Saturday, June 18, 2011

ထေရဝါဒ ဓမ္မ အသံစု (၂၀)

ကံနှင့်ကံ၏အကျိုးပေးနယ်ထဲ ပျော်ပိုက်၍ မနေပါနဲ့တရားတော် / ဦးဓမ္မသာရ  
(ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊ စက်တင်ဘာ ၂၊ ၁၉၈၆။
ကံနှင့်ကံအကျိုးပေးဖြင့်သာကျေနပ်ကာနေမည့်အစားဝိပဿနာတရားအားထုတ် ကြရန်ကို ဇောတိကသူဋ္ဌေး ဇာတ်ကြောင်းဥပမာပေးလျက်ဟောကြားထားသည်။
ထို့ ပြင်၊ သမထ၏ဆိုလိုရင်းနှင့် ၀ိပဿနာ၊ မဂ်၊ ဖိုလ်နှင့် နိဗ္ဗာန်တို့ကိုလည်း ရှင်း
လင်းဟောကြား ထားသည်။ တရားနာပါ။
စောင်းဥပမာပြ အလုပ်ပေးတရား / ဦးဝိမလ (မိုးကုတ်ဆရာတော်) [ခုနှစ်မရှိ]
ပဋိစ္စသမုပ္ပါဒ် ဖြတ်ကြရန် လမ်းညွှန်ထားပြီး၊ အနိစ္စ ဒုက္ခ အနတ္တ မှတပါးအခြား
မရှိသောခန္ဓာ၏အကြောင်းကို မြတ်စွာဘုရားပြတော်မူခဲ့သည့် စောင်းဥပမာဖြင့်
ဟောကြားထား သည်။ တရားနာပါ။
တစ်နေ့ကုန်သွားရင် / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ ဧပြီ ၁၄၊ ၂၀၀၆။
သုရုန္ဓနမင်းဇာတ်ကြောင်းကို ကိုးကားကာ ခန္ဓာသည် တစ်နေ့ ပြီးတစ်နေ့သေခြင်း
ဆီသို့  ချဉ်းကပ်လျက် ရှိနေပုံကို ဟောကြားထားလျက်၊ မသေမီ ၀ိပဿနာတရား အားထုတ်ကြရန်နှင့် အဆင့်မြင့် ဗုဒ္ဓဘာသာ ဖြစ်ကြစေရန် တိုက်တွန်းထားသည်။ 
ဝိပဿနာရှုပွားနည်း (မျောက်ဥပမာပြ) အလုပ်ပေး / ဦးဝိမလ (မိုးကုတ်ဆရာတော်) 
[ခုနှစ်မရှိ]
ဝိပဿနာအလုပ်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် အလိုႛငှါ ခန္ဓာ၏ ဖြစ်ခြင်းနှင့် အစား
ထိုးခြင်းသဘာဝကို သိရှိစေရန်အမြဲမပြတ်ရှုကြည့်ကြစေလိုကြောင်းမျောက်နှင့်
 မျောက်ပိုင်ရှင်ကို ဥပမာပေးကာဟောကြား ထားသည်။ တရားနာပါ။
သမ္မာဒိဋ္ဌိ ()မျိုး တရားတော် / ဦးဓမ္မသာရ (ဆင်ဖြူကျွန်းဆရာတော်) ဆင်ဖြူကျွန်း၊
စက်တင်ဘာ ၁၊ ၁၉၈၆။
သမ္မဒိဋ္ဌိ ()မျိုးကို ဖော်ပြထားကာ ၀ိပဿနာတရား အားမထုတ်ကြမီ ဒိဋ္ဌိ အရင်
ဖြုတ်ကြရန်၊ စေတာနုပဿနာ နှင့် ဗုဒ္ဓဘာသာစစ်မှန်ကြရေး စသည်ဖြင့် ဟော
ကြားထား သည်။ တရားနာပါ။
အပါယ်သြဃဆွဲချမည့်သူ / အရှင်ဇဝန (မေတ္တာရှင်) ရန်ကုန်၊ ၁၃၆၇။
အပါယ်သို့ ဆွဲချမည့် ကိလေသာ (၁၀)ပါးအကြောင်းကို ဥပမာများပေးကာ ထင် လင်းအောင် ဟောတော်မူထားပြီး သက္ကာယဒိဋ္ဌိဖြုတ်ပုံနှင့်တကွ ဗုဒ္ဓ၏ တရားကျင့် စဉ်ကိုပါ ဟောကြားထားသည်။ တရားနာပါ။
အမြတ်ဆုံးတရား () ပါး / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မေ ၅၊ ၂၀၀၆။
အမြတ်ဆုံးတရား () ပါးကို ဖော်ပြထားပြီး၊ အဘယ်ကြောင့် အမြတ်ဆုံးဟုခေါ်
ရပုံကို ဥပမာဇာတ်ကြောင်း တစ်ခုဖြင့် ရှင်းလင်းဟောကြားထားသည်။ 
အမှောင် ၅ စင်း အလင်း ၅ ချက် [] (ပဋိစ္စသမုပ္ပါဒ် သင်တန်း) / ဦးဣန္ဒာဝုဓာဘိဝံသ 
(ထူးကြီး ဆရာတော်) အောင်ပန်း၊ ဇွန် ၁၄၊ ၂၀၀၅။
ပဋာစာရီ ဇာတ်ကြောင်းကို ကိုးကား၍ ခန္ဓာပဋိစ္စသမုပ္ပါဒ်ကို ဖုံးလွှမ်းထားသည့် 
အ၀ိဇ္ဇာအကြောင်းကို ထင်ရှားစွာ ဟောကြားထားသည်။ တရားနာပါ။
အမှောင် ၅ စင်း အလင်း ၅ ချက် [] (ပဋိစ္စသမုပ္ပါဒ် သင်တန်း) / ဦးဣန္ဒာဝုဓာဘိဝံသ 
(ထူးကြီး ဆရာတော်) အောင်ပန်း၊ ဇွန် ၁၅၊၂၀၀၅။
လက္ခဏာဉာဏ်ကို ဖုံးကွယ်ထားသည့် အ၀ိဇ္ဇာအမှောင်နှင့် စပ်လျဉ်း၍ ဟောကြား
ရာ၌ လက္ခဏာဉာဏ်၏ ဆိုလိုချက်နှင့်ဆောင်ရွက်ပုံကို ရာဇဂြိုဟ်ပြည်၏နာမည်
ကျော်ကြားသော ပြည့်တန်ဆာမ "သီရိမာ" ကို ကိုးကားပြဆိုထားသည်။  
အားကိုးရာမှန် / အရှင်ဇဝန (မေတ္တာရှင်) သုံးခွ၊ ၁၃၆၇။
ပုထုဇဉ်များ တင်ကြိုမသိနိုင်သည့် အခြေအနေများ၊ အပါယ်မလားနိုင်သော 
ပုထုဇဉ်အမျိုးအစားနှင့် သရဏဂုံ တည်သူအတွက် အကျိုးရလဒ် စသောတရား
များကို ဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment