Saturday, September 24, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၄)



ခုရှု ခုငြိမ်း တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၁၊ ၂၀၀၅။
ခန္ဓာ၊ အာယတန၊ ဓါတ်၊ သစ္စာ၊ ပဋိစ္စသမုပ္ပါဒ် အစရှိသော အရှုခံတရားများကို ပစ္စုပ္ပန်
တည့်
တည့် ရှုကြည့်နည်းကိုသေချာစွာရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
စိုက်ပျိုးရေးကို ရပ်ချင်လို့ / အရှင် ဣန္ဒာစာရာဘိဝံသ၊ လှည်းကူး၊ မတ် ၁၇၊ ၂၀၀၅။
ဗီဇသုတ္တန်ကို ညွှန်းဆိုလျက် အပင်ပေါက်နိုင်သော အစေ့ငါးမျိုး၊ အစေ့မှ အပင်ပေါက်
ရန်
လိုအပ်သည့် အခြေအနေများနှင့် ဗုဒ္ဓပေးသော ဥပမေယျတို့ကိုဟောကြားထားပြီး၊
ရာဂကို ပယ်သတ် ကြရန်ကိုလည်း တိုက်တွန်းထားသည်။
တရားနာပါ။
စိတ်ကောင်းထားက မိတ်ကောင်းရ / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ပဲခူး၊
ဇန္နဝါရီ ၃၀၊ ၁၉၉၈။
စိတ်ထားကောင်းမွန်ခြင်းသည် ဘ၀၏အကြီးမားဆုံး အင်အားဖြစ်ပုံ၊ ဘေးငါးပါး၊ မိမိ
ကိုယ်မိမိ သိသူ၏ စွမ်းအား၊ လူ့ ဘ၀၏ ရလဒ်သုံးမျိုး၊ ကုသိုလ်၏ အကျိုးများနှင့် စိတ်ကောင်းထားခြင်း
ကြောင့် မိတ်ဆွေကောင်းရရှိခြင်း အစရှိသော တရားများပါဝင်
သည်။
တရားနာပါ။
ဓမ္မနှင့် အနုဓမ္မရှင်း တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ၁၉၅၆။
ဓမ္မနှင့် အနုဓမ္မတို့၏ ဆိုလိုရင်းကိုဟောကြားထားပြီး၊ အနုဓမ္မကျင့်ခြင်းဖြင့် ဓမ္မဖြစ်စေ
ကြ
ရန် အကြံပြုထားသည်။ ထို့အတူ၊ ယခုဘ၀ နိဗ္ဗာန်ရရှိမည့်ပုဂ္ဂိုလ်နှင့် မရရှိမည့်
ပုဂ္ဂိုလ်တို့၏
ကွာခြားချက်ကိုလည်း ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
နေ့စဉ်အလုပ်ကို လုပ်မှာလား၊ နေစဉ်အလုပ်ကို လုပ်မှာလား / အရှင် ဣန္ဒာစာရာဘိဝံသ၊ အင်းတိုင်၊ ဇူလိုင် ၉၊ ၂၀၀၄။
လူ့ဘ၀၏ အလုပ်နှစ်မျိုးဖြစ်သော နေ့စဉ်အလုပ်နှင့် နေစဉ်အလုပ် (ဒါန၊ သီလ၊ သမထ
နှင့် ဝိပဿနာ
) တို့ ကိုတော်ဒေးယျသူဋ္ဌေး၊ သားသတ်သ္မားနှင့်အိမ်ရှင်မထေရိကာတို့ 
၏ ဇာတ် ကြောင်းများကို ကိုးကားလျက် ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
ပေါရိသာဒဇာတ်တော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်ဘာ ၂၃၊ ၁၉၇၅။
သံသရာမှ ကျွတ်တမ်းဝင်ရန် မည်သို့ ဆောင်ရွက်ရမည်ကို ပေါရိသာဒဇာတ်ကြောင်း
ကိုးကါး ချက်ဖြင့်ဟောကြားထားသည်။
တရားနာပါ။
ရွှေဟင်္သာမင်း တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) ပဲခူး၊ နိုဝင်ဘာ ၂၃၊ ၁၉၇၅။
သူတော်ကောင်းတို့၏ အပြုအမူကိုဟောကြားထားပြီး၊ သူတော်ကောင်းတစ်ဦးဖြစ်စေ
ရန်
အစဉ်ထာဝရ မကောင်းမှုကိုရှောင်ကြဉ်ကာကောင်းမှုကို ပြုလုပ်ရမည်ဖြစ်ကြောင်း
ကိုဘုရားအလောင်းတော်တေမိမင်းနှင့် ရွှေဟင်္သာမင်းဇာတ်တော်များကိုသာဓကပေး
၍ ဟောကြား ထားသည်။
တရားနာပါ။
ဝိပဿနာရှုသော ပုဂ္ဂိုလ်တို့၏ မှတ်တိုင်တရား / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ နိုဝင်ဘာ ၁၂၊ ၁၉၅၆။
မိမိကိုယ်မိမိ စစ်ဆေးနိုင်သူနှင့် စစ်ဆေးနည်းနှစ်မျိုးဖြစ်သော ၀ိပဿနာသမ္မာဒိဋ္ဌိနှင့်
မဂ္ဂ
သမ္မာဒိဋ္ဌိတို့ကို ရှင်းလင်းဟောကြားထားသည်။ ထို့ပြင်၊ ဘုရားရှင်နှင့် ဓနမောဂ္ဂလ္လာ
နပုဏ္ဏား
တို့၏ ဆွေးနွေးစကားကို သာဓကထားကာ အားထုတ်ရာ၌နောက်ဆုတ်ခြင်း
မပြုဘဲ
ဝိပဿနာ သမ္မာဒိဋ္ဌိမှမဂ္ဂ သမ္မာဒိဋ္ဌိသို့ ရောက်အောင်ဆက်လက် ကြိုးပမ်းကြ
ရန် တိုက်တွန်း
ဟောကြားထားသည်။
တရားနာပါ။
သတ္တိနှင့် ဗျတ္တိ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၄၊ ၂၀၀၅။
ပစ္စယသတ္တိ၊ လောကဓမ္မနှင့် သမင်္ဂီတို့ကိုဟောကြားထားသည်။ ထို့ပြင်၊ သတ္တိနှင့်
ဗျတ္တိနှစ်မျိုးစလုံးရှိစေရန်နှင့် သတိ၊ ဝီရိယ၊ ပညာတို့ ဖြင့် ဝိပဿနာကျင့်ကြံအားထုတ်
ကြရန်ကို
လည်း တိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
အသီးတစ်ရာ အညှာ တစ်ခု / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၈၊ ၁၉၉၉။
သံသရာတွင် မရှိမဖြစ်သော ပမာဒ-သတိတရား၊ မေ့လျော့ခြင်း-အပ္ပမာဒတရား၏ ဆိုး
ကျိုးများ၊ ခန္ဓာ၏ အမေးပုစ္ဆာသုံးရပ်နှင့် မိမိတို့ မည်သို့ ဆောင်ရွက်သင့်ကြောင်း စသော တရားများကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment