Saturday, June 11, 2011

ထေရဝါဒ ဓမ္မ အသံစု (၁၉)

 ဆန္ဒာဓိပတိ / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ 
 [ခုနှစ်မရှိ]
ဘုရားအလောင်းတော် သုမေဒါ ရှင်ရသေ့ နှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန် 
စံခါနီး တွင်မှ ရဟန္တာဖြစ် ရသော သုဘဒ္ဒ ကျွတ်တန်းဝင်ရေးအတွက် ဆုံးမတော်မူရန် သေခြင်းကို ဆိုင်းငံ့တော်မူထားသည့် ဂေါတမဗုဒ္ဓ တို့ 
အား ဥပမာပြုကာ ဆန္ဒာဓိပတိကို ထင်ရှားစွာ ဟောကြားထားသည်။ 
ထို့ ပြင်၊ နိယတ ဗျာဒိတ် ခံယူရန်လိုအပ်သောအချက်()ခုကိုလည်း
ဖေါ်ပြထားသေးသည်။ တရားနာပါ။
နောင်တ (၁၀) ပါး / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) ရန်ကုန်၊ ၁၃၅၈။
ကောသလမင်းကြီးအား မြတ်စွာဘုရား ဟောကြားထားသည့် နောင်တ
(၁၀) ပါးဖြစ်သော_ ၁။ ငယ်ရွယ်စဉ်တွင် ဥစ္စာပစ္စည်း မရှာဖွေခြင်း၊ 
၂။ ငယ်ရွယ်ချိန်မှာပညာမဆည်းပူးခြင်း၊ ၃။ချစ်ခင်နေကြသောမိတ်ဆွေ အချင်းချင်းကွဲကွာအောင် ပြုလုပ်ခြင်း၊ ၄။ သူ့ အသက်သတ်ခြင်း၊ ၅။ 
သူတပါးသားမယားကို ပြစ်မှားကျူးလွန်ခြင်း၊ ၆။ အလှူဒါနမပြုလုပ်ခြင်း၊ 
၇။ အဆုံးအမကို မလိုက်နာခြင်း၊ ဂ။ ပညာရှိများထံမှ သင်ယူမှုမပြုခြင်း၊ 
၉။ မိဘတို့ အားပြုစုစောင့်ရှောက်မှုမရှိခြင်းနှင့် ၁၀။ တရားအားထုတ်မှု
မပြုလုပ်ခြင်း စသည်တို့ ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ပါရဂူ / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ ဖေဖေၞဝါရီ ၁၈၊ ၂၀၀၄။
့ပါရဂူ ၏အဓိပ္ပါယ်၊ ဗုဒ္ဓညွှန်ပြသော ပါရဂူ ခြောက်မျိုးနှင့် ပါရဂူဖြစ်အောင် 
ကြိုးစားကြရန် တိုက်တွန်းချက် စသည်တို့ ပါရှိသည်။ တရားနာပါ။
ဖြစ်ပျက်ရှုနည်း သင်ပေးပုံ အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
ခန္ဓာကပြောသည်ကို ဉာဏ်ဖြင့်ဆုံးဖြတ်ကာ ယုံကြည်ကြရန်အကြောင်း၊ 
ခန္ဓာ ဉာဏ်ရောက်ဖြစ်ကာနောက်ဆုံး၌ နိရောဓသစ္စာဆိုက်ပုံအကြောင်း တို့ ကို သေချာစွာဟော ကြားထားသည်။ တရားနာပါ။
မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ / ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ 
 ITBMU) ရန်ကုန်၊ [ခုနှစ်မရှိ]
ဗုဒ္ဓညွှန်ပြသော လောကီနှင့် လောကုတ္တရာ အကျိုးကျေးဇူးများ၊ပစ္စုပ္ပန်
ကာလနှင့် သေဆုံးပြီး သည့်နောက်တွင် ချမ်းသာစစ်ကို ရရှိစေရန် 
ပို့ဆောင်ပေးသော အခြေအနေများကိုဟောကြားထားပြီး၊ ၀ိပဿနာ
တရား အားထုတ်ကြရန်ကိုလည်း တိုက်တွန်းထားသည်။ တရားနာပါ။
ဝေဒနာနုပဿနာ ရှုပွားနည်း (၀ါးနှစ်လုံးပွတ် ဥပမာပြ) / ဦးဝိမလ (မိုးကုတ်
ဆရာတော်) [ခုနှစ်မရှိ]
ဝိပဿနာအလုပ်ဟူသည် မိမိကိုယ်တိုင် အားထုတ်ရမည့် အလုပ်ဖြစ်ပြီး 
ရလဒ် မှာ သူ့ အလိုလို လိုက်ပါ၍ လာမည်ဖြစ်ကြောင်းကို ၀ါးနှစ်လုံးကို
ပွတ်ကာ မီးရ အောင်ပြုလုပ်သည့် ဥပမာဖြင့် ဟောကြားထားသည်။ မိမိ
စိတ်၏ ဖြစ်ခြင်းနှင့် ပျက်ခြင်းတို့ ကိုလည်း ရှုမှတ်မှု ရှိကြရန်နှိုးဆော် 
ထားသေးသည်။ တရားနာပါ။
သိသူမပါလမ်းမသာ / ဒေါက်တာ အရှင် ဆေကိန္ဒ (ဓမ္မဒူတ) ရန်ကုန်၊ ဩဂုတ် ၂၆၊ 
၂၀၀၃။
လုပ်ရပ်အားလုံးတွင် ဦးဆောင်လမ်းညွှန်မှု အရေးကြီးပုံ၊ သဒ္ဓါသုံးမျိုး_
ပါသန္န၊ ဩကပ္ပ္ပနှင့် အဓိဂမသဒ္ဓါ၊ မေတ္တာကမ္မဋ္ဌာန်းနှင့် နိဗ္ဗာန်ရရှိအောင်
ကြိုးကုတ် အားထုတ်ခြင်းတို့ ကို ဟောကြားထားသည်။ တရားနာပါ။
သင်္ခါရနှင့် လက္ခဏာ / အရှင် ပညာဇောတ (တောင်စွန်း၊ ဓမ္မဒူတ) တောင်ငူ၊  
၁၃၅၉။
ခန္ဓာငါးပါးဟူသည်ကားအဘယ်နည်း၊ ရုပ်နှင့်နာမ်တို့ ကို ရှုကြည့်ပုံ 
နည်းလမ်း မှန် စသည်တို့ ကို ဟောကြားထားသည်။ တရားနာပါ။
အမှောင် ၅ စင်း အလင်း ၅ ချက် [] (ပဋိစ္စသမုပ္ပါဒ် သင်တန်း) / ဦးဣန္ဒာဝုဓာ
ဘိဝံသ (ထူးကြီးဆရာတော်) အောင်ပန်း၊ ဇွန် ၁၂၊ ၂၀၀၅။
အမှောင်(အ၀ိဇ္ဇာ) ငါးမျိုး၊ လောကဆိုသည်မှာ၊လောကသုံးပါး_သင်္ခါရ၊ 
ဩကာ သနှင့် သတ္တေ လာက၊ ပုထုဇဉ်တို့ ၏အမှား၊ ကမ္မဿကတ
ဉာဏ်ကိုဖုံးကာထားသော အ၀ိဇ္ဇာအကြောင်း ရှင်းလင်းချက် စသည်ဖြင့်
ဟောကြားထား သည်။ တရားနာပါ။
အမှောင် ၅ စင်း အလင်း ၅ ချက် [] (ပဋိစ္စသမုပ္ပါဒ် သင်တန်း) / ဦးဣန္ဒာဝုဓာ
ဘိဝံသ (ထူးကြီးဆရာတော်) အောင်ပန်း၊ ဇွန် ၁၃၊ ၂၀၀၅။
ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်၊ နိဗ္ဗာန်မျက်မှောက် ပြုနိုင်ရေးအတွက် 
ဦးစွာဒိဋ္ဌိ ကိုဖြုတ် ကြရန်၊ ရုပ်နှင့်နာမ်တို့ ကို ဖုံးအုပ်ထားသော အ၀ိဇ္ဇာ
အမှောင်ကိုဖယ်ခွါ အလင်းရစေခြင်း စသည့် တရားများကိုဟောကြား
ထားသည်။ ဥပမာပြမှာ၊အဦးဆုံး ပစ္စည်းများကိုသာ လှူဒါန်းသည့် 
"ပဉ္စကဒါယကာပုဏ္ဏား" ဇာတ်ကြောင်းဖြစ်သည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment