Saturday, May 7, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၄)


ကုသိုလ်သီလ ဘယ်ကျိုးရ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) တောင်စွန်း၊ ၁၃၅၉။
သီလ၏ အကျိုးကျေးဇူး၊ ရုပ်နှင့်နာမ်တို့ ကို ရှု ကြည့်ပုံ၊ တရားကျင့်ကြံ အားထုတ်ရာ
တွင် ထည့်သွင်းစဉ်းစားရန် မလိုအပ်သော အချက်အလက်များ(အလုပ်၊ နေရာ၊
ဣရိယာပုထ်၊ အချိန်) စသည်တို့ ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ
# http://goo.gl/27poV
ကယ်သူဆယ်သူတရားတော် / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်) အောင်ပန်း၊ ဇွန် ၉၊ ၂၀၀၅။
ကယ်တင်ရှင်_ မဂ်ဥာဏ်။ ခန္ဓာ့ဒုက္ခ။ တဏှာ ဒိဋ္ဌိတို့ ဖြင့် သံသရာတွင် လည်နေရ
ခြင်း၊ ဩဃလေးပါးနှင့် ၄င်းတို့ ၏လုပ်ဆောင်ချက်ကို သုဗြဟ္မာနတ်သား ဇာတ်
ကြောင်းဥပမာပြလျက် ဟောကြားထားသည်။ ထို့ အပြင်၊ ဗောဇ္ဈင်ခုနစ်ပါးကိုကျင့်
ကြံ အားထုတ်ကြရန် တိုက်တွန်းထားသည်။ တရားနာပါ
# http://goo.gl/Mp3oG
ခန္ဓာကြီးသည် ဘယ်သွားနေသလဲ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) စစ်ကိုင်း၊ ၁၃၅၈။
ခန္ဓာငါးပါးသည် သေခြင်းဆီသို့  ထာဝစဉ် ဦးတည်သွားလျက်ရှိကြောင်း၊ ရုပ်နာမ်တို့ 
၏ မတည်မြဲမှု၊ ရုပ်နှင့်ဝေဒနာတိုႛကို 'ငါ' နှင့် ခွဲခြားသိသော အမြင်မှန်ရှိခြင်းဖြင့် ဒိဋ္ဌိ
ဖြုတ်ရန်တိုႛကိုဟောကြားထားပြီး ၀ိဇ္ဇာနှင့်အ၀ိဇ္ဇာတိုႛ၏ ကွာခြားချက်နှင့်တကွ တရား 
အားထုတ်ကြရန် ကိုပါ နည်းပေး ဟောကြားထားသေးသည်။ တရားနာပါ #
http://goo.gl/nmcVj
ခန္ဓာငါးပါးတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) [ခုနှစ်မရှိ]
ဝိပဿနာ၏အဓိပ္ပါယ်။ ခန္ဓာငါးပါးကို ခွဲခြားစိပ်ဖြာလေ့လာခြင်း--ရူပက္ခန္ဓာ၊
ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာနှင့် ဝိညာဏက္ခန္ဓာ။ တဏှာနှင့် ဒိဋ္ဌိ တိုႛကို 
ပယ်ရှားနိုင်ရန် ခန္ဓာငါးပါးကို သတိတရား လက်ကိုင်ထား၍ ရှုကြည့်ရမည့် အ
ကြောင်း ဟောကြားထားသည်။ တရားနာပါ # http://goo.gl/rfWjm
ဉာဏ်ပညာကိုခေါင်းဆောင်ထားပါ အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သတ္တ၀ါတို့ ကို ဆွဲဆောင်တတ်သည့် စိတ်၏အကြောင်း။ အမြဲပျက်စီးလျက်ရှိတတ်
သော ခန္ဓာကို ရှု ကြည့်ကာ ဒုက္ခသစ္စာကို သိရှိရေးအတွက် ဉာဏ်ပညာ ကိုခေါင်း
ဆောင် ထားရန် တိုက်တွန်းချက်နှင့် တရားကို ထိုးထွင်းသိသူ ဟူသည်တိုႛကို ပြည့် စုံစွာ ဟောကြားထားသည်။ တရားနာပါ # http://goo.gl/BANkk
ဉာဏ်သုံးဆင့်တက်ပုံအလုပ်ပေး / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
နိဗ္ဗာန်ကို မျက်မှောက်ပြုသည်အထိ ဉာဏ်ပညာအဆင့်ကို မည်သို့မြှင့်တင်ရမည့်
အကြောင်းကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ
# http://goo.gl/RoVVT
ရှုမှတ်မှုမြဲလျှင် ကိလေသာစင် တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်
[ခုနှစ်မရှိ]
အမှန်တရားကို လူတို့ အဘယ်ကြောင့် ရှာဖွေကြသနည်း။ ဒုက္ခ၏အကြောင်းရင်း
ကိလေသာနှင့် ၄င်းကိုပယ်သတ်ပုံ၊ ၀ိပဿနာဉာဏ်နှင့် မဂ်ဉာဏ်တို့ ၏ ခြားနား ချက်စသည်တိုႛကို ဟောကြားထားသည်။ တရားနာပါ # http://goo.gl/MpHEq
ဝဋ်မှာအမြဲ ငရဲမှာအပ တရားတော် (ပဋိစ္စသမုပ္ပါဒ် သင်တန်း) / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်) အောင်ပန်း၊ ဇွန် ၁၀၊၂၀၀၅။
ပဋိစ္စသမုပ္ပါဒ် အခြေခံ၊ ဝဋ်အကြောင်းဖေါ်ပြချက်နှင့် အပါယ်လေးဘုံ တစ်မျိုးစီ
တွင် မည်သို့ သောသူများ ကျရောက်ခံစားရကြောင်း တို့ ကို စုံလင်စွာဟောကြား
ထားသည်။ တရားနာပါ
# http://goo.gl/pXMSb
သိရင်လဲ မစဉ်းစားနဲ့ တော့ / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ ဇူလိုင် ၂၁၊ 
၂၀၀၃။
"နိဗ္ဗာန သုတ္တန်" ကို ကိုးကားလျက်၊ မိမိကိုယ်တိုင် သိမြင်သော နိဗ္ဗာန်နှင့် အရိယာ
မဂ်ဖြင့် ရရှိသော နိဗ္ဗာန် တို့ အကြောင်းကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ # http://goo.gl/cugbr
အစကသာ ကြိုသိခဲ့ရင် / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ ဇူလိုင် ၂၈၊ ၂၀၀၃။
သိရမည့် ဒုက္ခသစ္စာ၊ ပယ်ရမည့် သမုဒယသစ္စာ၊ ဆိုက်ရောက်ရမည့် နိရောဓသစ္စာ
နှင့် ပွါးများရမည့် မဂ္ဂသစ္စာ စသည်ဖြင့် သစ္စာလေးပါး၏ ဆိုလိုရင်းကို ဖေါ်ပြထား
သည်။ ထိုႛပြင်၊ အရှင်သာရိပုတ္တရာနှင့် အရှင်အနုရုဒ္ဓါ တို့ ၏ တရားဆွေးနွေးစကား
ကိုပမာထားလျက်၊ လောဘ၊ ဒေါသနှင့် မောဟတိုႛကိုပယ်သတ်ရန်အရေးကြီး
ကြောင်းကိုလည်း ဟောကြားထားသည်။ တရားနာပါ
http://goo.gl/OVqDj

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment