Saturday, February 18, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၅)


ကံနှင့်လူသား / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၈။
"ကမ္မဝိင်္ဘဂသုတ္တန်" ကို အခြေခံကာ၊ သတ္တဝါတို့၏ ဘဝကို စီမံ လျက်ရှိသော ကံသည်သာ ကိုယ်ပိုင် ဥစ္စာ ဖြစ်ပုံ၊ လောကီ နှင့်
လောကုတ္တရာ အတွက် ကံ၊ ဝီရိယနှင့် ပညာတို့အရေးပါမှု၊ မိမိ ကိုယ်မိမိ ပြုပြင်ခြင်းနှင့် တဏှာ၊ မာန နှင့် ဒိဋ္ဌိတို့ကို
ဖယ်ရှားခြင်း များကိုဖေါ်ပြထားသည်။  တရားနာပါ။
တရားရတော့ တရားနှင့်ပျော် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၈။
စုပေါင်းကုသိုလ် ပြုခြင်း၊ အားထားရသော ရတနာသုံးပါး၊ တရား
နှင့် ပျော်မွေ့ ခြင်း၊ ဓါတ်ခံ၊ လက်တွေ့ ဝိပဿနာကျင့်စဉ်စသည် တို့ကို
"မဟာကပ္ပိနရဟန်း"ဝတ္ထုကို ညွှန်းဆိုလျက် ဟောကြား
ထားသည်။
တရားနာပါ။
တောဒေယျပုဏ္ဏားဝတ္ထု / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁၂၊ ၂ဝဝ၅။
ရခဲလှစွာသော ဒုလ္လဘတရားငါးပါးတို့ ကို ဖေါ် ပြထားပြီး၊ ယင်း အခွင့်အခါကို ရရှိ နေခိုက် ယခုအခါဝယ် ဒါန၊ သီလနှင့် ဝိပဿ နာအမှုတို့ကို ပြုလုပ်ကြရန်"တောဒေယျပုဏ္ဏား"ဇာတ်ကြာင်း
ဥပမာဖြင့် တိုက်တွန်းဟောကြားထားသည်။ 
တရားနာပါ။
ဓမ္မအစဉ် လက်ငင်းဝင် တရားတော် / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီဆရာတော်) မိုးကုတ်၊ စက်တင်ဘာ ၁၂၊ ၂ဝဝ၄။
အနန္တရပစ္စည်း၊ သမနန္တရပစ္စည်း နှင့် ကုသိုလ်ကံ ဖြစ်စေ အကု သိုလ်ကံ ဖြစ်စေ ချက်ချင်းလက်ငင်း အကျိုး ပေးတတ်သည့် ဒိဋ္ဌဓမ္မကံတို့အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းဟောကြားထား သည်။ တရားနာပါ။
နိဗ္ဗာန်ကို ကန့်ကွက်တဲ့ တရားငါးမျိုး / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဩဂုတ် ၂၈၊ ၁၉၅၈။
"သုသိမရဟန်း" ဝတ္ထုကို ကိုးကားလျက်၊ နိဗ္ဗာန်ကို  ကန့်ကွက်
သည့် အနာဂတ် ဘေးငါးပါး နှင့် ယင်းဘေးတို့မှ အလျင်မြန်ဆုံး လွတ်မြောက်နိုင်သော နည်းလမ်းတို့ကို ရှင်းလင်းအောင်ဟော ကြားထားသည်။
တရားနာပါ။
ပညတ်နှင့် ပရမတ် တရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၂၊ ၂ဝဝ၄။
ပညတ်နှင့် ပရမတ်တို့ကို ရှင်းပြရာတွင်၊ ပညတ်နှင့် ပရမတ်တို့
၏ အဓိပ္ပါယ်၊ သင်္ခတနှင့် အသင်္ခတပရမတ် ခန္ဓာအကျယ် ငါးပါး
နှင့် အကျဉ်း နှစ်ပါး၊ ပညတ်အမျိုးအစားများ၊ ပညတ်နှင့် ပရမတ် တို့ကို ယှဉ်တွဲကြရန် နှင့် အဆင့်မြင့် ဗုဒ္ဓဘာသာဝင် ဖြစ်စေရန် ရုပ်နှင့် နာမ်ကို ရှုမှတ်ကြရန် အကြံပေးချက် စသည်များ ပါရှိ သည်။ 
တရားနာပါ။
ပပဉ္စအလိုလိုက် သိပ်မိုက်တဲ့သား တရားတာ် / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီ ဆရာတော်) မိုးကုတ်၊ စက်တင်ဘာ ၁၃၊ ၂ဝဝ၄။
ပပဉ္စ တရားများ ဖြစ်သော တဏှာ၊ မာန၊ ဒိဋ္ဌိတို့ကို ပယ်နိုင်ရေး အတွက်၊ သဟဇာတ ပစ္စည်း နှင့် အညမည ပစ္စည်းတို့ကို ထင် ရှားအောင် ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ပုထုဇဉ် ပုဂ္ဂိုလ်တို့၏ တွေးလုံး / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဩဂုတ် ၂၆၊ ၁၉၅၈။
ပုထုဇဉ်တို့၏ အတွေးမှား၊ မြတ်ဘုရား မိန့်ကြားတော်မူသည့်
အတွေးအမှန်၊ ရှောင်တိမ်း၍ မရသော ဘေးသုံးမျိုး၊ ယင်းဘေး တို့
မှ မိဘနှင့် သားသမီး အချင်းချင်း လက်တွေ့ အားဖြင့် ကယ် တင်နေကြပုံ စသည့် တရားများကို ရှင်းလင်းဟောကြား ထား သည်။ တရားနာပါ။
လေးခုအလွှာ / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁၃၊ ၂ဝဝ၅။
သညာ ဖြင့်မှတ်သားကာ ဉာဏ် ဖြင့်ရှုမှတ်ရသော ဝိပဿနာ
အလုပ်၊ ဉာဏ်မျက်လုံး နှင့် ပကတိမျက်လုံးတို့၏ ခြားနားချက်၊ သိရှိခြင်းဖြင့် ဝီစိကိစ္ဆာ၊ သက္ကာယဒိဋ္ဌိ နှင့် သဿတဒိဋ္ဌိ တို့ကို ပယ်စေနိုင်သည့် အကြောင်းနှင့် အကျိုးအလွှာလေးခုကို မြတ်
စွာဘုရား အဘယ်ကြောင့် ဟောကြားတော်မူခဲ့ကြောင်း အစ ရှိသော တရားများပါရှိသည်။
တရားနာပါ။
သတိပဌာန်သုံးမျိုး နှင့် ဝိဇ္ဇာဉာဏ်ရှင်းဟောတရားတော် / ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄၊ ၂ဝဝ၄။
သတိပဋ္ဌာန်၊ သတိပဋ္ဌာန် ဘာဝနာ နှင့် သတိပဋ္ဌာန် ဘာဝနာ အဆုံးတို့ကို ကျင့်ကြံအားထုတ် ခြင်းဖြင့် ကံကို ဉာဏ် အဖြစ်
ပြောင်း
လဲအသုံးပြု ကြရန် လမ်းညွှန် ဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment