Saturday, August 6, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၇)

 
ချမ်းမြေ့ မင်္ဂလာ သင်စရာ တရားတော်(၁) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၃၊ ၁၉၉၈။  
မင်္ဂလသုတ္တန်နိဒါန်းနှင့် ပထမပိုင်း မင်္ဂလာ (၁၄) ပါးကို လင်္ကာဆောင်ပုဒ်များနှင့်အတူ
ရှင်းလင်းဟော ကြားထားသည်။
  တရားနာပါ။
 
ချမ်းမြေ့ မဂ်လာ သင်စရာ တရားတော်(၂) / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၃၊ ၁၉၉၈။ 
ကျန်ရှိသော မင်္ဂလာ (၂၄) ပါးကို လင်္ကာ ဆောင်ပုဒ်များနှင့်အတူ ရှင်းလင်းဟောကြား
ထား
သည်။  တရားနာပါ။
 
မငြိစေနဲ့ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၃၊ ၂၀၀၇။ 
ရာဟုလာအား ဗုဒ္ဓသင်ကြားမှုကို အညွှန်းပြုကာ_အာနာပါန ကမ္မဋ္ဌာန်းကျင့်ရသည့်
ရည်ရွယ်
ချက်နှင့် ပထ၀ီ၊ တေဇော၊ အာပေါ၊ ၀ါယော ဓါတ်ကြီးလေးပါးတို့  ပြုမူသကဲ့သို့  အားထုတ်ရသည့် အာနာပါနကမ္မဋ္ဌာန်းကျင့်စဉ် စသည်ဖြင့် ဟောကြားထားသည်။ 
တရားနာပါ။
 
မိဘကျေးဇူး ဆပ်ဖူးပြီလား / အရှင် ဇဝန (မေတ္တာရှင်) ပဲခူး၊ ၁၃၆၇။ 
မိဘမေတ္တာ၊ မိဘကျေးဇူးဆပ်ခြင်း၏ အကျိုးသက်ရောက်မှု၊ သားသမီး ၀တ္တရားကျေသူ
နှင့် မကျေသူတို့ ၏ ဇာတ်ကြောင်းများနှင့် ဖြစ်ရပ်မှန်များ၊ လူမိုက်၊ အရေးပါလှသော
ဓမ္မအမွေ အစရှိသည့် တရား များကို ဖော်ပြဟောကြားထားသည်။
  တရားနာပါ။
 
မိလက္ခရဟန်းနှင့် သုခသာမဏေ ဥပမာပြ အဓိပတိသုံးပါးထား၍ တရားအားထုတ်ရန်တရားတော် /
ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၆၊ ၁၉၈၆။ 

တဏှာနှင့်ဒိဋ္ဌိ ဦးဆောင်သောလမ်းကို ရှောင်ရှားကြရန်၊ နိဗ္ဗာန်သို့  မျက်မှောက်ပြုနိုင်
ရန်အလို့ ငှါ မဂ္ဂင်လမ်းကို လိုက်ကြရန်၊ နိဗ္ဗာန်ချမ်းသာ ရသည့်တိုင် အဓိပတိ သုံးပါး
တပ်ကာ အားထုတ်ကြရန် နှင့် မိမိတို့ ၏ စိတ်ကို ထိန်းချုပ်နည်း စသည်များကို ဟော
ကြားထားသည်။ ဥပမာပေး ဇာတ် ကြောင်းများကား_မိလက္ခရဟန်းနှင့် သုခသာမဏေ တို့ ဖြစ်ကြသည်။
  တရားနာပါ။
 
မေ့လျော့ခြင်းဘေးအကြီးဆုံးတရား / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ မတ် ၂၉၊ ၁၉၅၄။ 
ကြောက်ရွံ့ ရမည့် အကြီးဆုံးဘေး၊ ယင်းဘေးဖြစ်ရသည့်အကြောင်းရင်းနှင့် မည်သို့ 
ရှောင်ရှား
ရမည်တို့ ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
လောဘကုန်လျှင် နိဗ္ဗာန်ဝင် / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။  
နိဗ္ဗာန် ဟူသည်၊ လောဘ၏အမည်ကွဲများ၊တဏှာနှင့်မေတ္တာကွာခြားချက်နှင့် လောဘ
ကြောင့်ရောက်ရသည့် ဒုက္ခများ အကြောင်းကို ပြည့်စုံစွာဟောကြားထားသည်။ 
တရားနာပါ။
 
လက်ရှိခန္ဓာစွန့် ၍ နောက်ခန္ဓာရခြင်းသည် အပြစ်အကြီးဆုံးသင့်ပုံ တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၅၊ ၁၉၈၆။ 
ဝိပဿနာ အားထုတ်ကာ နောက်ဆုံးနိဗ္ဗာန် ရရှိရေးအတွက် အရေးကြီးသော နှလုံးသွင်း
မှန်ကန်မှု ရှိစေရန် ကိလေသာကို အမြစ်ပြတ် ပယ်သတ်ကြရမည့်အကြောင်း တိုက်တွန်း
ဟောကြားထား သော တရားတော်ဖြစ်သည်။  တရားနာပါ။
 
သောတာပန်တည်ခြင်းအကြောင်းတရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇန္နဝါရီ ၂၄၊ ၁၉၅၅။  
စူးစူးစိုက်စိုက် ရှုမှတ်ခြင်းဖြင့် ထိနမိဒ္ဓ၊ ဥဒ္ဓစ္စ ကုက္ကုစ္စတို့ ကို အနိုင်ယူကြရန် ညွှန်ပြ
ဟော
ကြားထားသည်။  တရားနာပါ။
အစဉ်ပွားများ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၄၊ ၂၀၀၇။ 
ရာဟုလာအား ဗုဒ္ဓ၏ သင်ကြားမှုများ။ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ၊ အသုဘနှင့်
အနိစ္စ သညာ စသော ပွါးများနိုင်သည့် ဘာဝနာအမျိုးမျိုး။ အာနာပါန ကမ္မဋ္ဌာန်းကျင့်စဉ်။
အားထုတ်စဉ် အတွင်း နိဗ္ဗာန်ကို အာရုံပြုခြင်း။ ယင်းတို့ ကို ကျင့်ကြံအားထုတ်ခြင်း၏
အကျိုးတရား စသည်များကို ဟော ကြားထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment