Tuesday, June 3, 2014

ထေရဝါဒ ဟောဓမ္မ (၃၃)


ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ တစ်ယောက်ထဲနေ တစ်စိတ်ထဲ ထား။ ရန်ကုန်၊ ၁၇ ဒီဇင်ဘာ ၁၉၉၆။
အဘယ်ကြောင့်တစ်ယောက်ထဲနေတစ်စိတ်ထဲထားရကြောင်း၊
သတိပဋ္ဌာန် အားထုတ်စဉ် အပေါင်း အဖေါ်နှင့်နေပါက ရရှိမည့် အကျိုးဆက်၊ တရားအားထုတ်ခိုက် စကားပြောခြင်း၏ အပြစ်၊ တစ်စိတ်ထဲ ထားခြင်းသည် တစ်ယောက်ထဲနေသည်ထက် ပို၍ အဓိကကျပုံ၊ ဝိပဿ       နာစိတ် အချိန်တိုင်း ဖြစ်နေစေရန် မရွေး ချယ်ရမည့် အချက်များ အစရှိသော တရားတို့ကို ရှင်းလင်းဟော ကြားထားသည်။

ဆန္ဒာဓိက၊ အရှင် (ရွှေပါရမီတောရ)။ မသေခင် ဘာလုပ်ကြမလဲ။ [ခုနှစ်မပါ]
လောကဓံတရား၊ သေခြင်းနှင့် စပ်လျဉ်း၍ မသိနိုင်သည့် အချက်ငါးခု၊ ချမ်းသာ ခုနစ်ပါး၊ လူကို အသက်တိုလွန်းပုံ ဥပမာများ၊ အာရဋ္ဌ ဆရာကြီး လက်ထက်က ရောဂါ ခြောက်မျိုး၊ ခန္ဓာနှင့် သေခြင်းတရား စသော တရားများကို ဖေါ်ပြဟော ကြားထားသည်။
ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့ ဆရာတော်)။ အကောင်းလေးမျိုး တရား တော်။ [ခုနှစ်မပါ]
သီလ၊ သဒ္ဓါ၊ ပညာ နှင့် ကုသိုလ် ဟူသော အကောင်းလေးမျိုး တို့ကို သိနားလည်စေရန် ဇောတိက သူဌေး၊ ရဟန္တာမ ဓမ္မဒိန္နာ တို့ကို စံနမူနာပြလျက် သေချာစွာ ရှင်းလင်းဟောကြားထား သည်။
ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့ ဆရာတော်)။ အားကိုးမှန်မှ ချမ်းသာ ရ။ [ခုနှစ်မပါ]
ဘာသာကြီး ငါးရပ်၊ ဗုဒ္ဓ၏ တရားများကို လိုက်နာကျင့်ကြံ
ရခြင်း အကြောင်း၊ ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ရေးအတွက်
ဆောင်ရွက်
ရန်များ နှင့် သရဏဂုံသုံးပါးတို့ကို ဖေါ်ပြဟော ကြားထားသည်။
သဒ္ဓမ္မကိတ္တိသာရ၊ ဘဒ္ဒန္တ (အောင်ဆန်း ဆရာတော်)။ နေရေးထက်
သေရေးအရေးကြီးပုံ။ နယူးယောက်၊ ၅ ဇွန် ၂ဝဝ၄။

တရားနာနည်း၊ အရွယ်တိုင်းတွင် လုပ်ဆောင်ရမည့် အလုပ်၊
အဘယ်ကြောင့် လူ့ဘဝသည် တန်ဖိုး ရှိကြောင်း၊ အကြောင်း
နှင့်
အကျိုး၊ သောတာပန်တည်ရန် ဆရာကောင်းရှိရန် အရေး ကြီးပုံနှင့် ဒိဋ္ဌိဖြုတ်နည်း စသည့် တရားများပါရှိသည်။
သဒ္ဓမ္မကိတ္တိသာရ၊ ဘဒ္ဒန္တ (အောင်ဆန်း ဆရာတော်)။ ပဋိစ္စသမုပ္ပါဒ် နိဒါန်း။ နယူးယောက်၊ ၂၉ မေ ၂ဝဝ၄။
အားကိုးရာတရား၊ ဝိပဿနာ အားထုတ်ခြင်း၏ ရည်ရွယ်ချက်၊
အာသဝေါ တရား လေးပါး၊ သစ္စာ သိရန် အရေးပါပုံနှင့် ဝိဇ္ဇာ
ဉာဏ်ရရန် နည်းလမ်း တို့ကို ရှင်းလင်း ဟောကြားထားသည်။  
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment