Saturday, February 11, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၄)


ကာလ၏ စားဖတ် ဝါးဖတ် မဖြစ်စေရေး တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဩဂုတ်၂၄၊ ၁၉၅၈။
သတ္တဝါ အားလုံးတို့ကို ဖျက်ဆီးတတ်သော ကြောက်စရာ
အကောင်း
ဆုံးရန်သူ_အချိန်ကာလ၊ သက်ရှိ အများတို့သည် အချိန်ကာလ၏ သားကောင်များ ဖြစ်ကြရပုံ၊ အချိန်ကာလ၏ ဖျက်ဆီးခြင်းမှ လွတ်မြောက်နိုင်သော နည်းလမ်း၊ အချိန်ကာလ
၏ လွှမ်းမိုးမှုမပါသည့် တစ်ခုတည်းသော ချမ်းသာအစစ်အမှန်
_ နိဗ္ဗာန်စသည်တို့ကို ရှင်းလင်း
ဟောကြားထားသည်။ တရားနာပါ။
တဏှာထက် ဒိဋ္ဌိက ပိုကြောက်ဖို့ကောင်းပုံ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၈၊ ၂ဝဝ၆။
လောကုတ္တရာ နှင့် လောကီစသော နယ်မြေနှစ်ခု၊ သက္ကာယ ဒိဋ္ဌိကို ဦးစွာပယ်သတ်ရခြင်း အကြောင်း၊ သံဝေဂရစေသည့် အချက်များ (ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း နှင့် အပါယ်လေးပါး) တို့ကို ဟောကြားထားသည်။ ထို့ပြင်၊ မငြိမ်း ချမ်းသော နယ်မြေများဖြစ်သည့် တဏှာ၊ သဒ္ဓါ၊ သံဝေဂ နှင့် သမာဓိနယ်မြေများမှ ထွက်ခွါကာ ငြိမ်းအေးရာပညာနယ်မြေ
ဖြစ်သော နိဗ္ဗာန်သို့
လှမ်းဝင်နိုင်စေရန်ကြိုးစားကြရန်အကြောင်း ရှင်းလင်းတိုက်တွန်း ထားသည်။  တရားနာပါ။
ဓမ္မပါလ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မရှိ]
"ဓမ္မပါလ" ဇာတ်တော်ကို ကိုးကားလျက်၊ တမလွန်ဘ၀အတွက် တစ်ခုတည်းသော အားကိုးရာဖြစ်သည့် ကိုယ်ပိုင်ဥစ္စာဖြစ်သော ဒါန၊ သီလနှင့် ဘာဝနာကုသိုလ်များ အကြောင်းကို ရှင်းလင်း
ဟောကြားထားသည်။ 
တရားနာပါ။
ဓမ္မဗိမာန် တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မရှိ]
ဓမ္မအရသာ၊ ခန္ဓာကို ရှုကြည့်ခြင်း၊ မြတ်စွာဘုရား ကျင့်ကြံ အားထုတ်တော်မူသည့် ဗောဇ္ဈင်တရားတော်တို့ကို ပြည့်စုံစွာ ရှင်းလင်း ဟောကြားထားသည်။  တရားနာပါ။
မေတ္တာလွှမ်းခြုံ ဘေးရန်လုံ / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဩဂုတ် ၁၅၊ ၂ဝဝ၄။
ဘေးအန္တရာယ်များ၏ အရင်းခံ၊ မေတ္တာ၏ စွမ်းရည်၊ မေတ္တာ
စကား၊ မေတ္တသုတ္တန် အကိုးအကားဖြင့် သတ္တဝါအားလုံးအစု၊
နှစ်စုတွဲ၊ သုံးစုတွဲစသော မေတ္တာပို့နည်းအမျိုးမျိုး၊ ဖြတ်လမ်း
နည်းသုံး ဝိပဿနာ
ရှုခြင်းစသည်များ ပါရှိသည်။
တရားနာပါ။
သစ္စာသိပြီးမှ လှူပါ / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၂၄၊ ၂ဝဝ၆။
သစ္စာဉာဏ်ဖြင့် အလှူဒါန ပြုလုပ်ကြရန် ရှင်းပြ လမ်းညွှန်
ဟောကြားထားသည်။ 
တရားနာပါ။
သမ္မသနသုတ် အငတ်နာဘေး တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဩဂုတ် ၂၂၊ ၁၉၅၈။
ခန္ဓာ ရရှိစေသည့်လက်သည် နှင့် ဖြည့်ဆည်း၍ မပြည့်နိုင်သော အငတ်နာ_လောဘတဏှာ၊ တဏှာဖြစ်ကြောင်း နှင့် အကျိုး၊ တဏှာပယ်သတ်နည်း နှင့် နိဗ္ဗာန် မျက်မှောက်ပြုရေးတို့ကို ရှင်းလင်းနားလည်ကြစေရန် သေချာပေါ်လွင်စွာ ဟောကြား
ထားသည်။ 
တရားနာပါ။

အမှန်တရား လူ့စွမ်းအား / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဇူလိုင် ၂၃၊ ၁၉၉၈။
လူတို့ ၏ စွမ်းအား_အမှန်တရား၊ သစ္စာလေးပါး တရား၏ ရှင်းလင်း ချက်၊ ဘဝ၏ ထွက်ပေါက် နိဗ္ဗာန်ကို ရောက်စေ
သောသီလ၊ သမာဓိ၊ ပညာ အစရှိသည်များကို စေ့ငစွာ ဟော
ကြားထားသည်။ 
တရားနာပါ။
အလှပိုမြင့် ပန်းသုံးပွင့် / အရှင် ဣန္ဒာစာရာဘိဝံသ။ သရက်ကုံး၊ ဧပြီ ၄၊ ၂ဝဝ၄။
ဥပုသ်၏ ဆိုလိုရင်းကို ဖွင့်ဆိုထားပြီး ဥပုသ်အမျိုးမျိုးကို ဖေါ်ပြ
ထားသည်။ ထို့အတူ၊ အို နာ သေ ခြင်း
တို့၏ နှိပ်စက်မှုကိုမခံရမီ တရားကိုသာ အားကိုးရာအဖြစ်ထားလျက် ဒါန၊ သီလ၊ ဘာဝနာ များ ပြုလုပ်ရန် "ပဋာစာရီ" ဇာတ်ကြောင်း ဥပမာ ပေးကာ အကြံပြုဟောကြားထားသည်။ တရားနာပါ။
သေတတ်တဲ့နည်းနဲ့ သေသွားတယ် / အရှင် ဣန္ဒာစာရာဘိဝံသ။ ၁၃၆၄။
မည်သူမျှ တားဆီး၍ မရသော တရားများ (အို နာ သေ ခြင်း
နှင့် ကံ၏ အကျိုး
)၊ မိတ်ဆွေကောင်း အမျိုးအစား၊ အကောင်း ဆုံးသေခြင်း၊ ကိလေသာကို တိုက်ခိုက်နိုင်သော လက်နက်_ သတိပဋ္ဌာန်ကို "ဖဂ္ဂုနရဟန်း" ဥပမာပြဖြင့် ဖေါ်ပြချက် အစ
ရှိသော တရားများပါဝင်သည်။
  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment