Saturday, January 7, 2012

ထေရဝါဒ ဓမ္မ အသံစု (၄၉)


ကာယာ နုပဿနာ သတိပဌာန် / ဦး ဃောသိတ၊ [ခုနှစ်မရှိ]
ခန္ဓာငါးပါး၊ သတိပဋ္ဌာန်၊ သင့်လျော်သော ကမ္မဋ္ဌာန်းရွေးချယ်
ခြင်းနှင့် ကာယာနုပဿနာကျင့်စဉ်တို့ကို
ပြည့်စုံစွာရှင်းလင်း
ဟော
ကြားထားသည်။ တရားနာပါ။
ကိုယ့်စိတ်ကိုယ်စစ် / အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ) [ခုနှစ်မရှိ]
စိတ်ကိုစစ်ဆေးရန် အရေးကြီးကြောင်းနှင့်တကွ မိမိ၏ စိတ်ကို မည်သို့ စစ်ဆေးရပုံတို့ကိုသေချာပြည့်စုံစွာ ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။
တစ်ယောက်တည်းနေတစ်စိတ်တည်းထား / အရှင် ဆန္ဒာဓိက (ရွှေပါရမီတောရ) ညောင်လေးပင်၊ ဒီဇင်ဘာ ၁၇၊ ၁၉၉၆။
မဂ်ဖိုလ်နိဗ္ဗာန် ရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ညွှန်ပြထားသည်။ ထို့ ပြင်၊ တရားအားထုတ်
နေစဉ်အတွင်း စကားပြောဆိုခြင်း၏ ဆိုးကျိုးများ၊ မိမိ၏
စိတ်ကို ၀ိပဿနာပွါးများ ခြင်းတွင်သာ တည်စေရခြင်း၏ ရည်ရွယ်ချက်များ၊ တရားအားထုတ်ခြင်းပြုသည့်အခါရွေး
ချယ်ရန် မလိုအပ်သော အခြေအနေများ
(အလုပ်၊ နေရာ၊ ဣရိယာပုထ်၊ အချိန်အခါ)ကိုလည်း ရှင်းလင်း ဟောကြား
ထားသည်။
တရားနာပါ။
ပါဝေယျကဆင် တိုက် ပွဲဝင်/ ဦး နရပတိ (ဖြူးဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၂၂၊ ၁၉၇၈။
တိုက်ဆင် "ပါဝေယျက" ၀တ္ထုကို ကိုးကားလျက် နိဗ္ဗာန် မျက်မှောက်ပြုရေးကို ဟန့်တားသည့် အတွင်း ရန်သူနှင့် အပြင်ရန်သူများကို အနိုင်ယူရန် လမ်းညွှန်ချက်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေးအတွက် ဒါန၊ သီလနှင့် ဘာဝနာတို့၏ အရေးပါမှု၊ သတိပဋ္ဌာန်အကျိုးတို့ နှင့်အတူ၊ စိတ်ကိုကိုယ်
ထက် ပိုမို စောင့်ရှောက်ရန် အရေးကြီး
ကြောင်းကို သေချာ
စွာရှင်းလင်းဟောကြား ထားသည်။
တရားနာပါ။
မှားသောအကျင့်နှင့် မှန်သောအကျင့် တရားတော် (၁) / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဩဂုတ် ၈၊ ၁၉၅၈။
မြတ်စွာဘုရားသည် ပဋိစ္စသမုပ္ပါဒ်ကို အဘယ်ကြောင့်ဖြတ်
ကြရန် အဆုံးအမပြုခဲ့ကြောင်း၊ နိဗ္ဗာန်ကို မျက်မှောက်ပြု
နိုင်ရေးအတွက် ဝိ
ပဿနာအားထုတ်နည်းမှန်_ ဝေဒနာနှင့် တဏှာအကြားတွင် ဖြစ်ပျက်ရှုခြင်းကို ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ။
မှားသောအကျင့်နှင့် မှန်သောအကျင့် တရားတော် (၂) / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဩဂုတ် ၉၊ ၁၉၅၈။
သံသရာဖြတ်ခြင်းနှင့် ဆက်ခြင်းအကျင့်များ၊ အိုခြင်းနှင့်သေ
 ခြင်း၏ အဓိကလက်သည်မှာ တေဇော
ဓါတ်ဖြစ်ပုံဖြစ်နည်း၊ ကံဆက်ခြင်းသည် ဇာတိအဆက်မပြတ်ဖြစ်စေပြီး သံသရာ ရှည်စေကြောင်းကို ထင်ရှားစွာသိမြင်နိုင်ရန် ပဋိစ္စသမုပ္ပါဒ်
ကို ပြောင်းပြန်သွားကာ ရှင်းလင်းပြဆိုချက်၊ အရှင်အာနန္ဒာ
အား မြတ်ဘုရားမှာကြားသော စကားများစသည်တို့ကို
ဖေါ်ပြဟောကြားထားသည်။ ထို့ ပြင်၊ အိုခြင်း နှင့်သေခြင်းကို ကိုယ်တွေ့ သိရှိနိုင်ရန် ၀ိပဿနာအားထုတ်ကြရန်ကိုလည်း တိုက်တွန်းထားသည်။
တရားနာပါ။
သုညတဆိုက်အောင်ရှုပါတရားတော် / ဦး ဃောသိတ၊ ရန်ကုန်၊ ဇွန် ၈၊ ၁၉၉၆။ 
သံဃိကအဆောက်အဦကို ဖျက်ဆီးခြင်း၏ ရလဒ်နှင့်တကွ အသေကင်းရန်အလို့ ငှါ ခန္ဓာငါးပါးကို သုညတဆိုက်သည်
အထိ ဖြစ်ပျက်ရှုကြရန်ကို
"မောဟရာဇ" ရဟန်း ဥပမာပြ
ဖြင့် ဟောကြားထားသည်။ 
တရားနာပါ။
အဖေါ်ကောင်းနှင့် ဆရာကောင်း (၁) / ဘဒ္ဒန္တ ဇာနေယျ (မြစိမ်းတောင် ဆရာတော်) ၁၃၆၄။
မိစ္ဆာဒိဋ္ဌိမဖြစ်စေဘဲ သမ္မာဒိဋ္ဌိဖြစ်အောင် ၀ိပဿနာအားထုတ် ကြရန် အကြံပေးဟောကြားထားသည်။ ထို့ အတူ၊ စိတ်ကို
ခြယ်လှယ်
တတ်သော ဥပါဒါန်၊ မဂ်သုံးမျိုးဖြစ်သည့် မူလ၊
ပုဗ္ဗနှင့် အရိယမဂ် စသည်
တို့ကိုလည်း ရှင်းပြထားသည်။ တရားနာပါ။
အဖေါ်ကောင်းနှင့် ဆရာကောင်း (၂) / ဘဒ္ဒန္တ ဇာနေယျ (မြစိမ်းတောင် ဆရာတော်) ၁၃၆၄။
အမျိုးမျိုးသော ပဋိသန္ဓေ၊ သေခြင်း၊ မရဏ၊ ကံ၏ အခြေ
အနေ နှင့် အချိန်အခါ၊ ပညတ်နှင့် ပရမတ်၊ ၀ိပဿနာ အား
ထုတ်ရာတွင် ဆ
ရာကောင်းနှင့် အဖော်ကောင်းရှိရန် အရေး ပါမှုစသည့် တရားများကို ရှင်းလင်းဖေါ်ပြထားသည်။ တရားနာပါ။
အရှေ့မှနေ၀န်းထွက်သည့်ပမာ / ဦး နရပတိ (ဖြူးဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၁၇၊ ၁၉၉၃။
သမ္မာဒိဋ္ဌိ အမျိုးအစားများ၊ သမ္မာဒိဋ္ဌိသည် သစ္စာသိမြင်ခြင်း
၏ ရှေ့ ပြေးဖြစ်ပုံ၊ အရိယသစ္စာ၊ ၀ီရိယဗိုလ်၊ ၀ီရိယအကျိုး၊ ၀ိပဿနာ အားထုတ်ခြင်းဟူသည်၊ လက္ခဏာရေးသုံးပါး
(အနိစ္စ၊ ဒုက္ခ၊ အနတ္တ)
နိဗ္ဗာန်၏ ငြိမ်းအေးခြင်း လက္ခဏာ စသည်ဖြင့် ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment