Saturday, May 24, 2014

ဓမ္မသုတ (၃၉)


ကုသိုလ်မေ့ ဘေးတွေ့ 
ကုသိုလ်ကို မမေ့ပါနှင့်၊ ကုသိုလ်ကို မေ့လျှင် ကုသိုလ်ကလည်း
ပြန်လည်၍ မေ့ပါလိမ့်မည်။
ကုသိုလ်ကို မေ့ပါက ဘေးတွေ့ ကြပါမည်။
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ သတ်ပူဇော်က အသတ်ခံရ တရားတော်။
လောကီကုသိုလ်
လောကီ ဒါန သီလ သမထ ကုသိုလ်များသည် မှိုင်းနှင့်တူသည်။ ပုထုဇဉ်လူသားများကား မီးပုံးပျံ အလားဖြစ်၏။ မီးပုံးပျံသည် မှိုင်းအားအစွမ်း ရှိသလောက် အထက်သို့ တက်နေတတ်သည်။ မှိုင်းအားကုန်သော် အောက်သို့ ဇောက်ထိုးမိုးမျှော် ပြန်ကျတော့သည်။
ပုထုဇဉ်များသည်လည်း မိမိတို့ ပြုလုပ်ထားသလောက်သော ကုသိုလ်က လူ့ဘုံ နတ်ဘုံ ဗြဟ္မာဘုံတို့သို့ ပို့ပေးလေသည်။ ယင်းပြုလုပ်ထားသော ကုသိုလ်ကံ ကုန်သည်နှင့်အမျှအပါယ်သို့
ထိုးဆင်းကြရမြဲတည်း။
 
ဇဝန၊
အရှင် (မေတ္တာရှင်)။ လူငယ်များအတွက် ဂမ္ဘီရဝိပဿနာ၊ ၁-၂။
Posted by အေးဆက်

No comments:

Post a Comment