Wednesday, May 21, 2014

ဓမ္မပဒ ၆ဝ [ခုဒ္ဒကနိကာယ်]


၅ - ဗာလဝဂ်၊ လူမိုက်တရားတော်များ
၁ - အညတရပုရိသဝတ္ထု

ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။
၆ဝ။ အိပ်မပျော် နိုးနေသော သူအား ညဥ့်တာ ရှည်လျား၏။ ခရီးပန်းသော သူအား ယူဇနာ ခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။
 

Posted by ဉာဏ်ဦး

No comments:

Post a Comment