Saturday, September 3, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၁)


ကံကြောင့်နာမ်ရုပ် / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၅၊ ၂၀၀၇။ ၁၁၄။
ပဋိစ္စသမုပ္ပါဒ်အင်္ဂါတစ်ဆယ့်နှစ်ပါးကိုရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ကံနှင့်တဏှာတွင် တဏှာကကြောက်စရာကောင်းပုံ တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း
ဆရာတော်
) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၇၊ ၁၉၈၆။
ကာမာသ၀၊ ဘ၀ါသ၀၊ ဒိဋ္ဌာသ၀နှင့် အ၀ိဇ္ဇာသ၀ စသောအာသဝေါတရားလေးပါး ကို
ဟောကြားထားသည်။ ထို့
အတူ တဏှာသည် ကံထက်ကြောက်စရာကောင်းပုံနှင့် သတိ
ပဋ္ဌာန်တရားကျင့်ကြံအားထုတ်
ခြင်းဖြင့်တဏှာကိုပယ်သတ်ကြရန်ကိုလည်းတိုက်တွန်း
ဟောကြားထားသည်။
တရားနာပါ။
တရားဂုဏ်တော်ခြောက်ပါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
သတိပဋ္ဌာန်၏ဆိုလိုချက်နှင့်အကျိုးကျေးဇူး၊ ကိလေသာဖြစ်ခြင်း၏အကြောင်းရင်း၊ မြတ်
ဗုဒ္ဓ၏
ဩ၀ါဒ၊ တရားဂုဏ်ခြောက်ပါးစသည်ဖြင့်ဟောကြားထားသည်။ တရားနာပါ။
မသေအောင်စား / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၆၊ ၂၀၀၇။ ၁၁၅။
သစ္စာလေးပါးကိုပိုင်းခြားသိမြင်နိုင်စေရန်ပဋိစ္စသမုပ္ပါဒ်ကိုသိရှိရန်အရေးကြီးကြောင်း၊ သစ္စာလေးပါးကို ပိုင်းခြားသိမြင်ခြင်းသည် ဗုဒ္ဓဘုရားရှင်ကိုတွေ့မြင်ခြင်းနှင့်တူညီ
ကြောင်း၊ ဆင်းရဲကြောင်းအမှန်တရား
သမုဒယသစ္စာနှင့်သမုဒယသစ္စာ၏အကျိုးဆင်းရဲ
 ခြင်းအမှန်တရား
ဒုက္ခသစ္စာ၊ မူလနှစ်ဖြာအ၀ိဇ္ဇာနှင့် တဏှာ အစရှိသောတရားများ
ကိုပြည့်စုံစွာဟောကြားထားသည်။
တရားနာပါ။
မိခင်နှင့်တူသောအရာ / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
သီလသည်အမြတ်ဆုံးကုသိုလ်ဖြစ်ပုံနှင့်ငါးပါးသီလကျိုးပျက်ခြင်း၏အကျိုးဆက်တို့ ကို
 ဖြစ်ရပ်အမျိုးမျိုးကိုဥပမာပြလျက်ဟောကြားထားသည်။ တရားနာပါ။
မေတ္တာ တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
မေတ္တာ နှင့် ရာဂတဏှာတို့၏ ခြားနားချက်၊ မေတ္တာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကာယကံ၊
ဝစီကံ၊ မနောကံ မေတ္တာတည်းဟူသော သာရဏီယတရား၊ မေတ္တာဘာဝနာ၊ အနောဒိသ
 နှင့် ဩဒိသမေတ္တာဘာဝနာပွားများပုံ၊ စဦးဆုံးမေတ္တာမပွါးသင့်သောပုဂ္ဂိုလ်နှင့်မေတ္တာ
ပွားများရန် မ
လိုအပ်သော ပုဂ္ဂိုလ်စသည်များ ပါရှိသည်။ တရားနာပါ။
သုညတတရားနာမှ မသိဘေး အမှားဘေးလွတ်မည် တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း
ဆရာတော်
) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၈၊ ၁၉၈၆။
အ၀ိဇ္ဇာနှင့်ဒိဋ္ဌိတို့၏ဘေးရန်မှလွတ်မြောက်ကြစေခြင်းငှါယထာဘူတဥာဏ်ရရှိအောင်
ကြိုးကုတ်အားထုတ်ကြစေလိုကြောင်းအကြံပြုဟောကြားထားသည်။ တရားနာပါ။
သောတာပန်အင်္ဂါ () ပါး တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) နိုဝင်ဘာ ၁၊ ၁၉၅၅။
သောတာပန်အင်္ဂါ ()ပါးကို အသေးစိပ်ရှင်းလင်းဟောကြားထားတော်မူသည်။
တရားနာပါ။
သင်လူတစ်ယောက်ဖြစ်ပြီလား / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မရှိ]
ူလူပီသရေး၊ သရဏဂုံသုံးပါးကို စွဲမြဲစွာယုံကြည်ခြင်း၏ အကျိုးကျေးဇူး၊ သရဏဂုံ
ကျိုးပျက် ခြင်းစသည်တို့ ကိုဟောကြားထားသည်။ထို့ပြင်၊မိခင်နှင့်တူသောသီလ၊ငါးပါး
သီလချိုးဖေါက်ရာ၌တစ်ပါးစီ၏ဆိုးကျိုးရလဒ်
တို့ ကိုလည်းဟောကြားထားသည်။
တရားနာပါ။
သစ္စာတရားနာမှု နှလုံးသွင်းမှန်မှု တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇူလိုင် ၉၊
၁၉၅၆။
သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိ၊ အလယ်လမ်းနှင့်ခန္ဓာ၏ဖြစ်ပျက်ကို ရှုကြည့်ခြင်းဖြင့်တရား
ရရှိနိုင်ပုံတို့ ကိုဖေါ်ပြဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment