Sunday, May 4, 2014

ထေရဝါဒ ဟောဓမ္မ (၃၂)

လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ ကိုယ်တွေ့ ဝေဒနာနုပဿနာ သတိ ပဋ္ဌာန် (၂)။ ဆစ်ဒနီ၊ ၂၅ ဒီဇင်ဘာ ၂ဝ၁၂။
ဝေဒနာ ရှုပွါးရခြင်းအကြောင်း၊ ဝေဒနာသိပုံ အဆင့်သုံးမျိုး၊
သောကနှင့် ကရုဏာ၊ တဏှစရိုက်နှင့် ဒိဋ္ဌိစရိုက်စသည်တို့ကို ရှင်းလင်းဟောကြား ထားသည်။

လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ ကိုယ်တွေ့ ဝေဒနာနုပဿနာ သတိ ပဋ္ဌာန် (၃)။ ဆစ်ဒနီ၊ ၂၆ ဒီဇင်ဘာ ၂ဝ၁၂။
ကမ္မဋ္ဌာန်းလေးမျိုး၊ လက်တွေ့ ရှုမှတ်ခြင်း၊ ဖောဋ္ဌဗ္ဗာရုံရုပ်သုံးမျိုး၊
သမ္ပဇဉ်လေးပါးနှင့် ၄င်းတို့ အရေးကြီးသော နယ်ပယ်စသည့် တရားများပါရှိသည်။
သောဘဏ၊ အရှင် (ရွှေမြင်းမိုရ် ဆရာတော်)။ စစ်ဆင် ဥပမာပြတရား
တော်။ ရန်ကုန်၊ ၂၂ မေ ၂ဝဝ၇။
တရားအားထုတ်ရာတွင်_ ၁။ တရားနာယူခြင်း၊ ၂။ ဝင်ရောက် လာတတ်သော ဝိတက်တို့ကို ပယ်သတ်ခြင်း၊ ၃။ ဣနြေ္ဒ၆ပါး 
ကို
စောင့်ရှောက်ခြင်း၊ ၄။ သည်းခံခြင်းနှင့် ၅။ နိဗ္ဗာန်သို့ရောက်
သည့်တိုင် သွားခြင်းစသော အင်္ဂါငါးရပ်နှင့် ပြည့်စုံရန် လိုအပ်ပုံ ကို ရှင်းလင်းဟောကြားထားသည်။
သောဘဏ၊ အရှင် (ရွှေမြင်းမိုရ် ဆရာတော်)။ အာဇာနည်စိတ်ဓါတ် ထားရန်။ [ခုနှစ်မပါ]
တရားရှုမှတ်ရာတွင် နိဗ္ဗာန်ရလိုသော စိတ်ဓါတ်ဖြင့် မည်သို့ အားထုတ်ရမည်ကို အသေးစိတ် ညွှန်ပြဟောကြားထားသည်။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာ ဆရာတော်)။ ဒိဋ္ဌိပြုတ်ပြန်
သောတာပန် အလုပ်ပေးတရားတော်။ အမရပူရ၊ ၁၃၅၁။
သောတာပတ္တိမဂ်ဖိုလ်ရရန် ဦးစွာပယ်ရမည့်တရား၊ ဒိဋ္ဌိကပ်ရာ ဌာန၊ စိတ္တာနုပဿ       နာဆိုသည်မှာ၊ ရှုရမည့်စိတ်အရေအတွက်၊ စိတ်ပေါ်သောနေရာ၊ နာမရူပ ပရိစ္ဆေဒဉာဏ်၊ ပစ္စယပရိဂ္ဂဟ ဉာဏ်၊ စိတ်၏ သတ္တိ၊ စိတ္တာနုပဿ       နာ ရှုမှတ်ခြင်းတို့ကို ရှင်း လင်းဟောကြားထား သည်။
သောဘိတ၊ အရှင် (ပတ္တမြားရိပ်သာ ဆရာတော်)။ ဒွါရ ၆ခွင် ဉာဏ် မျက်ရှင် အလုပ်ပေးတရားတော်။ အမရပူရ၊ ၁၃၅၁။
ဝိပဿ       နာဟူသည်၊ သမာဓိမဂ္ဂင်သုံးပါး၊ ပညာမဂ္ဂင်နှစ်ပါး၊ ဝိပဿ       နာ မရှုသူများ အပြစ်သင့်ပုံ၊ ဝိပဿ       နာ ရှုသူရရှိသော အကျိုးအမြတ်၊ မြင်အောင် ရှုရမည့် အရာနှင့် ရှုရမည့်အချိန် တို့ကို ဖေါ်ပြဟောကြားထားသည်။
Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment