Saturday, September 17, 2011

ထေရဝါဒ ဓမ္မ အသံစု (၃၃)


ခြောက်အိမ်တန်းရွာ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) အောင်ပန်း၊
ဇွန် ၁၇၊ ၂၀၀၅။

ဒါန၊ သီလ၊ ဘာဝနာကုသိုလ်များ ပြုလုပ်နေချိန်တွင် နှလုံးသား၌ ကိန်းအောင်း
လျက်ရှိသောစေတနာတရား။ ကိလေသာ၊ကံနှင့် ဝိပါကတို့၏ဆက်စပ်မှုကြောင့်
ဖြစ်ပေါ်ရသည့် ဝဋ်တရားနှင့် မီးတစ်ဆယ့်တစ်ပါး အစရှိသော တရားများကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
စံယူစရာ ခန္တီမင်္ဂလာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
တရားအားလုံးတို့ တွင်အကောင်းဆုံးဖြစ်သော ခန္တီတရား ကိုဟောကြားထားပြီး၊ သည်းခံခြင်း၏ အကျိုးကျေးဇူးများနှင့် သည်းမ ခံခြင်း၏ ရလဒ်များကို စပါးကြီး  မြွေပြိတ္တာဇာတ်ကြောင်း ဥပမာ ပြဖြင့်ဟောကြားထားသည်။ တရားနာပါ။
တရားအားထုတ်တယ်ဆိုတာ / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) [ခုနှစ်မရှိ]
တရားအားထုတ်ခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုကြောင်းနှင့် ဗုဒ္ဓ၏ တရား အားထုတ်နည်းတို့ကို ရှင်းလင်းဟောကြားထား၏။ တရားနာပါ။
တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် လိပ်ကဲ့သို့ ကျင့်ရမည် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ အောက်တိုဘာ ၈၊ ၁၉၅၆။
တစ်ခုတည်းသော အားကိုးရာဖြစ်သည့် ခရီးမှန်လမ်းမှန်-မဂ္ဂသစ္စာကို ကုမာရ
ကဿပရဟန္တာနှင့်
မိခင်တို့၏ ဇာတ်ကြောင်း ကိုးကားချက်ဖြင့်ဟောကြားထား
သည်။ ထို့ပြင် ဝိပဿနာကျင့်ကြံ အားထုတ်ရာတွင် လိပ်သည် အရာဝတ္တုဟူသမျှ
တို့ကို အခွံအောက်သို့ ဆွဲသွင်းသကဲ့သို့ အတွေး အာရုံအကုန်လုံးကို ဥာဏ်
အောက်သို့ ရောက်ရှိစေရမည်ဖြစ်ကြောင်း လမ်းညွှန်ဟောကြားထား သည်။
တရားနာပါ။
တိုက်ပွဲနှစ်မျိုး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၅။
ကိလေသာကိုအောင်နိုင်ခြင်းသည် မြင့်မြတ်ပုံကို ဧကသာရကပုဏ္ဏားဇနီးမောင်နှံ ဇာတ်ကြောင်း ဥပမာဖြင့်ဟောကြားထားသည်။ တရားနာပါ။
ဒုက္ခွကို ပိုင်းခြားသိရှိကြရန် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ အောက်တိုဘာ ၁၅၊ ၁၉၅၆။
တရားအားထုတ်ခြင်း၏ ရည်ရွယ်ချက်၊ ဒုက္ခကို ပိုင်းခြားမသိခြင်း၏ ဆိုးကျိုးများ ဒုက္ခဆိုသည် မှာနှင့် ဒုက္ခကို ပိုင်းခြားသိမြင်ပုံ စသည်တို့ကိုဟောကြားထားသည်။ တရားနာပါ။
ဘ၀သံသရာ / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၉၊ ၁၉၉၇။
ရုပ်နာမ်၊ ဝဋ်၊ ခန္ဓာစသော ပဋိစ္စသမုပ္ပါဒ်တရားသုံးပါးတို့၏ ဆက်နွှယ်မှုကြောင့်
ဖြစ်ပေါ်လာရသည့် ဘဝလည်ပတ်ပုံကို သေချာစွာ ရှင်းလင်းဟောကြားထား
သည်။
တရားနာပါ။
လာခြင်းကောင်း၍ ပြန်ခြင်းကောင်းပါစေ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂ဝ၊၂၀၀၅။
လာခြင်းကောင်း၍ ပြန်ခြင်းကောင်းကြစေရန်_ဆိုလိုသည်မှာ ဝိပဿနာကို အ
ချိန်မီ အားထုတ်ကြ ရန်ကို မြတ်စွာဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဥပမာထားလျက် ရှင်းလင်းဟောကြား
ထားသည်။ ထို့ ပြင်၊ ဗုဒ္ဓညွှန်ုပြသော
ကောင်း မွန်စွာ နေထိုင်ပုံနှင့် အဘယ်ကြောင့် ခန္ဓာရရှိကြ ကြောင်းတို့ကိုလည်း
ဟော ကြားထားလေသည်။
တရားနာပါ။
သတိတစ်လုံး လက်ကိုင်သုံး / ဒေါက်တာအရှင် ဆေကိန္ဒ (ဓမ္မဒူတ) မှော်ဘီ၊ အောက်တိုဘာ ၂၃၊ ၂ဝဝ၂။
သတိပဋ္ဌာန်နှင့် စပ်လျဉ်း၍ဟောကြားရာတွင်- အမျိုးအစား၊ အကျိုးတရား၊
ကျင့်စဉ်၊ သတိနှင့် အာနာပါ နဿတိ စသည်များပါရှိသည်။
တရားနာပါ။
အာသဝေါတရားကုန်လိုလျှင် / ဝနဝါသီ အရှင် ဉေယျဓမ္မသာမိ (မဟာဗောဓိမြိုင်ဆရာတော်) ဇွန် ၅၊ ၁၉၉၇။
မှန်ကန်သော ဒါနပြုခြင်းနှင့် သီလဆောက်တည်ခြင်းတို့ကို ပြုလုပ်ကြရန်
နည်းလမ်းညွှန်ပြ ဟောကြားထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment