Saturday, January 14, 2012

ထေရဝါဒ ဓမ္မ အသံစု (၅ဝ)

ကံဖြူ ကံမည်း တရားတော် / ဘဒ္ဒန္တ ရာဇိန္ဒ (အောင်မင်္ဂလာဆရာတော်) [ခုနှစ်မရှိ]

ကံလေးမျိုး (အဖြူ၊ အမည်း၊ အဖြူအမည်းရော၊ အဖြူအမည်း မရော)၊ ကမ္မ၊ ဉာဏနှင့် ဈာနစသော တရားသုံးမျိုး၊ လူနှစ် မျိုးနှစ်စား စသည်တို့ကို ရှင်းလင်းဟောကြားထားသည်။ ထို့ အတူ၊ ကံထက် မိမိကျင့်ကြံအားထုတ်၍ ရရှိထားသော ဉာဏ်ကိုသာ အားကိုးကြရန်ကိုလည်း တိုက်တွန်းထားသည်။ တရားနာပါ။

ဒက္ခိဏဝိသုဒ္ဓိလေးပါး တရားတော် / ဒေါက်တာ အရှင် ဉာဏိဿရ (သီတဂူဆရာတော်) ရန်ကုန်၊ ဧပြီ ၂၉၊ ၁၉၇၈။

အလှူရှင်နှင့် အလှူခံပုဂ္ဂိုလ်တို့၏ စင်ကြယ်မှုအရ ဒါနအကျိုး ကွာခြားပုံကို သေချာစွာရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။

ဓမ္မဒါယဒသုတ် () / ဦး သောဘန (မဟာစည်ဆရာတော်) ၁၃၄ဝ။

ဓမ္မဒါယဒသုတ်ကို ကိုးကားလျက်၊ အမွေလေးမျိုး၊ ဆက်ခံသင့် ဆုံးသော လောကုတ္တရာဓမ္မအမွေကိုးထွေ၊ ဓမ္မအမွေအစစ်နှင့် အတုစသော တရားများကို ပြည့်စုံစွာရှင်းလင်းဟောကြားထား
သည်။
တရားနာပါ။

ဓမ္မဒါယဒသုတ် () / ဦး သောဘန (မဟာစည်ဆရာတော်) ၁၃၄ဝ။

အရိယာမဂ်ဖြစ်စေရန် ဝိပဿနာအားထုတ်ကြရေးအကြံပေး
ဟောကြားထားသည်။ ထို့ ပြင်၊ ဝိပဿနာအကျင့်အဆင့်များ၊ လုပ်သင့်သည့် ကိစ္စလေးရပ်၊ ယနေ့ ပင်လျှင် တရားအား ထုတ်ခြင်းကို အရေးတကြီးပြုလုပ်ကြရန် လိုအပ်ကြောင်း
တို့ကိုလည်း
မိန့် ကြားထားသည်။ တရားနာပါ။

ပဋိစ္စသမုပ္ပါဒ် အနုလောမ၊ ပဋိလောမ နည်းဖြင့် ဒုက္ခသစ္စာဆိုက်ပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဩဂုတ် ၁ဝ၊ ၁၉၅၈။


သံသရာရေပြင်ကျယ်၏ အင်္ဂါများ၊ခန္ဓာကို တေဇောနှိပ်စက်
နေပုံ၊ တဏှာကို လက်ခံထားခြင်းသည် ဒုက္ခကိုဆက်ခြင်း မည်ကြောင်း၊ တဏှာပယ်သတ်နည်း၊ အဘယ်ကြောင့် ဇာတိ ရရှိအောင် ဆုမတောင်း ရကြောင်းနှင့် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ဘ၀များကို
ဆက်သည့် ပဋိစ္စသမုပ္ပါဒ်စသည် တို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

ပန်းနှင့် အပြိုင် တရားထိုင် / အရှင် စန္ဒသီရိ (အောင်စင်္ကြာဆရာတော်) [ခုနှစ်မရှိ]

မိမိတို့၏ စိတ်တွင်ပေါ်ပေါက်လာသော ကိလေသာတို့ကို ဝိပဿနာအကျင့်ဖြင့် အပင်ရှိနွမ်းဟောင်း နေသော ပန်းများ ကို ချွေချပစ်သည့်အလား ဖယ်ရှားပစ်ရမည့်အကြောင်း လမ်း ညွှန်ဟောကြားထားသည်။ တရားနာပါ။

သောပါကသာမဏေ တရားတော် / ဒေါက်တာ အရှင် ဉာဏိဿရ (သီတဂူဆရာတော်) [ခုနှစ်မရှိ
သောပါကသာမဏေသည် မည်သို့ ရဟန်းနှင့် ရဟန္တာတစ် ပြိုင်နက် တည်း ဖြစ်ရပုံကို အသေးစိပ် ရှင်းလင်းဟောကြား
ထားသည်။
တရားနာပါ။

သင်္ခါရအဆုံးမှာ နိဗ္ဗာန်ရှိနိုင်ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဇူလိုင် ၁၁၊ ၁၉၅၈။

ဝိပဿနာ အားထုတ်သူများအတွက် နိဗ္ဗာန်သည် အနီးက
လေးတွင်ရှိနေပုံ၊ သင်္ခါရဒုက္ခ၊ အပါယ်မျိုးစေ့ ကုန်မည့် အချိန်၊ စိတ္တာနုပ
ဿနာနှင့် နိဗ္ဗာန်နှစ်မျိုးအစရှိသော တရားများပါဝင်
သည်။
တရားနာပါ။

အမှား ဒိဋ္ဌိနှင့် တဏှာပယ်သတ်နည်း / ဘဒ္ဒန္တ ရာဇိန္ဒ (အောင်မင်္ဂလာ ဆရာတော်) [ခုနှစ်မရှိ]

ဒိဋ္ဌိ၏အဓိပ္ပါယ်၊ မွေးဖွါးခြင်းနှင့် သေဆုံးခြင်း အဘယ်ကြောင့် အကြိမ်ကြိမ်အဖန်ဖန် ဆက်ခါဖြစ်ရသည့် အကြောင်း၊ ဥပါဒါန် (တဏှာနှင့် ဒိဋ္ဌိ) ကို သီလ၊ သမာဓိနှင့် ပညာတို့ဖြင့် ပယ်
သတ် ခြင်းနှင့် တရားအားထုတ်ရသည့် ရည်ရွယ်ချက်တို့ကို ရှင်းလင်းဖေါ်
ပြထားသည်။ တရားနာပါ။

အရှင် အာနန္ဒာ သောတာပန်တည်ခန်း / အရှင် စန္ဒသီရိ (အောင်စင်္ကြာ ဆရာတော်) သာကေတ၊ ဧပြီ ၁၃၊ ၂ဝဝ၈။

အပါယ်သည် သတ္တ၀ါတို့ ၏ ထာဝရနေအိမ်ဖြစ်ရပုံ အကြောင်း၊ ရုပ်ဖြစ်ကြောင်း တရားလေးပါး (ကံ၊ စိတ်၊ ဥတု၊ အာဟာရ) နှင့် တကွ၊ ဒိဋ္ဌိဖြုတ်နည်းကိုပါဟောကြားထားသည်။ တရားနာပါ။



Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment