Friday, March 15, 2013

ထေရဝါဒ ဟောဓမ္မ (၇)


သိရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တ (ယော ဆရာတော်)။ မေတ္တာတရား လူ့စွမ်းအား (၁)။ ရန်ကုန်၊ ၂ ဖေဖေါ်ဝါရီ ၁၉၉၆။
မြတ်သောသူတို့၏ အပြုအမူ လေးရပ်ဖြစ်သော သည်းခံခြင်း (ခန္တီ)၊ ကရုဏာ၊ မုဒိတာနှင့် မေတ္တာ တရားများကို ရှင်းလင်း
ဟောကြား ထားသည်။  တရားနာပါ။
သိရိန္ဒာဘိဝံသ၊ ဘဒ္ဒန္တ (ယော ဆရာတော်)။ မေတ္တာတရား လူ့စွမ်းအား (၂)။ ရန်ကုန်၊ ၂ ဖေဖေါ်ဝါရီ ၁၉၉၆။
မေတ္တာစွမ်းအား၊ တစ်ဦးတည်းနေလျှင် သတိရှိရန်နှင့်အများ
နှင့်
နေလျှင် မေတ္တာထားရန်ဟူသော မြတ်ဘုရား၏ ညွှန်ကြား ချက်နှစ်ရပ်၊ သာသနာကြောင့် နာမည်ကောင်းရရှိသော
ပုဂ္ဂိုလ်များ
အစရှိသည့် တရားများ ပါရှိသည်။  တရားနာပါ။
ဣန္ဒက၊ အရှင် (တွံတေးဆရာတော်)။ ဘဝနောင်ရေး စိတ်အေး
ကြောင်း တရားတော်။ ၁၆ ဇူလိုင် ၂ဝဝ၄။

ဘဝနောင်ရေးစိတ်အေးရစေရန် ဆောင်ရွက်ရမည့်အကြောင်း ဆယ်ချက်၊ မိဘကျေးဇူး မည်မျှ ကြီးမားကြောင်း၊ မိဘအား အကောင်းဆုံး ကျေးဇူးဆပ်နည်းနှင့် ကုသိုလ်အဆင့်ဆင့် ပိုမို
မြတ်ပုံတို့ကို ဖေါ်ပြဟောကြားထားသည်။  တရားနာပါ။
ဣန္ဒက၊ အရှင် (တွံတေးဆရာတော်)။ လိုတရ နှလုံးသား တရားတော်။ ၁၆ ဇူလိုင် ၂ဝဝ၄။
ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကာ မိမိရလိုသမျှကို ရရှိစေသည့် တရားများဖြစ်သည့် ဗုဒ္ဓါနုဿတိ၊  ဓမ္မာနုဿတိ၊  သံဃာနုဿတိ၊  သတိပဋ္ဌာန်၊ ကရုဏာနှင့် မေတ္တာတရားများကို အမြဲမပြတ် ကျင့်ဆောင် အားထုတ်ကြရေးအတွက် လမ်းညွှန်ဟောကြား ထားသည်။  တရားနာပါ။
ဣန္ဒာဝုဓာဘိဝံသ၊ ဦး (ထူးကြီးဆရာတော်)။ ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်း တရားတော်။ ရန်ကုန်၊ ၂ဝ အောက်တိုဘာ ၂ဝဝ၆။
အကြောင်းနှင့် အကျိုးတို့ကိုပြင်ခြင်း၊ ပစ္စယသတ္တိနှင့် အခြေခံ မူဝါဒတို့ကို ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
ဣန္ဒာဝုဓာဘိဝံသ၊ ဦး (ထူးကြီးဆရာတော်)။ အပ္ပမာဒေန သမ္ပာဒေထ။ ရန်ကုန်၊ ၂ဝ အောက်တိုဘာ ၂ဝဝ၆။
ဗုဒ္ဓမြတ်စွာ အခါခါမိန့်မှာတော်မူခဲ့သည့် စကား_"အပ္ပမာဒန သမ္ပာဒေထ"၊ မှတ်သားရမည့် အရာနှင့် မှတ်သားပုံ၊ ဝိပဿနာ   တရား အားထုတ်ရန် အခွင့်အလမ်းသုံးခု စသည်တို့ကို ရှင်းပြ ထားသည်။  တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment