Saturday, June 25, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၁)


ဘယသုတ်ဒေသနာတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
ဘေးနှစ်မျိုးကို ရှင်းလင်းဟောကြားထားပြီး၊ ဗုဒ္ဓ၏ ယင်းဘေးတို့ မှ လွတ်မြောက်သော နည်းလမ်း (မဂ္ဂင်ရှစ်ပါး အကျင့်တရား)ကိုလည်း ဖေါ်ပြထားသည်။ တရားနာပါ။
လမ်းရှင်းလေမှ ရှုပွားရ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။ 
ပညတ်နှင့်ပရမတ်၊ အတ္တနှင့်အနတ္တ၊ နာမ်နှင့်ရုပ်၊ အကြောင်းနှင့်အကျိုး စသည်တို့ ကို 
ကွဲပြား စွာသိရှိ ပြီးမှသာ ၀ိပဿနာဘာဝနာ ပွါးများကြရန် အကြောင်း၊ မေတ္တာ ဂရုဏာ
မုဒိတာ စသော ဗြဟ္မစိုရ် တရားသုံးပါးပွါးများပုံ၊ ဝေဒနာနှင့်ရောဂါတို့၏ ဆိုလိုရင်းနှင့်
ဝဋ်သုံးပါး အကြောင်းများကိုရှင်း လင်း
စွာ ဟောကြားထားသည်။ တရားနာပါ။
သင်္ခါရ တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
မဂ်ဉာဏ် ရရှိရေးအတွက် သင်္ခါရတရားကို ဒုက္ခ္ခသစ္စာအဖြစ် ပိုင်းခြား၍ သိသည်အထိ
ရှုပွါးကြရန် တိုက်တွန်းဟောကြားထားသည်။
တရားနာပါ။
သစ္စာလေးပါး တရားတော် / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီးဆရာတော်) အောင်ပန်း၊ ဇွန် ၁၂၊
၂၀၀၅။
သင်္ဂါရ ရသနှစ်မျိုးဖြစ်သည့် ကမ္မနှင့် ဓမ္မ သင်္ဂါရ ရသကို ဖေါ်ပြထားပြီး၊ အရှင်သာရိ
ပုတ္တရာနှင့် အရှင်မောဂ္ဂလ္လန်လောင်းလျာများဖြစ်ကြသော ဥပတိဿနှင့် ကောလိတ
တို့ ၏ ဇာတ်ကြောင်း ကို ကိုးကားလျက် ကမ္မသင်္ဂါရရသမှဓမ္မသင်္ဂါရသ အဖြစ်သို့ 
ပြောင်းလဲ ကြရန် ရှင်းလင်းဟော ကြားထား
သည်။ တရားနာပါ။
သည်းခံကျင့်ဟာ မြတ်ဆုံးပါ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၆။
သည်းခံခြင်း (ခန္တီ) သည်ကုသိုလ်မှန်သမျှ၏ အရင်းအမြစ်ဖြစ်ပုံကို ရှင်းလင်းဟော
ကြား
ထားသည်။ ၄င်းအပြင်၊ သည်းခံခြင်း၏ အကျိုးကျေးဇူး များကို လင်္ကာဆောင်ပုဒ်     များဖြင့် သာမက "ခန္တီဝါဒီ ရသေ့" ( ဂေါတမမြတ်စွာဘုရားလောင်းလျာ) နှင့် "ကလာ      ဗုမင်း" (ဒေ၀ဒတ်လောင်း) တို့ ၏ဇာတ်ကြောင်း ဖြင့် ဟောကြားထားသည်။           တရားနာပါ။
သဒ္ဓါ တရားတော် / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ ၁၃၆၃။
သဒ္ဓါအကြောင်းနှင့် စပ်လျဉ်း၍၊ အဓိပ္ဂါယ်ဖော်ပြချက်၊ အမျိုးအစား၊ အလားတူဖြစ်ခြင်း
နှင့် အဇာလ သဒ္ဓါ ဖြစ်အောင်ပြုလုပ်ပုံများကို ဟောကြားထားသည်။ ထို့ အတူ၊ နတ်     များသေ ဆုံး ခါနီးတွင် တွေ့ 
ရသော နိမိတ်နှင့် ယင်းနတ်များအား အခြားသော         နတ်များ၏ မှားကြားချက်၊ ဒါနအကျိုးနှင့် သတိပဋ္ဌာန်ကျင့်စဉ်များကိုလည်းဟော ကြားထားသည်။ တရားနာပါ။
အမှောင် ၅ စင်း အလင်း ၅ ချက် [] (ပဋိစ္စသမုပ္ပါဒ် သင်တန်း) / ဦးဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) အာင်ပန်း၊ ဇွန် ၁၆၊ ၂၀၀၅။
မဂ်ဉာဏ်ကို ဖုံးအုပ်ထားသော အ၀ိဇ္ဇာအမှောင်ကို ဖေါ်ပြရာတွင်_သစ္စာလေးပါး၊ ခန္ဓာ  သံသရာ၊ ဥပပတ္တိဘ၀နှင့် ဘ၀ဒုက္ခတို့ ကို ရှင်းပြဟောကြား ထားသည်။ တရားနာပါ။
အာဇီဝဋ္ဌမကသီလ တရားတော် / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ဆရာတော်) ရန်ကုန်၊                သြဂုတ် ၁၁၊ ၂၀၀၅။
ဗုဒ္ဓဘာသာဝင်များနှင့်ကျွမ်းဝင်မှုမရှိလှသောအာဇီဝဋ္ဌမကသီလကို ပြည့်စုံစွာ ဟော ကြားထားပြီး၊ သီလနှင့်ဝိပဿနာခြားနားချက်ကိုလည်းရှင်းလင်းဟောကြားထား    သည်။ တရားနာပါ။
ဣနြေ္ဒထက်ကြောင်း တရားတက်ကြောင်း () ပါး () / အရှင်ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ 
ဆရာတော်) ရန်ကုန်၊ ၁၃၅၃။
ဝိပဿနာအားထုတ်ခြင်း၏အကျိုးကျေးဇူးများ၊ ၀ိပဿနာအားထုတ်ခွင့်ရရန်အခက်အခဲ၊ ဣနြေ္ဒငါးပါး၊ သဒ္ဓိနြေ္ဒ၊ ကုန်ပျက်ခြင်းသို့  စိတ်ကိုညွတ်ကာ အနိစ္စကို သိမြင်အောင်        ကျင့်ကြံ အားထုတ်ခြင်းစသည်များကို ဟောကြားထားသည်။ တရားနာပါ။
အိပ်ခြင်းမှနိုးပြီး မဂ္ဂင်ဖောင်ပြင်ရန် တရားတော် / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ဝိပဿနာအားထုတ်ခြင်း၏ အကျိုးနှင့် အားမထုတ်ခြင်း၏အပြစ်ကို ရှင်းလင်းဟော      ကြားထားသည်။ တရားနာပါ။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment