Saturday, July 30, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၆)

တရားကိန်းသူ စိတ်မပူ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ပုသိမ်ကြီး၊ စက်တင်ဘာ ၃၀၊ ၂၀၀၇။
ဓမ္မ ဟူသော အကောင်းဆုံးမိတ်ဆွေရှိရန်အရေးကြီးကြောင်းနှင့်တကွ၊ ဝေဒနာကမ္မဋ္ဌာန်း
သည်နိဗ္ဗာန်သို့ ပို့ ဆောင်နိုင်ပုံကိုအရှင်အာနန္ဒာနှင့်ဂါရဒေနသူကြွယ်အကြောင်းကို
ညွှန်းဆိုကာ ဟော ကြားထားသည်။  တရားနာပါ။
ပါဝင်ဆင်နွှဲ အရိယာရွေးပွဲ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) စက်တင်ဘာ ၂၅၊ ၂၀၀၇။  
ဘ၀ဒုက္ခများ အစဉ်မပြတ် ခံစားရခြင်းမှ ရှောင်ကြဉ်နိုင်ရေးအတွက် မိမိကိုယ်မိမိ ဆုံးမ ထိန်းသိမ်းကြရန် နှင့် အရိယာဖြစ်ရန် အရည်အချင်းများကို ရှင်းလင်းပြထားပြီး တရား အားထုတ် နည်း အကျဉ်းကိုလည်းဟောကြားထားသည်။ တရားနာပါ။ 
ယမမင်းထံ အစစ်ခံရပုံ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သတ္တ၀ါများသည် ဒိဋ္ဌိနှင့် တဏှာကို အပေါင်းအဖေါ်အဖြစ်ထားကြပြီး ခန္ဓာကို ဥာဏ်ဖြင့် ရှုကြည့်ရန် မေ့နေတတ်ကြပုံကို ရှင်းလင်းဟောကြား ထားသည်။ ထို့ ပြင်၊ ငရဲကျသူ
သည် ယမမင်းထံတွင် အစစ်ခံရပုံနှင့် ငရဲတွင် ခံစားရခြင်းများကို ထင်လင်းစွာ ဟော
ကြားထားသည်။ တရားနာပါ။
ရပိုင်ခွင့် / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ မေ ၁၊ ၂၀၀၁။ 

အရှိကို အရှိအတိုင်း ရှုမြင်ခြင်း၊ သမာဓိနှင့် ချမ်းသာခြင်းတို့ ၏ ဆက်စပ်မှု၊ ရပိုင်ခွင့်နှင့် အလုပ်၊ ရောင့်ရဲခြင်းစသော တရားများကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

ရန်သူနှစ်ယောက်ကို အသေသတ်နည်း တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သေဆုံးခြင်းကို ဖြစ်စေသော အဓိကတရားနှစ်ပါး_ အ၀ိဇ္ဇာနှင့်တဏှာတို့ အကြောင်းနှင့်
ယင်းတို့ ကို ပယ်သတ်ပုံများကို ဖေါ်ပြ ဟောကြားထားသည်။ တရားနာပါ။
လိုရင်းတိုရှင်း ဝိပဿနာ(၁) / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ၁၃၆၇။
မည်သည်ကို တရားကျင့်ခြင်းဟု ဆိုကြောင်းနှင့် သီလ၀န္တ သုတ္တန်ကို ရည်ညွှန်းလျက်၊
ခန္ဓာကို အနိစ္စ၊ ဒုက္ခ ရောဂါ၊ အိုင်းနာနှင့် ဆူးညှောင့် အဖြစ် ရှုကြည့်ခြင်းဖြစ်သည့် လိုရင်း
တိုရှင်း ၀ိပဿနာ ကျင့်စဉ်ကို ဟောကြားထားသည်။ တရားနာပါ။
လိုရင်းတိုရှင်း ဝိပဿနာ(၂) / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ၁၃၆၇။
သီလ၀န္တ သုတ္တန်ကို ကိုးကားပြီး၊ ခန္ဓာကို မကောင်းမှု၊ နာမကျန်းခြင်း၊ သူစိမ်း၊ ပျက်စီး
ခြင်း၊
သုညနှင့် အနတ္တအဖြစ် ရှုကြည့်ခြင်းတည်းဟူသော လိုရင်းတိုရှင်းဝိပဿနာ
ကျင့်စဉ်ကို
ဟောကြားထားသည်။ တရားနာပါ။
အတွယ်အတာ အမှတ်(၁) တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်)
အောင်ပန်း၊ ဇွန် ၁၅၊ ၂၀၀၅။
သံယောဇဉ်နှင့် သံယောဇနိယတို့ အကြောင်းကို ရှင်းလင်းဟောကြားထားပြီး၊ အပြင်
သံယောဇဉ် ဖယ်ရှားပုံကို "ကုဒါလ ပဏ္ဍိတ" ဇာတ်ကြောင်းဖြင့် ဟောကြားထားသည်။
တရားနာပါ။
အရိပ်နေနေ အခက်ချိုးချိုး / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) အင်းစိန်၊ စက်တင်ဘာ ၂၁၊ ၂၀၀၃။  
တဏှာကို ပယ်သတ်ရန်နှင့် ကျေးဇူးရှင်ကို ကျေးစွပ်ခြင်း မပြုကြရန် "မဟာဒါန၀ါဏိဇ္ဇ"
ဇာတ်ကြောင်းပြကာ အကြံပေး ဟောကြားထားသည်။ တရားနာပါ။
အိုအောင်မင်းအောင်ပေါင်းကြပါစေ တရားတော် / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်)
အောင်ပန်း၊ ဇွန် ၁၄၊ ၂၀၀၅။
ဥာဏ်ဖြင့် မိမိတို့ ၏ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို စစ်ဆေးကြရန် အကြံပြုထားပြီး၊ အရှင်သာရိ
ပုတ္တရာ ၏ ညီတော်အငယ်ဆုံးဖြစ်သော အရှင်ရေ၀တ၏ အကြောင်းကို အခြေခံ၍
တဏှာ နယ်မြေမှ လွတ်မြောက်ကြောင်းဖြစ်သည့်ဝိပဿနာအကျင့်တရားမှန်ကိုဟော
ကြားထား သည်။
တရားနာပါ။
 

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment