လောကီနှင့်လောကုတ္တရာ နှစ်မျိုးလုံး အတွက် ကြီးပွါးကြောင်းရာ (၇)ဖြာကို ရဟန္တာဖြစ် သွားသော မုဆိုးတစ်ဦး၏ ဇာတ်ကြောင်း ဥပမာပြဖြင့် ပြည့်စုံစွာရှင်းလင်းဟောကြားကြွေးတင် ရှင်ဘုရင်ဆပ် / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၉။
ထားသည်။ တရားနာပါ။
လောကတွင် မြတ်စွာဘုရား အဘယ်ကြောင့် ပေါ်ထွန်းတော်မူခဲ့ရကြောင်းကို ရှင်းပြ
ဟောကြား ထားပြီး၊ နိဗ္ဗာန်သည် ရရှိသင့်သော အမြတ်ဆုံးချမ်းသာ ဖြစ်ကြောင်းကို
မြတ်စွာ ဘုရားနှင့် ဆင်းရဲ ဒုက္ခရောက်နေသည့် ပုဏ္ဏားတစ်ဦးတို့ ၏ ဆွေးနွေးမှုကို ကိုးကားလျက် ဟောကြားထား သည်။ တရားနာပါ။
စေတောခိလငါးပါး တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊
စက်တင်ဘာ ၂၃၊ ၁၉၉၃။
သတိပဋ္ဌာန်နှင့် စပ်လျဉ်း၍ ဆိုလိုရင်း၊ အမျိုးအစားနှင့် ကျင့်စဉ်ကိုဖေါ်ပြထားသည်။ ထို့ပြင်၊ ဒေါသနှစ်မျိုး၊ မေ့လျော့ခြင်း_ပမာဒတရားနှင့် သတိရှိခြင်း_အပ္ပမာဒတရား၊ လူတို့အဘယ်ကြောင့် သေဆုံးနေကြရကြောင်းနှင့်အတူ၊ စိတ်ကိုကြမ်းတမ်းစေသော အကြောင်းအချက်များနှင့် ယင်းသို့ မဖြစ်အောင် တားဆီးကာကွယ်နည်း စသည့် တရားများကို ဟောကြားထားသည်။ တရားနာပါ။
တစပဉ္စက ကမ္မဋ္ဌာန်း တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်[ခုနှစ်မရှိ]
သံကစ္စသာမဏေ၏ဖြစ်ရပ်ကိုညွှန်ပြကာတစပဉ္စကကမ္မဋ္ဌာန်းကျင့်စဉ်ဖြင့်သမာဓိရ
အောင် ပြုလုပ်ပြီးနောက် ၀ိပဿနာအားထုတ်ပုံကို ဟောကြားထားသည်။ တဖန်၊
မဂ်ဥာဏ် ဖိုလ်ဥာဏ်နှင့် ပတ်သက်၍ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အမျိုးအစားနှင့် မဂ်ဥာဏ်
က ကိလေသာကို တစ်ဆင့်ပြီး တစ်ဆင့် ပယ်သတ်သွားခြင်းကို စေ့ငှစွာ ရှင်းလင်း
ဟောကြား ထားသည်။ တရားနာပါ။
တရားကျင့်ခြင်း ဆိုသည်မှာ၊ တရားကျင့်ရန် အကောင်းဆုံး အချိန်နှင့် တရားအား
ထုတ်သူတွင် ရှိရမည့်အချက်အလက်များ စသည်တို့  ပါဝင်သည်။ တရားနာပါ။
ဗုဒ္ဓဘာသာဝင်တို့အတွက် အရေးကြီးသော အခြေခံ (၂) ချက် / အရှင် ဇဝန(မေတ္တာရှင်)
ရန်ကုန်၊ [ခုနှစ်မရှိ]
ဖါးနတ်သား အကြောင်းနှင့် အခြားသော ဖြစ်ရပ်မှန်များဖြင့် သရဏဂုံသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ခြင်းစသော ဗုဒ္ဓဘာသာဝင်တို့ အတွက် အရေးကြီးသည့် အခြေခံအချက် (၂) ချက်ကို ဟောကြားထားပြီး ဗုဒ္ဓ၏ ခရီးသွားနည်းနှင့် ဘာသာရေး အမေးအဖြေများကိုလည်း ဖေါ်ပြထားသည်။ တရားနာပါ။
ဗုဒ္ဓအလိုကျ ဒါနပြုနည်း / အရှင် ဇဝန (မေတ္တာရှင်) ဘိုကလေး၊ ၁၃၆၇။
အဘယ်ကြောင့် လူတို့ ဒါနပြုကြသနည်း။ ဗုဒ္ဓ၏ ဒါနပြုခြင်း ရည်ရွယ်ချက်နှင့်
သပ္ပုရိသဒါန၏ အင်္ဂါရပ်များကို သပ္ပုရိသဒါန သုတ္တန်ကို အခြေခံလျက် ဟောကြား
ထားသည်။ တရားနာပါ။
သညာသိနှင့် ပညာသိ / ဒေါက်တာ ဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) မန္တလေး၊
၁၃၇၁။
ပညာနှင့်သညာတို့ ၏ခြားနားချက်ကို ဥပမာများစွာဖြင့် ဖေါ်ပြထားပြီး၊ ရှိရမည့်
ပညာ အမျိုးအစား နှင့် ရရှိအောင် ဆောင်ရွက်ပုံတို့ကို သေချာစွာ ဟောကြားထား
သည်။ တရားနာပါ။
အနာဂါတ် ဘေးငါးပါး (၁) / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
အနာဂတ်ဘေးငါးပါးနှင့် ယင်းတို့ ကို သတ္တ၀ါများက မည်သို့ စောင့်မျှော်နေကြပုံကို
ရှင်းပြ ထားသည့်ပြင်၊ ဆိုင်းငံ့ခြင်းမရှိဘဲ ၀ိပဿနာတရားအားထုတ်ကြရန်ကိုလည်း
တိုက်တွန်းဟောကြားထားသည်။ တရားနာပါ။
အနာဂါတ် ဘေးငါးပါး (၂) / ဦး ဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
သတ္တ၀ါများအတွက် ဗုဒ္ဓ၏ဆန္ဒ သုံးခုနှင့်အနာဂတ်ဘေးငါးပါးကိုထင်ရှားစွာ ဟော
ကြားထားကာ၊ ၀ိပဿနာ တရားကို ကြိုတင်အားထုတ်ထားကြရန် မိန့် ကြားထား
သည်။ တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်
No comments:
Post a Comment