Saturday, August 27, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၀)


ကိုယ့်ကိုယ်ကိုချစ် လူအစစ် / ဘဒ္ဒန္တသီရိန္ဒာဘိဝံ(ယောဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၁၇၊
၁၉၉၈။
လူအစစ် ဟူသည် အဘယ်သူနည်းနှင့် ထိုသူ၏ စွမ်းအားတို့ ကို ဟောကြားထားပြီး၊
ကုသိုလ် မျိုးစေ့၏ သတ္တိသုံးခုကို အာဏာပါးကွက်သား
"တမ္ဗဒါဋ္ဌိက" အကြောင်း ဥပမာဖြင့် ဖေါ်ပြထား သည်။ တရားနာပါ။
ဒုက္ခချုပ်ရာ နိဗ္ဗာန်အကြောင်း ရှင်းပြပုံ တရား / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊
ဖေဖေါ်ဝါရီ ၁၆၊ ၁၉၅၅။
ဒုက္ခချုပ်ရာ နိဗ္ဗာန်ကို ပိုင်းခြား သိမြင်စေသည့် ဥာဏ်ရရှိရန် အားထုတ်ပုံကို ရှင်းလင်း
ဟောကြား ထား၏။
တရားနာပါ။
နေရေးထက်သေရေးအရေးကြီးပုံ / ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၅၊ ၂၀၀၄။
ရှောင်ကွင်းလို့ မရသော သေခြင်းတရားအကြောင်းကို ဟောကြားထားပြီး၊ သေရာ
ညောင်စောင်း လဲလျောင်းရသည့် အခါတွင် နောင်တ မရရှိစေရေးအတွက် ၀ိပဿနာ အားထုတ်ခြင်းဖြင့် အား ကိုးစရာတရား ရှာထားကြရန်အကြံပြု ဟောကြားထားသည်။
  တရားနာပါ။
နိဗ္ဗာန်ချမ်းသာ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်
ဘာ ၂၃၊ ၁၉၇၅။
နိဗ္ဗာန်သည် အမွန်မြတ်ဆုံးဖြစ်ကြောင်း၊ အပါယ်လေးပါးသည် ကြောက်စရာ အကောင်း ဆုံးဖြစ်ပုံနှင့် ကံ၏သတ္တိတို့ ကို ဟောကြားထားသည့်ပြင်၊ ဓမ္မ အမေးအဖြေ များကိုလည်း
ဖေါ်ပြထား သည်။
တရားနာပါ။
နှလုံးသားဝယ် ဘုရားတည် / ဘဒ္ဒန္တသီရိန္ဒာဘိဝံသ (ယောဆရာတော်) တပ်ကုံး၊ ဇူလိုင် ၁၇၊
၁၉၉၃။
ဘုရား တရား သံဃာ ရတနာသုံးပါးနှင့် မေတ္တာတရားကို သဒ္ဓါ၊ သတိ ပညာတို့နှင့်
ယှဉ်တွဲကာ ကိလေသာနေရာတွင် အစားထိုးကြရန် တိုက်တွန်းဟောကြားထားသည်။
တရားနာပါ။
မဂ်ဥာဏ်လိုချင်လျှင် ၀ိပဿနာ အားထုတ်ပါ အလုပ်ပေး တရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ
[
ခုနှစ်မရှိ]
မဂ်ဖိုလ်ရရန် အဓိကအချက်၊ ၀ိပဿနာ အကျင့်တွင် အားသာရမည့် တရားများ
နှင့် သမာဓိ ထူထောင်ပုံတို့ ကို ဟောကြားထားသည်။ ထို့ အတူ၊ တရားအားထုတ်
ရာ၌ တရားဂုဏ်တော် ခြောက်ပါးအား ကိုးကားပုံကိုလည်း ညွှန်ပြထားသည်။
 
တရားနာပါ။
လမ်းသုံးသွယ် ဘယ်လမ်းရွေးကြမလဲ / ဘဒ္ဒန္တ သဒ္ဓမ္မ ကိတ္တိသာရ (အောင်ဆန်း ဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၆၊ ၂၀၀၄။
ယထာဘူတဥာဏ်၏ဆိုလိုရင်း၊ အရိယာတို့ ပိုင်းခြားသိသောအရာ၊ သတ္တ၀ါများ အတွက် လမ်းသုံးသွယ်_၁။ မြုပ်လမ်း၊ ၂။ မျောလမ်းနှင့် ၃။ ဆန်လမ်း။ အားထားရာ တစ်ကြောင်း တည်းသော ၀ိပဿနာဆန်လမ်း၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုရေး အတွက် လိုအပ်သည့် အားကြီးသော ၀ိပဿနာ ရရှိရန် ဒိဋ္ဌိပယ်သတ်ခြင်း အစရှိသော တရားများ ပါဝင်သည်။ တရားနာပါ။
ဝိသုဒ္ဓိ ပမာပြ တရားထိုင်နည်းပြ အလုပ်ပေး တရား / ဘဒ္ဒန္ဘဇနိတာလင်္ကာရ [ခုနှစ်မရှိ]
ဝိပဿနာအကျင့်တွင် သီလ၏ အခန်းကဏ္ဍ၊ ၀ိပဿနာ၏ မှန်ကန်သော အမြင်
နှင့် အနိစ္စ ဒုက္ခ နှင့် အနတ္တ တို့ကို ပိုင်းခြားသိမြင်စေသည့် နည်းလမ်းများ စသည် အားဖြင့် ပြည့်စုံစွာ ဟောကြား ထားသည်။
တရားနာပါ။
ဝဿကာရပုဏ္ဏားနှင့် ရှင်အာနန္ဒာ အမေး၊ အဖြေ / ဦး ဝိမလ (မိုးကုတ်ဆရာတော်)
မိုးကုတ်၊
ဖေဖေါ်ဝါရီ ၁၅၊ ၁၉၅၅။
အယူမှားသူ မဖြစ်ကြစေရန်သုခ ဒုက္ခနှင့် ဥပေက္ခာ စသော ဝေဒနာများပေါ်တိုင်း ဒုက္ခဟု
ရှုမှတ် ကြရန် လမ်းညွှန်ချက်၊ တရားကို ကိုးကွယ်ခြင်း၏ အဓိပ္ပါယ်နှင့် အရှင်အာနန္ဒာနှင့် ၀ဿကာရ ပုဏ္ဏားတို့ ဆွေး နွေးသော တရားစကားကို ကိုးကားကာ မဂ္ဂင်ရှစ်တန် ရရှိရန် နည်းလမ်း စသော တရားများကိုထင်လင်းစွာဟောကြားထားသည်။
တရားနာပါ။
သူတော်ကောင်းလက္ခဏာ တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်)
[
ခုနှစ်မရှိ]
သူတော်ကောင်း တို့ ၏ လက္ခဏာ ငါးပါးကို ရှင်းပြထားပြီး၊ တန်ဖိုးမရှိဘဲ မမြဲလည်း
မမြဲသော ခန္ဓာမှ တရားအားလုံး၏ အနှစ်ဖြစ်သော နိဗ္ဗာန်ကိုထုတ်ယူကြရန်အကြံ
ပေးဟောကြားထား သည်။
တရားနာပါ။
 
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment