Saturday, February 25, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၆)


ကိုယ့်ကိုယ်ကို သိပါ / ဦးကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုန်း၊
အောက်တိုဘာ ၁၆၊ ၂ဝ၁ဝ။
တန်ဖိုးရှိသော  ဘဝကို ကြာရှည်စွာ  နေထိုင်နည်း၊   ဘုရား အဖြစ်ကို ရရှိရန် မြတ်ဗုဒ္ဓ မည်ကဲ့သို့ကြိုးပန်း အားထုတ်ခဲ့ရပုံ၊ စိတ်ကို ကိလေသာဖုံးလွှမ်းမှုမှ တားဆီးခြင်းတို့ကို ရှင်းလင်း
ဟောကြား
ထားပြီး၊ မိမိကိုယ်မိမိ စစ်ဆေးကာ မိမိပိုင်းခြားသိ သည်ကို အကျိုးရှိစွာ အသုံးပြုရန်ကိုလည်း တိုက်တွန်းဟော ကြားထားသည်။ တရားနာပါ။
တောရှင်းတရားတော် (-) / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမ ဂုဏ်ရည်) ရန်ကုန်၊ ဧပြီ ၁၊ ၂ဝဝ၆။
ကိလေသာကို ပယ်သတ်ရန် အဘယ်ကြောင့် လိုအပ်ကြောင်း၊ ကိလေသာ ဖယ်ထုတ်ရေးအတွက် မရှိမဖြစ်သော အချက်များ
နှင့် သင်္ကန်းဂုဏ်ရည်စသည့် တရားများကို ပြည့်စုံစွာဟောကြား ထား
သည်။  တရားနာပါ ()  တရားနာပါ ()
နောက်ဆုံးစကား (-) / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ဒီဇင်ဘာ ၃ဝ၊ ၂ဝဝ၆။
"ပရိနိဗ္ဗာနသုတ္တန်" ကိုးကားချက်ဖြင့်၊ မြတ်ဗုဒ္ဓ၏ နောက်ဆုံး
စကား၊ သတိပဋ္ဌာန် လေးပါးနှင့် အားထုတ်ပုံနှင့်အတူ ဝိပဿနာ အကျိုးများကို ဖေါ်ပြထားသည်။
တရားနာပါ () တရားနာပါ ()
မိဘထံမှ အကြွေး အရင်ပေးဖို့ ကြိုးစားပါ / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) ပျော်ဘွယ်၊ ၁၃၆၂။
မိဘကျေးဇူးနှင့် ပြန်လည်ပေးဆပ်ပုံ၊ မိဘမေတ္တာကို နားလည် သဘောပေါက်ခြင်း၊ မိဘကိုပြုစု စောင့်ရှောက်မှု မရှိသော သားသမီးများ အတွက် ဆိုးကျိုးများ စသည် တို့ကို  ဘုရား
အလောင်းတော် "ရွှေဟင်္သာမင်း" ဇာတ်ကြောင်းပြကာ ရှင်း လင်း ဟောကြားထားသည်။  တရားနာပါ။
ရွှေတစ်နေ့ ငွေတစ်နေ့ တရားတော် / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) ပဲခူး၊ ၁၃၆၉။
"ဥဒယဘဒ္ဒ" ဇာတ်တော်ကို ပမာပြုကာ၊ တန်ဖိုးမရှိသော ခန္ဓာမှ ကုသိုလ် အဆီအနှစ်ကို ထုတ်ယူ ကြရန် အကြံပေး  ရှင်းလင်း
ဟောကြားထားသည်။
  တရားနာပါ။
လက္ခဏာမြင်မှ အရူးပျောက်မယ် တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂၁၊ ၂ဝဝ၅။
အနိစ္စလက္ခဏာနှင့် အနတ္တလက္ခဏာ၊ ခန္ဓာငါးပါး ဥပမာများနှင့် အနတ္တဉာဏ် ရရှိနိုင်ရန်  ရုပ်နှင့် နာမ်ကို  ရှုမှတ်နည်း  စသည် တို့ကို ဟောကြားထားသည်။ တရားနာပါ။
သီလလုံခြုံရုံနှင့် မတင်းတိမ်ပါနဲ့ (သလ္လနှင့် အဘယဟော-သစ်တုံးဥပမာ) / ဦး ဝိမလ (မိုးကုတ် ဆရာတော်) စက်တင်ဘာ ၁၊ ၁၉၅၈။
သစ်တုံးကို ဥပမာပေးကာ နိဗ္ဗာန်ကို မျက်မှောက် ပြုရေးအတွက် သီလ လုံခြုံရုံမျှနှင့် မလုံလောက်သေးကြောင်းကို ဖေါ်ပြထား
သည်။ ထို့ ပြင်၊ နိဗ္ဗာန်ကို ရရှိရန် သမာဓိနှင့် ပညာကို ယှဉ်တွဲရန် အရေးကြီးကြောင်းနှင့် သင်္ခါရဒုက္ခနှင့်  အသင်္ခတသုခ တို့ကို
လည်းဟောကြားထားသည်။  တရားနာပါ။
အရူးပျောက်ဖို့ဆိုတာ ဘာဝနာ (၄၀) တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂ဝ၊ ၂ဝဝ၅။  
သန္တတိ နှင့် သဏ္ဌာန ပညတ်တို့၏ အဓိပ္ပါယ်၊ ပုထုဇဉ်တို့တွင် ကိန်းအောင်းလျက်ရှိသည့် ၀ိပ္ပလ္လာသ တစ်ဆယ့်နှစ်ပါး၊ ရုပ် နာမ်တို့၏ ဖြစ်ပျက်ကို  ပိုင်းခြား၍ သိသော  အနိစ္စ  ဉာဏ်၊ စားသောက်နေစဉ်တွင် ရှုမှတ်နည်း နှင့် သောတာပန်နှင့် ရဟန္တာတို့၏ ကွာခြားချက် စသော  တရားများ ပါရှိသည်။ တရားနာပါ။
အသိပညာနှင့် အတတ်ပညာ / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) ရန်ကုန်၊ ဩဂုတ် ၂၅၊ ၂ဝ၁ဝ။
အသိပညာနှင့် အတတ်ပညာတို့အကြောင်းကို သေချာစွာရှင်း
ပြထားပြီး၊ ဂုဏ်သိက္ခာရှိစွာဖြင့် မည်
ကဲ့သို့ နေထိုင်ရမည်ကို ညွှန်ပြထားသည်။ တရားနာပါ။
အင်္ဂါလေးပါးပြည့်စုံလျှင် ဒုတိယဘဝမှာ ကိစ္စပြီးပုံတရားတော် (သော တာနုဂတသုတ်) / ဦး ဝိမလ (မိုးကုတ်ဆရာတော်) စက်တင်ဘာ ၂၊ ၁၉၅၈။
တရားရရှိရန် လိုအပ်သော အချက်များကို ရှင်းပြထားပြီး၊ ဒုတိ ယ ဘ၀၌ တရားရရှိမည့် ပုဂ္ဂိုလ် အမျိုး အစားများကိုလည်း "သောတာနုဂတ" သုတ္တန်ကို ကိုးကားလျက် ဟောကြားထား သည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment