Sunday, March 24, 2013

ထေရဝါဒ ဟောဓမ္မ (၈)


စန္ဒသီရိ၊ အရှင် ( အောင်စကြာဆရာတော်)။ ဒေဝဒူတသုတ္တန် (ပ၊ ဒု၊)။ တောင်ဥက္ကလာပ၊ ၁၇ ဇန္နဝါရီ ၂ဝဝ၉။
ဒုစရိုက်ဆယ်ပါး၊ ငရဲကျလာသူအား ယမမင်းစစ်ဆေးခြင်း၊ ငရဲ
တွင်နှိပ်စက်ပုံငါးမျိုး၊ သံဝေဂဉာဏ်၊ အဝီစိ ငရဲကြီး၏ တည်
ဆောက်ပုံ၊ ဥတ္တရငရဲငယ်တွင် ခံစားရမှုများ၊ ငရဲသို့ကျရခြင်း အကြောင်းရင်းနှင့် လွတ်ကင်း ခြင်းနည်းလမ်း စသည်တို့ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။ () (ဒု)
စန္ဒသီရိ၊ အရှင် ( အောင်စကြာဆရာတော်)။ ဥတ္တရသာမဏေ တံကျင်လျှိုခန်း(ပ၊ ဒု၊)။ တောင်ဥက္ကလာပ၊ ၁၇ ဇန္နဝါရီ ၂ဝဝ၉။  
ခန္ဓာသည် တည်ရာပုဂ္ဂိုလ်အား နှိပ်စက်ပုံ၊ ရတနာ သုံးပါးအား ပူဇော်ကိုးကွယ်ခြင်းအကျိုး၊ ရှောင်လွှဲ၍ မရသော ဝဋ် စသည် တို့ကို ဖေါ်ပြထားပြီး လောကဓံကို ကြံ့ကြံ့ခံကြရန်နှင့် နိဗ္ဗာန်
ကို မျက်မှောက်ပြုသည့် တိုင်အောင် ဝိပဿ      နာတရား အား ထုတ်ကြရန် အကြံပြုထားသည်။ နမူနာပြမှာ "ဥတ္တရသာမ
ဏေ" ၏ ဇာတ်ကြောင်းဖြစ်သည်။  တရားနာပါ။ () (ဒု)
ပညာနန္ဒ၊ အရှင် (သီတဂူကြယ်)။ နည်းနည်းလှူ များများရ (၁-၂)။ ကျုံမငေး၊ ၁၃၇ဝ။  
တစ်ဘဝတာတွင် အရေးအကြီးဆုံးဖြစ်သည့်နရေးနှင့်
သေရေး၊ အရှင်မဟာကဿပ၏ ဂုဏ်ရည်၊ မြင့်မြတ်သောစိတ်
ဖြင့် ဒါနပြုခြင်း၊ ရှာဖွေ၊ သုံးစွဲ၊ စုဆောင်းခြင်းတို့နှင့်အတူ ကုသိုလ်ကောင်းမှုများပါ ပြုလုပ်ကြရန် အကြံပြုချက်တို့ ပါရှိသည်။  တရားနာပါ။ (၁) (၂)
ပညာနန္ဒ၊ အရှင် (သီတဂူကြယ်)။ လူပီသသော လူ့ဘဝ တရားတော်။ မကွေး၊ ၂၅ ဒီဇင်ဘာ ၂ဝဝ၇။
လူဟူသည်၊ သိကြားမင်း ရှိခိုးသော လူတို့ကို သိကြားမင်းနှင့် မာတလိနတ်သားတို့၏ ဆွေးနွေးစကားကို ညွှန်းဆိုကာ ဖေါ်
ပြဟောကြားထားသည်။  တရားနာပါ။
သုဇာတ၊ အရှင် (မေတ္တာအေးဆရာတော်)။ ဒုက္ခကို မုန်းကြပါ (၁)။ တပေကျေးရွာ၊ ၁၃ မေ ၂ဝဝ၉။
ဗုဒ္ဓဟောကြားတော်မူသော ဒုက္ခခုနစ်မျိုးတို့နှင့် ဒုက္ခ၏ အကျဉ်း ချုပ် ဖြစ်သည့် ခန္ဓာငါးပါးတို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
သုဇာတ၊ အရှင် (မေတ္တာအေးဆရာတော်)။ ဒုက္ခကို မုန်းကြပါ (၂)။ တပေကျေးရွာ၊ ၁၃ မေ ၂ဝဝ၉။
ဒုက္ခအပေးဆုံးရန်သူ_ခန္ဓာ၊ ဘဝတစ်စုံ တစ်ရာကို ဆုတောင်း
နေမည့်အစား နိဗ္ဗာန်ကို မျက်မှောက် ပြုနိုင်အောင်သာ ကြိုးစား အားထုတ်ကြရန် တိုက်တွန်းချက်၊ ဒုက္ခခန္ဓာကို ရွံမုန်းသွားခြင်း
ငှါ ဉာဏ်ဖြင့် ရှုမှတ်ကြရန် တို့အပြင် နိဗ္ဗာန်သို့ ပို့ဆောင်နိုင်
သည့် ဘာဝနာမယဉာဏ် အကြောင်းကိုပါ ဟောကြားထား သည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment