Saturday, April 30, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၃)



စိတ်(၁၄)မျိုး ရှုပွါးနည်း အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ရှုပွားရမည့် စိတ်(၁၄) မျိုး_ အတွင်းဧည့်သည် ၆ ယောက်၊ အပြင်ဧည့်သည် ၆ယောက်
နှင့် အိမ်ရှင်၂ဦး။ ယင်း စိတ်တို့ ကိုသမာဓိနှင့် ဥာဏ်တို့ ကို အသုံးပြုကာ စောင့်၍ ကြည့် 
ရှုခြင်း တည်းဟူသော စိတ္တာနုပဿနာ ကျင့်စဉ်နှင့်တကွ ဒိဋ္ဌိ ဖြုတ်ရန်လိုအပ်ကြောင်းကို 
ပါဟောကြား ထားသည်။ တရားနာပါ # http://bit.ly/i8uCIB
စိတ္တာနုပဿနာ ရှုပွါးနည်း အလုပ်ပေးတရား() / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ပညာဖြင့် ခန္ဓာကို ဂရုပြု ရှုကြည့်ခြင်း၊ မိမိနှင့်သင့်လျော်သော သတိပဋ္ဌာန်ကိုကျင့်ကြံ 
အားထုတ် ကြရန် နှင့် စိတ္တာနုပဿနာတို့ ကို ရှင်းလင်းဟောကြားထားသည်။  
တရားနာပါ # http://bit.ly/eCyksX
စိတ်မနာပါစေနှင့် / ဒေါက်တာအရှင် ပညိဿရ) (ဓမ္မဒူတ) ပဲခူး၊ Aug 6, 2006.
ခန္ဓာသည်မည်သို့ ထာဝစဉ် နာမကျန်းဖြစ်နေပုံ။ ခန္ဓာ၏နာမကျန်းမှုသုံးမျိုး (အိုခြင်း၊ရော ဂါဖြစ် ခြင်း နှင့် သေဆုံးခြင်း)၊ ရောဂါနှင့် ဝေဒနာတို့ ၏ကွာခြားချက်။ ခန္ဓာ၏ အဆိုး 
ဝါးဆုံး ရောဂါ။ စိတ်မနာစေရန် ကျင့်စဉ် စသည်တို့ ကို စုံလင်စွာ ဟောကြားထားသည်။ 
တရားနာပါ # http://bit.ly/eMSNuv
ဘယ်သူတို့ က ကိုယ်စောင့်ကြပ် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
မိမိကိုယ်မိမိ စောင့်ကြပ်သူနှင့် မစောင့်ကြပ်သူ၊ ပသေနဒီကောသလမင်းကြီး၏ ပြဿနာ 
နှင့်အဖြေ၊ ၄င်းအတွက် မြတ်စွာဘုရား၏အဆုံးအဖြတ်။ တိဟိတ်နှင့် ဒွိဟိတ်ခြားနားချက် 
ဟူသော သိအပ်ဖွယ်ရာများကို ဟောကြားထားသည်။ တရားနာပါ # http://bit.ly/hEeV2a
ရှိဖို့ မလှူ သိဖို့ လှူ / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ Aug 7, 2006.
ဒါနနှင့်စပ်လျဉ်း၍_ ရည်ရွယ်ချက်၊ ပြု နိုင်ခဲကြောင်း၊ ဆုတောင်းအမျိုးမျိုးနှင့်အကျိုးကျေး ဇူးများ၊ ပြုသင့်သောအကောင်းဆုံးဆုတောင်းတို့ ကို ဇောတိကလောင်းနှင့် အစ်ကို
ဖြစ်သူ၊ အစမ္မ သူ ဆင်းရဲစသူတို့ ၏ ဇာတ်ကြောင်းများဖြင့် တန်ဆာဆင် ဟောကြား 
ထားသည်။ တရားနာပါ # http://bit.ly/eCQhON
သင့်လျော်သောအခါ တရားဆွေးနွေးတာ မင်္ဂလာ / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ 
ဆရာတော်) ရန်ကုန်၊ ၁၃၆၆။
တရားဆွေးနွေးရန် သင့်လျော်သောအချိန်အခါ နှင့်ပုဂ္ဂိုလ်၊ဆွေးနွေးခြင်းအမျိုးအစား နှင့်
ဆွေးနွေးပုံတို့ ကို ဟောကြားထားသည်။ ထို့ ပြင်၊ သီလချိုးဖေါက်ခြင်းအမျိုးမျိုး၊ နာမ 
ရူပပရိစ္ဆေဒဥာဏ်ဖြင့် ဒိဋ္ဌိဖြုတ်ခြင်း၊ ပစ္စယပရိဂ္ဂဟဥာဏ်နှင့်သမ္မသနဥာဏ် တရားဟော
ခြင်း အဓိပ္ပါယ်နှင့် အကျိုး တို့ ကိုလည်းဟောကြားထားသည်။ တရားနာပါ #
ဟဒယရှုကွက် () / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦး ဆရာတော်) ရန်ကုန်၊ Dec 5, 2007.
ပညာရှိသူနှင့် ပညာမဲ့သူတို့ ၏ နှိုင်းယှဉ်ချက်၊ တရားတက်စေသည့် အကြောင်းလေး 
ချက်နှင့် ဣနြေ္ဒ ၆ ပါးတို့ ကိုထိန်းချုပ်ပုံများကို ရှင်းလင်းဟောကြားထားသည်။  
တရားနာပါ # http://bit.ly/hPmh1B
ဟဒယရှုကွက် () / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦး ဆရာတော်) ရန်ကုန်၊ Dec 6, 2007.
နှလုံးသွင်းမှန်ရန်ကို ကောသလမင်းကြီးနှင့် မလ္လိကာမိဖုရား၊ စူဠ လောဟိတနှင့် မဟာ
လောဟိတ ၀က်ညီနောင် စသည့် ဇာတ်ကြောင်းတို့ ဖြင့် ၄င်း၊၀ိပဿနာကျင့်စဉ်ကို၎င်း
ဟောကြားထားသည်။ တရားနာပါ # http://bit.ly/fCKAfm
အတူမရှိလေးပါး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။
ဘ၀ပေါင်းငါးရာဆက်တိုက် မြွေ၊ တီကောင်း၊ မျောက်၊ နက္ခတ်ဆရာနှင့် မန္တန်ရွတ်ဖတ်သူ 
စ သည်ဖြစ်ခဲ့ကြသော တရားနာ ငါးဦးကို အကြောင်းပြု၍ မြတ်စွာဘုရားရှင် ဟောကြား
တော် မူခဲ့သော တရားတော်ကို ကိုးကားလျက် အတူမရှိသော ကိလေသာလေးပါး 
(ရာဂ၊ ဒေါသ၊ မောဟနှင့် တဏှာ)တို့ ကိုရှင်းလင်းဟောကြားထားသည်။ တရားနာပါ #
အနှစ်သုံးပါးတရားတော် / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ Dec 31, 
2002.
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ၊ ကိုယ်ခန္ဓာနှင့် အသက်တို့ မှ ဒါန၊ သီလနှင့် ဘာဝနာ 
အနှစ် သာရတို့ ကို ထုတ်ယူကြရန် တိုက်တွန်းဟောကြားထားသည်။ ထို့ အတူ၊ ဒါန၊ 
သီလနှင့် ၀ိပဿနာ တို့ ၏အကျိုး၊ သဒ္ဓါ၏ အဓိပ္ပါယ်၊ အထွေထွေ အသေးစိပ် ရှုမှတ်ပုံ တို့ ကိုလည်း ဟောကြားထားသေးသည်။ တရားနာပါ # http://bit.ly/f376Pc

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment