Wednesday, September 21, 2011

ဓမ္မသုတ [၃]



ဒါန ကုသိုလ် အကျိုး
မြတ်စွာဗုဒ္ဓ၊ ပစ္စေက၊ ဗုဒ္ဓသာဝကတို့ မှာ၊ လှူဒါန်းရတာ၊ ညံ့ဖျင်းတာ၊ ဘယ်ခါမရှိပါ။
အကျိုးပေးတာ၊ အလွန်သာ၊ လွန်စွာကြီးလှ၊ တွက်ကြောင့်ပါ။
စိတ်ကြည်လင်က၊ ညံ့ဖျင်းရ၊ ဒါနဆိုတာမရှိပါ။
<ဦးပညာဇောတ ၏ လှူကျိုးသိမူ အသက်စွန့် လှူ တရားတော်မှ>
သပ္ပုရိသအလှူ
လှူဖွယ်ဖြာဖြာ၊ စင်ကြယ်စွာ၊ ပြုကာပြင်ကာလှူ ဒါန်းသည်။
လှူဖွယ်ဖြာဖြာ၊ ရို သေစွာ၊ စိတ်မှာထား၍လှူ ဒါန်းသည်။
ကိုယ်တိုင်ကိုင်ကာ၊ လက်နှင့်သာ၊ သေချာကပ်ကာလှူ ဒါန်းသည်။
စွန့် ပစ်ပမာ၊ မလှူပါ၊ သေချာ စိတ်စိုက်လှူ ဒါန်းသည်။
ကောင်းကျိုးရောက်မှာ၊ ပြစ်ရှိကာ၊ သေချာရေးယူလှူ ဒါန်းသည်။
<ဦးပညာဇောတ ၏ လှူကျိုးသိမူ အသက်စွန့် လှူ တရားတော်>
သပ္ပုရိသဒါန
စင်ကြယ်မွန်မြတ်၊ လျောက်ပတ်သောခါ၊
ရွေးချယ်အပ်စပ်၊ မပြတ်လှူရာ၊
လှူဆဲတသီး၊ လှူပြီးပြန်ခါ၊
ဝမ်းမြောက်လှ ဒါနသပ္ပုရိသ။
<အရှင်ဇနကာဘိဝံသ ၏ ချမ်းသာလေးပါးတရားတော်>
ချို့ တဲ့သောဒါနအကျိုး
လှူထွေရှေးရှု၊ ဥာဏ်နှင့်ချို့ ၍၊ တွန့် တိုပိုက၊ ပထမအရွယ်၊ နောင်အခါမယ်၊ ရုပ်ဝယ်ဆိုးဝါး ဆင်းရဲမည်။
လှူနေဆဲမှာ၊ တွန့် တိုပါသော်၊ အင်္ဂါချို့ သွယ်၊ ဂုဏ်မဲ့နွယ်၊ တင့်တယ်ရုပ်ဆိုးဖြစ်တတ်သည်။
လှူပြီးနောက်မှာ၊ ချို့ တဲ့ပါသော်၊ နောင်ခါသမီးသား၊ မဲ့ကုန်ငြား၊ ပုညနိမ့်ကျဖြစ်တတ်သည်။
<ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူရန်ခဲယဉ်းပုံ
မိမိဥစ္စာ၊ နှစ်သက်စွာကို၊ စိတ်မှာရွှင်ကြည်၊ ပေးလှူမည်၊ ကြံစည်ခဲယဉ်းသည်။
ကြံစည်နိုင်လျက်၊ တဆင့်တက်၍၊ နှုတ်ထွက်လှူမယ်၊ ပြောဖို့ ကွယ်၊ တကယ်ခဲယဉ်းသည်။
ပြောတော့ပြောနိုင်၊ လက်ကကိုင်၍၊ ကိုယ်တိုင်သေချာ၊ လှူဖို့ ရာ၊ လွန်စွာခဲယဉ်းသည်။
ကိုယ်တိုင်ကိုင်ကာ၊ လှူနိုင်ပါလျက်၊ နောင်ခါနောင်တ၊ မပူကြ၊ လွန်စွာခဲယဉ်းသည်။
<ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူသူနှင့် မလှူသူ 
နှမျောသောသူ၊ စွန့် ကြဲလှူ၊ သေမူယူသွားရ။
မနှမျောသူ၊ မပေးလှူ၊ သေမူထားခဲ့ရ။
<
ဦးပညာဇောတ ၏ ၀ိပဿနာမခက် ဒါနခက် တရားတော်>
လှူချမ်းသာ

မလှူမတန်း၊ ဆင်းရဲလမ်း၊ လှူတန်းချမ်းသာသည်။
ချမ်းသာသူမှာ၊ စဉ်မကွာ၊ မင်္ဂလာရှိပေသည်။
<အရှင်ဇနကာဘိဝံသ ၏ ချမ်းသာလေးပါးတရားတော်>

Posted by အေးဆက်

No comments:

Post a Comment