Wednesday, March 6, 2013

ထေရဝါဒ ဟောဓမ္မ (၆)


ကုမာရ၊ အရှင် (ဓမ္မဓရ)။ လူ့ဘဝ၏ ဖန်ဆင်းရှင် (ပ)။ မန္တလေး၊ ၁၃၇၁။
တရားနာခြင်း၏ ရည်ရွယ်ချက်များ၊ တရာနာကြားရာတွင် အရေးကြီးသော အချက်များ၊ သစ္စာတရားနှင့် မဂ္ဂင်ရှစ်ပါး
တို့၏ တန်ဖိုး၊ ဗုဒ္ဓ၏ ဝါဒ၊ တရားနာပုဂ္ဂိုလ် အမျိုးအစားများနှင့် ကံအကြောင်းတရားကြောင့် ဘဝများ ကွဲပြားခြင်းစသော
တရားများ ပါဝင်သည်။  တရားနာပါ။
ကုမာရ၊ အရှင် (ဓမ္မဓရ)။ လူ့ဘဝ၏ ဖန်ဆင်းရှင် (ဒု)။ မန္တလေး၊ ၁၃၇၁။
ဘဝအယူအဆများ၊ ကံအမျိုးအစားများနှင့် ကံအကျိုးပေး၊ ကံ အကျိုးပေးကာလ စသည်တို့ကို ဖေါ်ပြဟော ကြားထားသည်။  တရားနာပါ။
ဇနိတာလင်္ကာရ၊ ဘဒ္ဒန္တ။ ဉာဏ်စဉ်စိတ်ဖြာ ခွဲသိပါ။ ရန်ကုန်၊ ၁၂ ဩဂုတ် ၂ဝဝ၇။
အရာအားလုံးတို့တွင် ဉာဏ်ပညာသည် အကောင်းဆုံးဖြစ်ပုံ၊ နိဗ္ဗာန်သို့ပို့ ဆောင်ပေးနိုင်သည့် ဉာဏ်သုံးမျိုး (ယထာဘူတ၊
နိဗ္ဗိန္ဓ၊ မဂ် ဉာဏ်) နှင့် အနိစ္စ ရှုမှတ်နည်း လေးမျိုးတို့ကို ရှင်း လင်း ဟောကြားထားသည်။  တရားနာပါ။
ဇနိတာလင်္ကာရ၊ ဘဒ္ဒန္တ။ အစွဲပြုတ်မှ နိဗ္ဗာန်ရ။ ရန်ကုန်၊ ၁၁ ဩဂုတ် ၂ဝဝ၇။
နိဗ္ဗာန်ကို မျက်မှောက်ပြုမည့် ပုဂ္ဂိုလ်၊ သေဆုံးခါနီး လူမမာဖြစ် သည့် အနာထပိဏ် သူကြွယ်အား အရှင်သာရိပုတ္တရာညွှန်ပြ
သော ဥပါဒါန် ဖြုတ်နည်း စသည့် တရားများကိုဟောကြား ထားသည်။ 
တရားနာပါ။
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဆယ့်တစ်မီးငြိမ်းမှ နိဗ္ဗာန်ရ အလုပ်ပေးတရားတော်။ ရန်ကုန်၊ ၁၃၅၈။
ဆယ့်တစ်မီးနှင့် ယင်းတို့ကို ငြိမ်းသတ်ပုံကို ပေါ်လွင်ထင်ရှား
အောင် ရှင်းလင်း ဟောကြားထားသည်။  တရားနာပါ။
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ဘယ်ပုဂ္ဂိုလ်ကား သတ္တဝါများကို ဖန်ဆင်းထားပါသလဲ။ ရန်ကုန်၊ ၁၃၅၉။
သတ္တ၀ါများနှင့် စပ်လျဉ်းပြီး မာရ်နတ်နှင့် ဘိက္ခုနီ ရဟန္တာမ တစ်ပါးတို့၏ အပြန်အလှန် ပြောဆိုစကားကို ရှင်းလင်းဖေါ်ပြ
ဟောကြားထားသည်။   တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်


No comments:

Post a Comment