Saturday, January 28, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၂)


ခန္ဓာကိုယ် စေခိုင်း၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဩဂုတ် ၁၃၊ ၁၉၅၈။
ခန္ဓာသည် နိဗ္ဗာန်မျက်မှောက်ပြုရန် အကြောင်းရင်း တစ်ခုဖြစ် ပုံဖေါ်ပြချက်၊ သမထနှင့် ဝိပဿနာတို့၏ ခြားနားမှု၊ ပြောပြ
သမား
ရုပ်နှင့်နာမ်၊ နာယူသမား ဥာဏ် အကြောင်းများနှင့် အတူအမှန်ကို ပိုင်းခြားသိမြင်ရေးနည်းလမ်းကို ရှင်းလင်းဟော ကြားထားသည်။  တရားနာပါ။
ပမာဒနှင့် အပ္ပမာဒ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) စစ်ကိုင်း၊ ၁၃၆ဝ။
မေ့လျော့ခြင်း-ပမာဒတရားနှင့် သတိတရားရှိခြင်း-အပ္ပမာဒ တရားတို့ကို ရှင်းပြထားသည်။ ထို့ပြင်၊ နိဗ္ဗာန်ကို မျက်မှောက်
ပြုရန်
အပ္ပမာဒတရား အရေးပါပုံကိုလည်း ဟောကြားထား
သည်။
တရားနာပါ။
ပြတ်သားတဲ့ ဆုံးဖြတ်ချက် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၁၆၊ ၂ဝဝ၆။
လုပ်ကိုင်သမျှတွင် တိကျပြတ်သားမှုရှိကြရန် အကြံပြုထားပြီး၊ သာသနာနှင့် ကြုံရခိုက် တရားနာခြင်း၊ တရားနှလုံးသွင်းခြင်းနှင့် ကျင့်ကြံအားထုတ်ခြင်းများ ပြုလုပ်ကြရန်ကို"ဧကသာဓကပုဏ္ဏား" ဝတ္တုကို ဥပမာ ထားလျက် ညွှန်ပြဟောကြားထားသည်။ တရားနာပါ။
ဘုရားအရိပ် တရားအရိပ် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ နိုဝင်ဘာ ၂၉၊ ၂ဝဝ၅။
အရိပ်သုံးမျိုးနှင့် ယင်းတို့ အနက် အမြတ်ဆုံးဖြစ်သည့် တရား အရိပ်ကို ဖေါ်ပြရာတွင်"ရဇ္ဇုမာလ" ဇာတ်ကြောင်းကို ဥပမာ
ပေးကာ ရှင်းလင်းထားသည်။
တရားနာပါ။
မပြုမဖြစ် ပြုမှဖြစ် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၆၊ ၂ဝဝ၈။
ဓမ္မဟူသည်၊ တားဆီး၍လည်းမရ တမ်းတ၍လည်း မရနိုင်
သည့် အခက်အခဲများ၊ ခန္ဓာ၏ လုပ်ငန်းစဉ်၊ ဧကန်ပြုလုပ်ရ
မည့် အလုပ်
ဖြစ်သော ကုသိုလ်ကောင်းမှု အစရှိသည်တို့ကို ရှင်းလင်းဖေါ်ပြထားသည်။ တရားနာပါ။
ရှင်သာရိပုတ္တရာ မထေရ်မြတ်၏ နှမတော်တို့၏ ဓမ္မအမြင်များ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) စစ်ကိုင်း၊ ၁၃၆ဝ။
အရှင်သာရိပုတ္တရာမထေရ်မြတ်၏ နှမတော်များဖြစ်ကြသော ဘိက္ခူနီမ သုံးပါး၏ ဓမ္မ အမြင်များကို ဆာလာသုတ္တန်၊ ဥပ ဆာလာသုတ္တန်နှင့် သီသူပဆာလာသုတ္တန်တို့ကို ကိုးကား
လျက် ရှင်းလင်းဖေါ် ပြထားသည်။
တရားနာပါ။
လေးမျိုးတားမရ / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) [ခုနှစ်မရှိ]
မည်သို့သော ပုဂ္ဂိုလ်မျှ တားဆီးခြင်းငှါလည်းကောင်း၊ တောင့်
တခြင်းငှါလည်းကောင်း မတတ်နိုင်
သည့်ဘေးအန္တရာယ်များ
နှင့်
ယင်းတို့ကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများကို သေချာ
စွာ ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
အနာဂတ်ဘေးငါးဘေးနှင့်ပဋိစ္စသမုပ္ပါဒ် အနုလောမ နည်းရှင်းပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဩဂုတ် ၁၂၊ ၁၉၅၈။
ဝိပဿနာ အားမထုတ်သူတို့ စောင့်စားနေသော အနာဂတ်
ဘေးငါးမျိုး
(အိုဘေး၊ နာဘေး၊ ငတ်မွတ် ခေါင်းပါးခြင်းဘေး၊ သံဃာဂိုဏ်းကွဲသောဘေး၊ သူပုန်ထသောဘေး)၊ သစ္စာလေးပါး
ကိုမသိသော
အဝိဇ္ဇာ၊ ကုသိုလ်နှင့် အကုသိုလ်သင်္ခါရ၊ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်ဘဝ ပဋိစ္စသမုပ္ပါဒ်၊ တရား အားထုတ်သူ ရှုကြည့်ရမည့်အရာအစရှိသော တရားများကို ဟောကြားထား
သည်။
တရားနာပါ။
အဖော်ကောင်းရှိပါစေ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၅၊ ၂ဝဝ၈။
သံသရာ၏ လိုအပ်ချက် သုံးမျိုး၊ ပစ္စုပ္ပန်ဘဝ နှင့် သံသရာ၏ အဖေါ်များ၊ အမြတ်ဆုံးအဖေါ်_တရားတော် ဟူသော တရား
များကို
ပြည့်စုံစွာ ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
အမြတ်းဆုံးလေးပါး / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ ၁၃၆၅။
အမြတ်ဆုံးတရားလေးပါးဖြစ်သော_ကျန်းမာခြင်း၊တင်းတိမ်
ရောင့်ရဲခြင်း၊ ကျွမ်းဝင်သော ဆွေမျိုး
များ ရှိခြင်းနှင့် နိဗ္ဗာန် ရရှိခြင်း၏ ချမ်းသာမှုတို့ကို ရှင်းပြဟောကြားထားသည့်ပြင်၊ တရားရကြောင်း အင်္ဂါများနှင့် သောတာပန်ဖြစ်ရခြင်း အကျိုး များကိုလည်း ဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment