Saturday, July 9, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၃)

 
ဒုက္ခရင်းကာ သုခရှာ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၄၊ ၂၀၀၇။
ဓမ္မကိုရင်းနှီးမြှုပ်နှံကြရန်၊ သစ္စာမသိခြင်း၏အကျိုးဆက်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြုသည်
အထိ အာရုံ
()ပါးပေါ်တိုင်း စိတ်ရှည်သည်းခံကာ ရှုမှတ်ကြရန် (ဆိုလိုသည်မှာ သုခ
ရရှိရန် ဒုက္ခကို အရင်းအနှီးပြုရန်
) တိုက်တွန်း ဟောကြားထားသည်။ တရားနာပါ။

နှစ်ဦးကာလ ဓမ္မလက်ဆောင် / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ 
[ခုနှစ်မရှိ]
လူတို့ ရရှိနိုင်သော ချမ်းသာလေးမျိုးနှင့် ယင်းတို့ အနက်အကောင်းဆုံးချမ်းသာ၊ မင်္ဂလာ အစစ်နှင့် သမ္ပတ္တိ စက်တို့ ကို ဟောကြားထားသည်။ ၄င်းပြင်၊ ဗုဒ္ဓ၏ အဆုံးအမကို လိုက်နာကြရနှ်နှင့် သဒ္ဓါ သီလ စာဂနှင့် ပညာတို့ ရရှိအောင်ပြုလုပ်ကြရန်ကိုလည်း တိုက်တွန်းထားသည်။ တရားနာပါ။

ပြုနိုင်ခဲ့တဲ့အလှူဒါန တရားတော် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဇူလိုင် ၅၊ ၂၀၀၉။
ဗုဒ္ဓ၏ဒါနပြုရသည့်ရည်ရွယ်ချက်၊ နိဘတ္တ ဒါန (စဉ်ဆက်မပြတ်ပေးလှူခြင်း) နှင့် ပက္ခိတ
ဒါန
(နှစ်ပါတ်တစ်ကြိမ်ဒါနပြုခြင်း_ ရှားပါးသောအလှူ အမျိုးအစား) စသည်တို့ ကို ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။

ရာဟုလာကို အမွေပေးသောတရားတော် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ စက်တင်ဘာ ၇၊ ၂၀၀၉။
အမ္ဗလဋ္ဌိက ရာဟုလောဝါဒ သုတ္တန်ကို ဟောကြားရာ၌၊ ဗုဒ္ဓကရာဟုလာအား ခြေဆေး
ဇလုံတွင်း မှရေ၊ ကြည့်မှန်နှင့် စွယ်စုံတိုက်ဆင် စသော ဥပမာများပေးကာ ဟောကြား
ထားသော အဆုံးအမ ဖြစ်သည့် အ ဓိကအားဖြင့် လိမ်လည်ပြောဆိုခြင်းမပြုရန်၊
ကာယကံ၊ ၀စီကံ၊ မနောကံ အမှုတို့ ကို မပြုလုပ်မီ ကြိုတင်စဉ်းစားဆင်ခြင်ကြည့်ကြ ရန်နှင့် ကောင်းမှု ကိုပြုလုပ်ပြီး မကောင်းမှုကို အစဉ် ထာဝရ ရှောင်ကြဉ်ကြရန်စသော တရားများပါဝင်သည်။
တရားနာပါ။

ရှုကွက်၊ ရှုချက် ပိုင်ပါစေ / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၀၊ ၂၀၀၇။
တရားအားထုတ်ရာတွင် ရှုကွက်နှင့် ရှုချက်ကိုက်ညီစေရန် မည်သို့ ဆောင်ရွက်ရမည့် အကြောင်းနှင့် တရားအားထုတ်နေစဉ်အတွင်း မိမိကိုယ်မိမိ ဆွံ့ အသူ၊ မျက်မမြင်နှင့် မကျန်းမာသူ ကဲ့သို့  ပြုမူကျင့်ကြံ ကြရန် လမ်းညွှန်ဟောကြားထားသည်။ တရားနာပါ။

သေမင်းတမန် သတ်နည်း တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
မဂ်ဖြင့်သေမင်းတမန်များဖြစ်ကြသော တဏှာ ဥပါဒါန်နှင့် ကံ တို့ ကိုပယ်သတ်နည်းကို ရှင်းလင်း ဟောကြားထားသည်။ တရားနာပါ။

အကောင်းဆုံးလက်ဆောင် / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊
[ခုနှစ်မရှိ]
လူတို့ ၏သက်တမ်းကို ဆယ်စုနှစ်အလိုက် ခွဲခြားရှင်းလင်းပြခြင်း၊ တစ်စက္ကန့် အတွင်း
ပြောင်းလဲမှု များဖြစ်ပေါ်သည်ကို ပိုင်းခြား၍ သိသည်အထိ မိမိကိုယ်မိမိ ဆင်ခြင်
သုံးသပ်ရန်၊ အရှိကိုအရှိ အတိုင်းသိခြင်းနှင့်တကွ ပစ္စုပ္ပန်ကာလ၌ တရားအားထုတ်ခြင်း
ကို မဆိုင်းမတွ ပြုလုပ်ကြရန် စသည်ဖြင့် စုံလင်စွာ ဟောကြားထားသည်။
တရားနာပါ။

အဖုံးနှစ်ချပ် ဖွင့်ကြည့်မှ နိဗ္ဗာန်မြင်ရပုံ / ဦးဝိမလ (မိုးကုတ်ဆရာတော်) မိုးကုတ်၊ ဇွန် ၁၈၊ ၁၉၆၂။
နိဗ္ဗာန်ကို ဖုံးကွယ်ထားသော အ၀ိဇ္ဇာနှင့်တဏှာ၊ ဖြစ်ပျက်ခန္ဓာတို့ ကိုဖယ်ရှားခြင်းဖြင့်
သစ္စာကို သိရှိစေပုံကို ဟောကြားထားပြီး၊ အရှင်နာဂသိန်နှင့် ၀ိဒေဟမင်း တို့ ၏ တရားဆွေးနွေးသော အကြောင်းကို ဖေါ်ပြထားသည်။
တရားနာပါ။

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း () ပါး () / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်
) ရန်ကုန်၊ ၁၃၅၃။
ပေါ်ခိုက်ရုပ်နာမ်ကိုရှုမှတ်ခြင်း၊ ပညတ်ကိုပယ်ကာပရမတ်ကိုရှုကြည့်ခြင်းနှင့် ဝေဒနာ
နုပဿနာ ကျင့်စဉ် အကျဉ်း စသောတရားများကို ရှင်းလင်းဟောကြားထားသည်။

တရားနာပါ။

ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း () ပါး () / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ
ဆရာတော်
) ရန်ကုန်၊ ၁၃၅၃။
အမြဲမပြတ်ရှုမှတ်ခြင်း၊ သမ္ပဇဉ်အမျိုးအစားများ၊ သွား ရပ်ထိုင် လျောင်း ဣရိယာပုထ်
လေးပါးဖြင့် အရှေ့ သို့ တက်ခြင်း၊ အနောက်သို့ ဆုတ်ခြင်းနည်းများအရ တရား အားထုတ်ပုံ နှင့်တကွ မြတ်စွာ ဘုရားအား ကိုးကွယ် ဆည်းကပ်ရခြင်း၏ အကျိုးတရား များကို ပြည့်စုံစွာ ဟောကြားထားသည်။
တရားနာပါ။


Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment