Saturday, February 4, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၃)


ကိုယ့်ဘက်သာ ကိုယ်ဆွဲသည် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
လူတစ်ဦး နှင့် တစ်ဦး ကောင်းမှု ဖြစ်စေ မကောင်းမှု ဖြစ်စေ
ပြုလုပ်ရန် ဆွဲဆောင်ကြပုံ၊ ပုည န္တရာယ်
နှင့် ဓမ္မ န္တရာယ်တို့၏ အဓိပ္ပါယ်နှင့် အကျိုးဆက်တို့ကို ဟောကြားထား ပြီး၊ အသက် အရွယ်တိုင်းတွင်တရားအားထုတ်ကြရန်ကိုလည်းတိုက်တွန်း
ဟောကြားထားသည်။ တရားနာပါ။
ကျေးဇူးရှင်မြတ် ကျေးဇူးဆပ် / ဘဒ္ဒန္ဘဇနိတာလင်္ကာရ၊ ရန်ကုန်၊ ဩဂုတ် ၄၊ ၂ဝဝ၇။
တရားအားထုတ်ခြင်းဖြင့် မြတ်စွာဘုရားအား ကျေးဇူးဆပ်ကြရန် တိုက်တွန်း ဟောကြားထားသည်။ ထို့ ပြင်၊ ဒုလ္လဘတရားငါးပါး၊ အားနည်းသော ဝိပဿနာ နှင့် အားကြီးသော ဝိပဿနာ၊ သင့်
လျော်သည့် ဝိပဿနာကို ရွေးချယ်ခြင်း နှင့် ကာယာနုပဿနာ သတိပဋ္ဌာန်ကို ထွက်လေ ဝင်လေ ရှုမှတ်နည်း ဖြင့် အားထုတ်
ခြင်းများကိုလည်း ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
ခန္ဓာ ပဋိစ္စသမုပ္ပါဒ် လက်တွေ့ ဝိပဿနာ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဩဂုတ် ၁၄၊ ၁၉၅၈။
ပဋိစ္စသမုပ္ပါဒ် ပြောင်း ပြန်အစဉ်နည်း (ပဋိ လောမနည်း) ဖြင့် သမုဒယသစ္စာသည် ဒုက္ခ ဖြစ်ကြောင်း ဖြစ်ပုံကို သက်သေပြ
ဟောကြားထားပြီး လက်တွေ့ ဝိပဿနာ ကျင့်စဉ်ကိုလည်း
ဖေါ်ပြထားသည်။
တရားနာပါ။
တရားနာကျင့်ရန် ရည်ရွယ်မှန် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။
သစ္စာတရားလေးပါး တစ်ပါးစီသည် မည်သည်အတွက်ဖြစ်
ကြောင်း၊ တရားအားထုတ်ခြင်းနှင့် တရားနာခြင်း၏ မှန်ကန်
သော ရည်ရွယ်ချက်နှင့် မှားယွင်းသည့် ရည်ရွယ်ချက်အစ ရှိသည့် တရားများကို ရှင်းလင်း ဟောကြားထားသည်။
တရားနာပါ။
ထင်တိုင်း မကြဲ နှင့် / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ မေ ၂၇၊ ၂ဝဝ၁။
ဧကပုဂ္ဂလသုတ္တန်ကို ကိုးကားလျက်၊ မိစ္ဆာဒိဋ္ဌိ နှင့် သမ္မာဒိဋ္ဌိ ပုဂ္ဂိုလ်တို့ကို နှိုင်းယှဉ်ဟောကြားထားသည်။ တရားနာပါ။
ဓမ္မာ နုပဿနာ အလုပ်ပေး တရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ၊ [ခုနှစ်မရှိ]
ဓမ္မာနုပဿနာ လက်တွေ့ ကျင့်စဉ်ကို ညွှန်ပြဟောကြားထား
သည်။
တရားနာပါ။
ဘဝ နေမဝင်မီ / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင် ဆရာတော်) ဇွန် ၁၃၊ ၁၉၉၇။
တဏှာ နှင့် ဥပါဒါန်၊ မေ့လျော့မှု နှင့် သတိရှိ ခြင်း စသော တရားများကို ပေါ်လွင်ထင်ရှားစေရန် ရှင်းလင်း ဟောကြား
ထား၏။
တရားနာပါ။
မသေမချင်း အလုပ်ပေး/ ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) မှော်ဘီ၊
အောက်တိုဘာ ၂၄၊ ၂ဝဝ၂။
အာသဝေါတရား လေးပါး နှင့် ယင်းတို့ကို ပယ်သတ်ပုံ နှင့်
အတူ၊ တရားအားထုတ်သူများ စဉ်းစားရမည့် အချက်များကို လည်း
ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
သုံးတော့သုံး မစွဲစေနဲ့ / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင် ဆရာတော်) ဇွန် ၁၄၊ ၁၉၉၇။
ဒေဒူတသုတ္တန် အကိုးအကားဖြင့် ကလေး၊ သူအို၊ သူနာ၊ သူသေ နှင့် ပါးကွက်သားစသော နတ်တမာန်ငါးဦးနှင့်တကွ
မြတ်
စွာဘုရား၏အဆုံးအမများကို ပြည့်စုံစွာရှင်းပြဟောကြား
ထားသည်။
တရားနာပါ။
အဓိပတိ သုံးပါးထား၍ အားထုတ်ရန်နှင့် ဝေဒနာနှင့် တဏှာကြား နိဗ္ဗာန် ရှာပုံ / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဩဂုတ် ၁၃၊ ၁၉၅၈။
မဂ်ဉာဏ်ရရှိရန် အဓိပတိထားကာ ရှုပွါးနည်းနှင့်အတူ နိဗ္ဗာန်ကို ရှာရမည့် နေရာနှင့် ရှာဖွေပုံတို့ကို ညွှန် ပြထားသည်။ ထို့ ပြင်၊ ဝိပဿနာ အားထုတ်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ဟော
ကြားထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment