Saturday, July 2, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၂)


ခန္ဓာကိုယ်အတွင်း ဆရာမရှိ တပည့်မရှိအောင် ကျင့်ရမည့်တရား / ဦးဝိမလ(မိုးကုတ်ဆရာတော်) 
အမရပူရ၊ မတ် ၂၇၊ ၁၉၅၄။
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိစေရန် ကျင့်ကြံအားထုတ်ရာတွင် ခန္ဓာကိုယ်တွင်း ဆရာမရှိ တပည့်မရှိ အောင် ကျင့်ရမည် ဖြစ်ကြောင်းနှင့် လောဘ ဒေါသနှင့် မောဟတရားတို့ 
သည် ခန္ဓာကိုယ်တွင်း၌ ဆရာနှင့် တပည့် နှစ်မျိုးစလုံးအဖြစ် ပြုမူနေကြပုံကို ရှင်းလင်း

ဟောကြား ထားသည်။
တရားနာပါ။
ဓနပါလသူဋ္ဌေး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ကျိုက်ကော်၊ [ခုနှစ်မရှိ]
ကံနှင့်ကံ၏အကျိုး၊ ကုသိုလ်နှင့် အကုသိုလ် ပြုလုပ်ခြင်း၏ အကျိုးဆက်တို့ကို ဟော
ကြားထား သည်။ ဥပမာပြမှာ
"ဓနပါလသေဋ္ဌိ ပြိတ္တာ" ဇာတ်ကြောင်းဖြစ်သည်။
တရားနာပါ။
ဗုဒ္ဓနည်းကျချမ်းသာစွာနေထိုင်နည်း တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်)
ရန်ကုန်၊
[ခုနှစ်မရှိ]
ဗုဒ္ဓနည်းကျချမ်းသာစွာနေထိုင်နည်း ဖြစ်သော_၁။ ရောင့်ရဲခြင်း၂။ပစ္စုပ္ပန်ကာလတွင်နေ
ထိုင်ခြင်း
၃။ နာမ်နှင့်ရုပ်တို့ ကို အမြဲမပြတ်ရှုကြည့်နေခြင်း (အကောင်းဆုံးအကျင့်) များ ကို ပြည့်စုံစွာဟော ကြားထားသည်။ တရားနာပါ။
မြတ်စွာဘုရား၏ အဆုံးအမ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
သာသနာဆိုသည်မှာ၊ ဗုဒ္ဓမြတ်စွာ ဘုရားများ၏ အဆုံးအမ အကျဉ်းနှင့် စိတ်ကို စင်ကြယ်
စေ
သည့် အကောင်းဆုံးနည်း_ သတိပဋ္ဌာန်တရား စသည်ဖြင့် ဟောကြားထားသည်။
တရားနာပါ။
ရေချိုးခြင်းနှင့် သက်သတ်လွတ် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၅။
နှလုံးသွင်း မှန်ကန်စွာဖြင့် ကောင်းမှုပြုကာ မကောင်းမှုရှောင်ရန်နှင့် သရဏဂုံသုံးပါး
တည်မြဲကြ ရန်ကို အစေခံမကလေး ပုဏ္ဏာနှင့် ပုဏ္ဏားကြီးတစ်ဦးတို့ ၏ ဆွေးနွေးစကား
ကို ကိုးကားလျက် ဟောကြားထားလေသည်။
တရားနာပါ။
ဝိပဿနာရှုဖို့ အကြိမ်ကြိမ်မှာပုံ တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
အဘယ်ကြောင့် ဗုဒ္ဓသည် ဝိပဿနာ ကျင့်ကြံအားထုတ်ရန် အကြိမ်ကြိမ် မှာကြားတော်
မူခဲ့သ နည်း၊ ဝိပဿနာအားမထုတ်ခြင်း၏ရလဒ်၊ အရှင်သာရိပုတ္တရာ ဖွင့်ဆိုတော်မူသော သုခနှင့် ဒုက္ခ ၏ဆိုလိုရင်း စသည်များကို ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။
ဝေဒနာနုပဿနာ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ရန်ကုန်၊ ဒီဇင်္ဘာ ၈၊ ၂၀၀၇။
ဝေဒနာ၏လက္ခဏာ၊ ဝေဒနာသုံးပါး_ သုခ၊ ဒုက္ခနှင့် ဥပေက္ခာ၊ သာမိကဝေဒနာနှင့် နိယာမိက ဝေဒနာ စသော တရားများကိုဟောကြားထားသည်။ ဥပမာပေးဇာတ်ကြောင်း များကား_အရှင် တိဿနှင့် ယခင်က ငှက်မုဆိုးဖြစ်ခဲ့သော ပုတိကာယတိဿ မထေရ်
တို့၏ အကြောင်းများဖြစ် သည်။
တရားနာပါ။
သစ္စာသိ၍ ကျင့်သုံးရန် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) ရန်ကုန်၊ ဒီဇင်္ဘာ ၈၊ ၂၀၀၇။
ဓမ္မကိုတန်ဖိုးထားရသည့်အကြောင်းရင်း၊ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်သရွေ့ ပြုလုပ်
ခြင်း ဖြင့် မိမိကို မိမိချစ်ခင်ကြရန်၊ အနိကာရတ္တ မင်းသားအားသုမေဓါမင်းသမီးဟော
ကြားသော တရား စသည်များ ပါရှိသည်။
တရားနာပါ။
အချိန်နှောင်းပါက / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ အောက်တိုဘာ ၄၊ ၂၀၀၉။
အရှင်တိဿ၏ အကြောင်းကို ဥပမာပေးကာ၊ ငယ်ရွယ်ပြီး ကျန်းမာခိုက်တွင် ၀ိပဿနာ ကျင့်ကြံခြင်းကို အားသွန်ခွန်စိုက် ပြုလုပ်ကြရန် အကြံပု ဟောကြားထားသည်။
တရားနာပါ။
အနှောင်အဖွဲ့တရားတော် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ စက်တင်ဘာ ၂၆၊
၂၀၀၉။
ပုထုဇဉ်တို့  မည်သည့်အခါကမှ သိရှိခြင်းမရှိဘဲ ပယ်သတ်ရန် လျစ်လျူ ရှုလေ့ ရှိကြ
သည့် တကယ့်အနှောင်အဖွဲ့ ဖြစ်သော တဏှာ၏ အကြောင်းကို ပြည့်စုံစွာဟောကြား
ထားသည်။
တရားနာပါ။ 


Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment