Saturday, April 14, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၃)


ခန္ဓာရထား သံသရာသွား / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁၃၊ ၂ဝဝ၅။
ပဋိစ္စသမုပ္ပါဒ် အဘယ်ကြောင့် လည်ပတ်ရကြောင်း၊ ခန္ဓာသည် တဏှာခေါင်းတွဲဖြင့် မောင်းယူသွားကာ ဇာတိ ဇရာ ဗျာဓိ မရဏ တည်းဟူသော ဘူတာများသို့ ဆိုက်ရောက်သည့် ရထားကြီးနှင့် မည်ကဲ့သို့ တူညီပုံများကို ဖေါ်ပြထားသည်။ ထို့ ပြင်၊ မအိုမနာမီ
ဝေဒနာနှင့် တဏှာအကြားတွင် မဂ်ဉာဏ် သွင်းနိုင်ခြင်းငှါ အား ထုတ်ကြရန်ကိုလည်း အကြံပြု ဟောကြားထားသည်။
တရားနာပါ။
ဂတိငြိမ်းမှ နိဗ္ဗန်ရ တရားတော် () / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီဆရာတော်) စက်တင်ဘာ ၁၄၊ ၂ဝဝ၄။
နိဿယပစ္စည်းနှင့် ပတ်သက်ပြီး ဟောကြားရာတွင် မှီရာဝတ္တု အပေါ်မူတည်ကာ ကုသိုလ်နှင့် အကုသိုလ်တရားတို့ဖြစ်ပေါ်ပုံ ကို တရားသံ နားထောင် ရုံမျှဖြင့် နတ်သားများ ဖြစ်ကြရကုန်
သော လင်းနို့သား ငါးရာနှင့် စန္ဒောဝါဒသုတ္တန် တို့ကို ကိုးကား
ဟောကြားထားသည်။ 
တရားနာပါ။
ဂတိငြိမ်းမှ နိဗ္ဗန်ရ တရားတော် () / အရှင် သုနန္ဒ္ဒ (ဓမ္မရံသီဆရာတော်) စက်တင်ဘာ ၁၅၊ ၂ဝဝ၄။
အနိစ္စ ဒုက္ခနှင့် အနတ္တ လက္ခဏာများကို သိမြင်ခြင်း၏ အကျိုးရ လဒ်များနှင့် တကွ ၀ိပဿနာနှင့် မဂ်ဥာဏ် တို့ ၏ အမြင်ကို ရှင် ဆန္န၏ အဖြစ်အပျက်အား ကိုးကားထားသော ဟောကြားချက် စသည်များပါရှိသည်။  တရားနာပါ။
ထိုးထွင်းသိရမှာကို ထိုးထွင်းသိ ပိုင်းခြားသိရမှာကို ပိုင်းခြားသိ တရား
တော်
/ ဦး ဝိမလ (မိုးကုတ် ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၁၅၊ ၁၉၅၉။
ပဋိစ္စသမုပ္ပါဒ်၏ အစ အလယ် အဆုံးတွင် ပါရှိသည့် လက္ခဏာ များကို ပေါ်လွင်အောင် ရှင်းပြထားပြီး၊ အတိတ်နှင့် ပစ္စုပ္ပန်၊ ပစ္စုပ္ပန်နှင့် အနာဂတ်စသည့် ကာလများကိုတဏှာကတွဲစပ်ပေး ထားပုံကို စေ့ငစွာ ဟောကြားထားသည်။  တရားနာပါ။
နှလုံးသွင်းမှန်မှု အရေးကြီးပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၁၄၊ ၁၉၅၉။
သစ္စာတရားကို ပိုင်းခြားသိမြင်ရန်အလို့ ငှါ ယောနိသော မနသိ
ကာရ နှလုံးသွင်းမှန်မှု အရေးကြီးကြောင်းကို ပြည့်စုံစွာ ရှင်း လင်း
ဟောကြား ထားသည်။ တရားနာပါ။
မဟာဓမ္မပါလ တရားတော် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၈။
ဓမ္မပါလ ဇာတ်တော်ကို ညွှန်းဆိုကာ ကျန်းမာ အသက်ရှည်စွာ
နေရသော အကြောင်းတရား၊ သူတော် ဒါနနှင့် မသူတော်ဒါန
တို့ကို ရှင်းလင်းဖေါ်ပြ ဟောကြားထားသည်။  တရားနာပါ။
သမထနှင့် ဝိပဿနာ တရားတော် () / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) အောက်တိုဘာ ၁၊ ၂ဝဝ၂။
ဗုဒ္ဓမြတ်စွာ အခါခါမိန့် ကြားတော်မူခဲ့သော စကား၊ သေရမည်
ကို မကြောက်ရွံ့သူများ၊ သမထနှင့် ၀ိပဿနာတို့ ၏ ခြားနား

ချက်နှင့် ၀ိပဿနာတရား ကျင့်ကြံ အားထုတ်ခြင်း စသည်များ ကို ဟောကြား ထားသည်။ 
တရားနာပါ။
သမထနှင့် ဝိပဿနာ တရားတော် () / ဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ (အောင်ဆန်း ဆရာတော်) အောက်တိုဘာ ၂၊ ၂ဝဝ၂။
ဝိပဿနာတရား နှင့် စပ်လျဉ်း၍၊ အခြေခံများ၊ အကျိုးမရှိသော အားထုတ်ခြင်း၊ အကျိုးကျေးဇူးများနှင့် အားထုတ်နည်းတို့ကို စုံ လင်စွာ ဟောကြားထားသည်။  တရားနာပါ။
အံ့ဖွယ်() ဖြာ တရားတော် / အရှင် ဣန္ဒက (တွံတေးဆရာတော်) ရန်ကုန်၊ ၁၃၅၈။
သာသနာ၏ အံ့ဖွယ်ရှစ်ဖြာ ကို သေချာစွာ ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
အင်္ဂါ ၁၂ ပါး ဒိဋ္ဌိဖြုတ် (ဝက္ကလိ) / ဦး အဂ္ဂဉာဏ (ကန်ဘဲ့ဘုရားလေးကျောင်း) ရန်ကုန်၊ ဩဂုတ် ၁၄၊ ၂ဝဝ၅။
အဘယ်ကြောင့် ပဋိစ္စသမုပ္ပါဒ်ကို သိရှိရန် လိုအပ်ကြောင်း၊ ဒိဋ္ဌိဖြုတ်ခြင်း၊ ပဋိစ္စသမုပ္ပါဒ် အင်္ဂါ တစ်ဆယ့်နှစ်ပါး၊ ဝက္ကလိ ရဟန်းအကြောင်းအကိုးအကားဖြင့် သစ္စာသိရန် အရေးကြီးပုံ အစရှိသည့် တရားများ ပါဝင်သည်။  တရားနာပါ။

Posted by  ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment