Saturday, May 21, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၆)


တရားနည်းပြအလုပ်ပေး / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ဒုက္ခ၊ ခန္ဓာ နှင့် တဏှာ၊ သမုဒယသစ္စာ_ဒုက္ခသစ္စာ၊ ဒုက္ခသစ္စာ_သမုဒယသစ္စာ စသည် 
တိုႛကို ရှင်းလင်းဟောကြားထားပြီး၊ မဂ်ဉာဏ်ရသည်အထိ ၀ိပဿနာတရား အားထုတ် 
ကြရန်လည်း တိုက်တွန်းထားသည်။ တရားနာပါ # http://goo.gl/3pt3W
မိတ်ဆွေနှင့်ရန်သူ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၈။
သေသည်အထိ နှိပ်စက်တတ်သော အတွင်းရန်သူ ကိလေသာ၏အကြောင်း၊ အပါယ် 
ကျခြင်းမှ ရှောင်ရှားရန် ကိလေသာကို ပယ်သတ်ရာတွင်အထူးသဖြင့် ဒိဋ္ဌိသည်အဓိက
ဖြစ်ကြောင်းကို ညွှန်ပြထားသည်။ ထို့ ပြင်၊ ၀ဋ်သုံးပါး လည်ပတ်နေပုံ နှင့် ပတ်ဝန်းကျင် 
မှ လူအများနှင့် ပေါင်းသင်းဆက်ဆံခြင်းပြုရန်လည်းလိုအပ်ကြောင်း ပုဗ္ဗါရုံကျောင်းအမ 
ဝိသာခါကို စံပြုဟောကြားထားသည်။ တရားနာပါ # http://goo.gl/M4Vrf
ရတနာစိန်ကျောက်ဇယ်တောက်ကြရအောင်တရားတော် / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီး 
ဆရာတော်) အောင်ပန်း၊ ဇွန် ၁၁၊ ၂၀၀၅။
ရှာမှီးခြင်းသုံးမျိုး (ကမ္မ၊ ဘ၀နှင့် ဓမ္မ)။ လောကီ၊ စကြာဝတေးမင်းနှင့် အရိယာတို့ ၏ 
ရတနာ ()ပါး၊မှန်ကန်သော ရတနာကိုရွေးချယ်ခြင်း တို့ ကို "သုပ္ပဗုဒ္ဓ နူ နာသည်"  
ဇာတ်ကြောင်း ဥပမာပြဖြင့် ဟောကြားထားသည်။ တရားနာပါ #http://goo.gl/35EA0

လောကုတ္တရာစာမေးပွဲ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
သတ္တ၀ါများအား ကိလေသာကနှိပ်စက်နေပုံ၊ ကိလေသာပယ်နိုင်မှုနှင့် သရဏဂုံတည်
နေမှု အခြေအနေကို မိမိကိုယ်မိမိ စိစစ်ကြရန်၊ ဘင်္ဂဉာဏ်၏အကျိုး ()မျိုးဖော်ပြချက် 
စသည်တို့ ကို ဥပမာများပေးကာ ဟောကြားထားသည်။ တရားနာပါ # 
သမင်မွေးရင်းကျားစားရင်း တရားတော် (ပဋိစ္စသမုပ္ပါဒ်သင်တန်း) / ဦးဣန္ဒာဝုဓာဘိဝံသ 
 (ထူးကြီး ဆရာတော်) အောင်ပန်း၊ ဇွန် ၁၁၊ ၂၀၀၅။
ခန္ဓာဖြစ်စဉ်နှင့်အတူ အ၀ိဇ္ဇာ၊ တဏှာနှင့် ဥပါဒါန် အရင်းခံသည့် ကိလေသာဝဋ် 
အကြောင်းကို "ကာဠရက္ခိနီ ဘီလူးမ" ဇာတ်ကြောင်းပြလျက် ဟောကြားထားသည်။ 
တရားနာပါ # http://goo.gl/7xsLd
သိ ပယ် ဆိုက် ပွါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ 
[ခုနှစ်မရှိ]
အာတာပီ ဟူသည် မည်သူနည်း။ သိ ပယ် ဆိုက် ပွါး ရမည့် သစ္စာလေးပါး။ နောင်တွင်
နောင်တ မရရှိစေခြင်းငှါ သတိ တရားလက်ကိုင်ထားလျက် အမြဲမပြတ် ဝိပဿနာ 
တရား အားထုတ်ကြရန် နှိုးဆော်ခြင်းစသည်ဖြင့် ဟောကြားထားသည်။ တရားနာပါ
သံယောဇဉ်ရှင်းတမ်း () / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Sep 5, 2006.
သံယောဇဉ်၏ အဓိပ္ပါယ်။ သံယောဇဉ်ငါးပါး (ဒိဋ္ဌိ၊ ၀ီစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ 
ဣဿာ၊ မစ္ဆရိယ) နှင့် သံသရာတွင်း ဒုက္ခခံစားရခြင်းမှ လွတ်ကင်းရန် ယင်းတိုႛတစ်ခု 
စီကို ပယ်သတ်ပုံ တိုႛကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ
သံသရာကူးသူများ / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Sep 4, 2006.
သံသရာဟူသည်။ သံသရာတွင်ကူးလျက်ရှိသူ ခုနစ်မျိုးတို့ အကြောင်း ရှင်းလင်းချက်
နှင့် တကွ သောတာပန်ပုဂ္ဂိုလ်တို့  ပယ်ပစ်သော သံယောဇဉ် သုံးခု (ဒိဋ္ဌိ၊ ၀ီစိကိစ္ဆာ၊ 
သီလဗ္ဗတပရာမာသ) စသည်တို့ ကိုဟောကြားထားသည်။ တရားနာပါ  
သိက္ခာသုံးပါးဖြင့် ကိလေသာသုံးပါးပယ်သတ်ပုံတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ 
ဆရာတော်) ရန်ကုန်၊ Nov 14, 1998.
လူတို့ သည် အဘယ်ကြောင့် ဘာသာတရားကို ကြည်ညိုလေးစားကြရသည့် အ
ကြောင်း။ ဒုက္ခ္ခဆိုသည်မှာ၊ ဒုက္ခဖြစ်ကြရသည့်အကြောင်းရင်း။ ကိလေသာအဆင့် သုံး 
ဆင့်။ ယင်းတို့ ကို သီလ၊ သမာဓိနှင့် ပညာတို့ ဖြင့်ပယ်သတ်ခြင်း။ ဝိပဿနာနှင့် မဂ် 
ပညာ။ သန္တာနာနုသယ နှင့် အာရမ္မဏာနုသယ ဟူသောအနုသယကိလေသာ နှစ်မျိုး 
စသည်ဖြင့် စုံလင်စွာဟောကြားထားသည်။ တရားနာပါ # http://goo.gl/4qjJu
အနတ္တလက္ခဏာဉာဏ်အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သင်္ခါရ၊ အနတ္တနှင့် လက္ခဏာတို့ ကို အဓိပ္ပါယ်ဖွင့်ဆိုပြခြင်း။ ရုပ်နှင့်နာမ် သင်္ခါရတိုႛ ဖြစ် 
ရသည့် အကြောင်းရင်းနှင့်တကွ သမ္မာဒိဋ္ဌိနှင့် သက္ကာယဒိဋ္ဌိ စသည်များကို ရှင်း လင်း
ဟောကြားထားသည်။ တရားနာပါ # http://goo.gl/1ZqdT

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment