Saturday, January 21, 2012

ထေရဝါဒ ဓမ္မ အသံစု (၅၁)


ကာလဒါနနှင့် ပကာသနဒါန / အရှင် ဇဝန (မေတ္တာရှင်) ၁၃၆၇။
မရောင့်ရဲတတ်သော အရာသုံးမျိုး (မီးဖိုကြီး၊ သမုဒ္ဒရာနှင့်
လောဘကြီးသူ
) လောဘ၏ ဆိုးကျိုးများနှင့် ပယ်သတ်ပုံ၊ ကာလ ဒါနနှင့် ပကာသန ဒါနတို့၏ ခြားနားချက်၊ ဒါနပြုရမည့် အချိန်ကာလနှင့် ဒါန၊ သီလ၊ ဘာဝနာပြုရခြင်း အကြောင်းရင်း စသည်တို့ကို ရှင်းပြဟောကြားထားသည်။  တရားနာပါ။
ကစ္စာနဇာတ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၉၊ ၂ဝဝ၆။
ဒုက္ခဖြစ်ကြောင်း အဝိဇ္ဇာနှင့်သခါင်္ရအကြောင်း၊ မပြောင်းလဲသော နိဗ္ဗာန်တရားတို့ကို ကစ္စာနဇာတ် ဥပမာဖြင့် ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
စိတ်ကို ထိန်းမှ ချမ်းသာရ တရားတော် (၂) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) အောက်တို ဘာ ၂၊ ၁၉၉၉။
မဂ္ဂင်ရှစ်ပါး၊ သစ္စာတရားအခြေခံ (သိ ပယ် ဆိုက် ပွါး)နှင့် သစ္စာ တရားကျင့်စဉ် (ပွါး သိ ပယ် ဆိုက်)၊ မဟာသတိပဋ္ဌာနသုတ္တန် အကျဉ်းတို့ကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
တဏှာထက် ဒိဋ္ဌိကပို၍ကြောက်စရာကောင်းပုံ တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ ဇန္နဝါရီ ၁ဝ၊ ၁၉၉ဝ။
ဒိဋ္ဌိသည် တဏှာထက် ပိုမိုကြောက်စရာကောင်းပုံကို ဟောကြား ထားပြီး၊ ရှင်ဆန္န(ဗုဒ္ဓ၏ဖွားဖက်တော်) ကို ဥပမာထားကာ ဒိဋ္ဌိ
ဖြုတ်နည်းများကိုလည်း ဖေါ်ပြထားသည်။  တရားနာပါ။
နားကတရားနာ ဉာဏ်ကခန္ဓာလှည့် သုသိမသုတ္တန် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ ဖေဖေါ်ဝါရီ ၂၊ ၁၉၉ဝ။
သုသိမသုတ္တန်ကို ကိုးကားလျက် နိဗ္ဗာန်ကို မျက်မှောက်ပြုရေး အတွက် ဝိပဿနာ မဂ်ဉာဏ် အရေးကြီးပုံကို ဟောကြားထား
သည်။ 
တရားနာပါ။
ပါရမီမထိုက်သော ဒါနနှင့် ပါရမီထိုက်သော ဒါန / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
ပါရမီထိုက်သော ဒါနနှင့် ပါရမီမထိုက်သော ဒါနတို့အကျိုးကျေး ဇူးချင်း ကွာခြားကြပုံနှင့် ဆုတောင်း မှန်စွာဖြင့် ပါရမီ ထိုက်သည့် ဒါန များပြုလုပ်ကြရန်ကို "မဟာသေနပုဏ္ဏားကြီး"၏ ဇာတ်
ကြောင်း ကို ဥပမာပြကာ ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
ယခုလုပ်ရမည့် အလုပ် တရားတော် (၁) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) [ခုနှစ်မရှိ]
ဘုရားရှင်များ အားလုံး၏ အဆုံးအမ အတိုချုပ်_၁။ မကောင်းမှု မှန်သမျှ ရှောင်ကြဉ်ရန်၊ ၂။ ကောင်းမှုဟူသရွေ့ ပြုလုပ်ရန်၊
၃။ မိမိ၏ စိတ်ကိုစင်ကြယ်အောင်ထားရန်တို့ကို ရှင်းလင်းဟော ကြားထားသည်။
ထို့အပြင်၊ ရဟန္တာဖြစ်သည်အထိ အားထုတ်ကြ ရန်ကိုလည်း အကြံပြုထားသည်။  တရားနာပါ။
လူပီသရေး / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) ညောင်ဦး၊ မေ ၁၈၊ ၂ဝဝ၆။
လူပီသသူ၏ စွမ်းရည်၊ လူပီသရေး လမ်းညွှန်ချက်၊ အကောင်း ဆုံး စွမ်းအားနှင့် အကြောင်းနှင့် အကျိုး အခြေခံစသည့် တရား များကို ပြည့်စုံစွာဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
အဓိပတိ သုံးပါးထား၍ ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ကိုသာ ဝိပဿနာရှုရန် တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) ဩဂုတ် ၁၁၊ ၁၉၅၈။
ဝိပဿနာရှုနည်းသုံးမျိုး၊ နှိပ်စက်တတ်သော တေဇောနှင့် အနှိပ်စက်ခံရသည့် ရုပ်နှင့်နာမ် ဇာတိ ဖြစ်ကြောင်းစသည့် တရားများကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
အဝိဇ္ဇာလက်အောက်ခံ သင်္ခါရသုံးမျိုး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဩဂုတ် ၁၂၊ ၁၉၅၈။
အဝိဇ္ဇာမသိသောအရာများ၊ အဝိဇ္ဇာရှိသူများပြုလုပ်တတ်သည့် သင်္ခါရသုံးမျိုး (ကာယသခါၤရ၊ ၀စီသခါၤရ၊ စိတၱသခါၤရ)၊ တရား နာသူများတွင်ဖြစ်ပေါ်သော ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များနှင့် တရား မနာသူတွင်ဖြစ်ပေါ်သည့် ပဋိစ္စသမုပ္ပါဒ်အင်္ဂါရပ်များကို ရှင်းလင်း
ဟောကြားထားသည်။ 
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment