း အလုပ်ပေး() / ဦးဝိမလ (မိုးကုတ်ဆရာတော်)
[ခုနှစ်မရှိ]
ဝေဒနာကို သတိနှင့်ပညာ ယှဉ်တွဲကာရှုကြည့်ရန် နှင့် အမြဲပြောင်းလဲလျက်ရှိ
သော ခန္ဓာကို အခြေခံပြီးဝေဒနာကို ပိုင်းခြားသိရှိကြရန် တိုက်တွန်းဟောကြား 
ထားသည်။ ထို့ ပြင်၊ နာမကျန်းဖြစ်သည့်အခါ၊ ဖြစ်ခြင်း ပျက်ခြင်း သဘောတရား ကို နှလုံးသွင်းခြင်းနှင့် အတူ၊ ဒိဋ္ဌိနှင့် ဝီစိကိစ္ဆာကို ပယ်သတ် နိုင်အောင် ကြိုး 
ကုတ်အားထုတ်ကြရန် ကိုလည်း ဟောကြားထားသည်။ တရားနာပါ။
ဝေဒနာနုပဿနာရှုပွါးနည်း အလုပ်ပေး() / ဦးဝိမလ (မိုးကုတ်ဆရာတော်)
[ခုနှစ်မရှိ]
မွေးဖွါးခြင်းနှင့် သေဆုံးခြင်းကို အဖန်ဖန်ဖြစ်စေသည့် ဒေါမနဿ မဖြစ်စေခြင်း 
အလို့ ငှါ၊ ဝေဒနာ ကို အနိစ္စဉာဏ်ဖြင့် ရှုပွါးနည်းကို မြေသားဆီမီးခွက်နှင့်
နှိုင်းယှဉ်ကာ ရှင်းလင်း ဟောကြားထားသည်။ တရားနာပါ။
သိပေမဲ့မတတ်ပါ / ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ Aug 7, 2003.
ကမ္မဋ္ဌာန်းကျင့်ကြံအားထုတ်ခြင်းကိုထိထိရောက်ရောက် ပြုလုပ်ကြရေးအတွက်
နှိုးဆော်ဟောကြားထားသည်။ တရားနာပါ။
အကောင်းဆုံးသော ညတစ်ည / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊
ITBMU) ရန်ကုန်၊ ၁၃၆၈။
အကောင်းဆုံးသောည အား ဖွင့်ဆိုထားချက် အမျိုးမျိုး၊ ဗုဒ္ဓဖွင့်ဆိုထားသော 
အကောင်း ဆုံးညနှင့် အကောင်းဆုံးည၏ ပိုင်ရှင် ဖြစ်စေရန် ပြုလုပ်ပုံ စသည်တိုႛ ကို ပြည့်စုံစွာ ဟောကြားထားသည်။ တရားနာပါ။
အကျဉ်းချုပ်လေးပါး / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Sep 2, 2006.
ဓမ္မဥဒ္ဒေသလေးပါး (ဗုဒ္ဓ၏ အဆုံးအမ အကျဉ်းချုပ်တရား) ဖြစ်သော၊ (
 ခန္ဓာသည် အိုနာသေခြင်း ဆီသို့ အမြဲမပြတ် ဦးတည်လျက် မမြဲသော သဘော
ရှိခြင်း၊ () ဓမ္မမှတပါးအားကိုးရာမရှိခြင်း၊ () ကံမှအပမိမိပိုင်ဆိုင်သောပစ္စည်း
ဥစ္စာမရှိခြင်းနှင့် () အလိုဆန္ဒဘယ်ခါမျှ မပြည့်ဝသောတဏှာ၏ ကျေးကျွန် 
အဖြစ် ရှိနေကြခြင်း အကြောင်း ကို ရှင်းလင်းဟောကြားထားသည်။ 
အမြိုက်ရေစင် / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) မုံရွာ၊
[ခုနှစ်မရှိ]
ကိလေသာစင်ကြယ်ခြင်းဖြင့် စိတ်ကိုနာကျင်စေခြင်းမှ ကာကွယ်နိုင်သည့် 
တစ်ခုတည်းသော နည်းလမ်း_မဂ္ဂင်ရှစ်ပါး အကျင့်မြတ်၊ သတ္တ၀ါတို့ ၏အပေါင်း 
အဖော်_စိုးရိမ် ပူပန်မှု၊ ခန္ဓာ၏ မတည်မြဲခြင်းနှင့် ကြက်ဥထက်ပင် ထိခိုက်လွယ်ပုံ 
စသည်တို့ ကိုပြည့် စုံစွာ ဟောကြားထားသည်။ တရားနာပါ။
အသာစံခြင်းနှင့်အနာခံခြင်း / အရှင်ဇ၀န (မေတ္တာရှင်) ရန်ကုန်၊ Jul 7, 2005.
ပုထုဇဉ်များအသာစံလိုကြကြောင်း၊ အနာခံခြင်း တနည်း တဏှာကိုပယ်သတ် 
  နိုင်ခြင်း၊ မိဘများ အနေဖြင့် သားသမီးများအား ဓမ္မအမွေပေးကြရန်အရေး
ကြီးကြောင်းနှင့် သားသမီးတိုင်း မိဘ၏ အမွေအနှစ်ကို ခံစားရခြင်း မရှိကြပုံ တုႛိကို ဖြစ်ရပ်မှန်ဇာတ်လမ်း များဖြင့် ရှင်းလင်းဟောကြားထားသည်။ 

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment