Saturday, May 14, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၅)


ကိုယ်သိကိုယ်တတ်ကိုယ်ပတ်ကိုယ်ဖြည် / ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊  
Aug 20, 2003.
ဓမ္မကထိက ဟူသည်အဘယ်သူနည်း။ သ ဥပါဒိသေသ နိဗ္ဗာန်နှင့် အ နုပါဒိသေသ
နိဗ္ဗာန်၊ ကိလေသာကိုပယ်သတ် နိုင်သောဉာဏ် ဖြင့် အားထုတ်ကာ နိဗ္ဗာန်သို့ မျက်
မှောက်ပြု ရေးဆောင်ရွက်ကြရန် တိုႛကို "ဓမ္မကထိက သုတ္တန်" ကို ကိုးကားလျက်
ဟောကြားထားသည်။ တရားနာပါ # http://goo.gl/VEGwR
ဆွမ်းကျိုးတုံ့ ပြန် မြတ်မွေခံတရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)
[ခုနှစ်မရှိ]
တရားအားထုတ်ရာတွင် ကံ၊ ၀ီရိယ နှင့် ဉာဏ်တိုႛကို အညီအမျှထားကြရန် လမ်းညွှန်
ထားပြီး၊ အပါယ်လေးပါးကိုရှင်းလင်းပြဆိုထားသည်။ အလှူရှင်များ၏ ချွေးနှဲစာဖြင့်
လောင်းလှူထားသော ဆွမ်းအကျိုးကို တုံႛပြန်သည့် အနေဖြင့် သတိပဋ္ဌာန်တရားကို
ကြိုးကုတ် အားထုတ်ကြရန်ကိုလည်း ရဟန်းသံဃာတော်တို့ အားတိုက်တွန်းဟော
ကြားထားသည်။ ဥပမာပြမှာ "မဟာမိတ္တရဟန်း" ဇာတ်ကြောင်း ဖြစ်သည်။ 
တရားနာပါ # http://goo.gl/H7iIT
တန်ဖိုးသိမှတန်ဖိုးရှိမယ် / ဒေါက်တာ အရှင်ဆေကိန္ဒ (ဓမ္မဒူတ) မှော်ဘီ၊ Jul 4, 2004.
သဒ္ဓါသည်ကုသိုလ်၊ သီရိသည်ဥစ္စာပစ္စည်း မည်သို့ စုဆောင်းကြပုံသဒ္ဓါကိုဉာဏ်နှင့် 
ယှဉ်တွဲကြရန်၊ သဒ္ဓါနှင့်သီရိကိုတားဆီးတတ်သည့် လောဘသည် ပယ်သတ်ရန် 
အခက်ခဲဆုံးဖြစ်ကြောင်း စသည်တိုႛကိုဟောကြားထားသည်။ တရားနာပါ
ဗုဒ္ဓ အလိုကျ ဒါနပြုနည်း / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
ဒါနပြု ခြင်း၏ အဓိကရည်ရွယ်ချက်၊ သပ္ပုရိသဒါန၏ အင်္ဂါ ငါးချက်နှင့် အကျိုးကျေးဇူး 
စသည်တိုႛကို ဥပမာ အမျိုးမျိုး တို့ ဖြင့် ဟောကြားထားသည်။ တရားနာပါ
ဘ၀နိဂုံးသေဆုံးခြင်းကြောင်း / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) 
ရန်ကုန်၊ Mar 29, 2009.
သတ္တ၀ါတို့ ၏ခရီးလမ်းဆုံး_သေဆုံးခြင်း။ သေဆုံးခြင်း၏ အကြောင်းရင်းလေးချက်_
၁။ သက်တမ်းကုန်ဆုံးခြင်း၊ ၂။ ကံကုန်ဆုံးခြင်း၊ ၃။ သက်တမ်းနှင့်ကံနှစ်မျိုးစလုံးကုန်
ဆုံးခြင်းနှင့် ၄။ ကံဆိုးဖြတ်ချွေရုတ်တရက်သေဆုံးခြင်းကို လူနှင့်နတ်တိုႛ ရုတ်တရက် 
သေဆုံးရသော ဇာတ်ကြောင်းများဖြင့်၎င်း၊ သေခြင်းကိုမည်သို့ မျှလွန်ဆန်နိုင်ခြင်း 
မရှိကြောင်းကို အမြဲမပြတ် စဉ်းစားကြရန်တိုက်တွန်းချက်၊ မြတ်စွာဘုရားနှင့်ယက္ကန်း 
သည်မလေးတို့ ၏ အပြန်အလှန် ဆိုစကား၊ သေဆုံးသည်ကို အသေအချာဖေါ်ပြ
သည့် အင်္ဂါသုံးရပ်စသည်ဖြင့် ပြည့်စုံစွာဟောကြားထားသည်။ တရားနာပါ
ရုပ်နာမ်နှစ်ခုကို ဉာဏ်တစ်ခုနဲ့ ကြည့် အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
အရှင်သာရိပုတ္တရာ ညွှန်းဆိုတော်မူသော ၀ိပဿနာ။ ရုပ်နာမ်တိုႛကို ဉာဏ်ဖြင့် ရှု
ကြည့်ခြင်းတိုႛကိုဟောကြားထားပြီး၊ ၀ိပဿနာတရားအားထုတ်ကာ မိမိကိုယ်တိုင် ခန္ဓာကအမှန်အတိုင်းဖေါ်ပြသည်ကို သိရှိအောင်ပြုလုပ်ကြရန်ကိုလည်း နှိုးဆော်
ဟောကြားထားသည်။ တရားနာပါ # http://goo.gl/mGphZ
ဝစီဗေဒထိတိုင်းရှ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မရှိ]
မိုးခေါင်ခြင်း အကြောင်းရင်းငါးမျိုး၊ စရဏဂမန၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ "ဆတ္တာလုင်
ဇာတ်ကြောင်း ဥပမာဖြင့် သရဏဂုံ သုံးပါးက အပါယ်ကျခြင်းမှ ကယ်တင်ပုံ၊ ရှစ်ပါး သီလဆောက်တည်ခြင်းနှင့် ရတနသုတ္တန် စသည်တို့ ကိုဟောကြားထားသည်။ ထို့ 
အပြင်၊ ဝစီကံစောင့်ထိန်းရန်အရေးကြီးပုံ ကိုလည်း "သုပ္ပဗုဒ္ဓ နူနာသည်" ဇာတ်
ကြောင်းကို ကိုးကားလျက် ဟောကြားထားသည်။ တရားနာပါ
သတ္တဝါတို့ ၏ (၃၁)ဘုံအကြောင်း / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU)  
ရန်ကုန်၊ Mar 28, 2009.
သတ္တဝါတို့ နေထိုင်ရာ (၃၁)ဘုံအကြောင်းရှင်းလင်း ဖေါ်ပြချက်၊ မိမိတို့ ပြုခဲ့ကြသော ကံအကြောင်းတရားအလိုက် သတ္တဝါတို့ သေဆုံးပြီးနောက် ရောက်ရှိကြရသည့်ခရီး
လမ်းဆုံး နေရာဌာန ငါးခုတို့ အကြောင်း၊ ဘုရားဂုဏ်တော်၊ ယမမင်းနှင့် ၄င်း၏ စစ်
ဆေးမေးမြန်းခြင်း စသည်ဖြင့် စုံလင်စွာဟောကြားထားသည်။ တရားနာပါ
သိမ်မွေ့ သည့်ရုပ်နာမ်ကို သူစိမ်းပြင်ပြင် ထားပြီး ရှုရမည် / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
အလွန်သိမ်မွေ့ နက်နဲသောရုပ်နာမ်တို့ ၏ဖြစ်ခြင်း ပျက်ခြင်းသဘောတရားကို ဉာဏ်
ဖြင့်သာသိရှိနိုင်ပုံ၊ ဒိဋ္ဌိပယ်သတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြု နိုင်ရေးအတွက် ရုပ်
နှင့် နာမ်တို့ ၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို သူစိမ်းပြင်ပြင်ထား၍ ရှုမှတ်ရန်နည်းလမ်းညွှန်
ပြချက်စသည်များ ပါရှိသည်။ တရားနာပါ # http://goo.gl/6aOTv
သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ အန္တရာဘဒိဋ္ဌိ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ 
ဆရာတော်) ရန်ကုန်၊ Mar 19, 2004.
ဒိဋ္ဌိ၏ ဆိုလိုရင်းနှင့်အတူ သဿတ ဒိဋ္ဌိ၊ ဥစ္ဆေဒ ဒိဋ္ဌိ နှင့် အန္တရာဘဝ ဒိဋ္ဌိ တိုႛကို
သေချာစွာ ရှင်းလင်းဖေါ်ပြဟောကြားထားသည်။ တရားနာပါ # 

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment