Saturday, April 21, 2012

ထေရဝါဒ ဓမ္မ အသံစု (၆၄)


ကိစ္စ္စဉာဏ် တရားတော် သုဗြဟ္မနတ်သားဥပမာပြ / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၄၊ ၁၉၅၉။
သစ္စာဉာဏ် ရရှိခြင်း၊ ကိစ္စဉာဏ် ဟူသည်၊ ကိစ္စဉာဏ်၏ အရေးပါမှုကို "သုဗြဟ္မာနတ်သား" ဇာတ်ကြောင်း ဥပမာပြဖြင့်
ဟောကြားချက်များ ပါဝင်သည်။
  တရားနာပါ။
ကြီးမြတ်သောအောင်ပွဲ / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ဒီဇင်ဘာ ၃၁၊ ၂ဝဝ၇။
ခန္ဓာ ရရှိခြင်းနှင့် သံသရာတွင် ကျင်လည် ရခြင်းတို့၏ အကြောင်း တရား_တဏှာ အကြောင်းကို ရှင်းလင်းထား ပြီး လောကီကိစ္စ အဖြာဖြာဖြင့် ဘဝတစ်သက်တာအချိန် ကို ဖြုန်းတီးနေမည့်အစား သတိပဋ္ဌာန်တရားကို ကျင့်ကြံ အားထုတ်ကြရန် အကြံပြုဟောကြားထားသည်။  တရားနာပါ။
တစိမ်းတွေပါလား တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂၂၊ ၂ဝဝ၅။
အနတ္တလက္ခဏာ ငါးပါး ရှုမှတ်ပုံကို လမ်းညွှန် ရှင်းလင်းဟော ကြားထားသည်။   တရားနာပါ။
ဓါတ်ပုံရိုက်လျက် အလှပြင် (၁) / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) မန္တလေး၊ ၁၃၇ဝ။
ဒေဝဒတ်နှင့် စန္ဒာထေရီဘိက္ခုနီမတို့ကို ဥပမာပေးကာပစ္စုပ္ပန် 
နှင့် အနာဂတ် ဘဝများကောင်းမွန် စေခြင်းငှါ ကာယကံ ဝစီကံ မနောကံ တည်းဟူသော ကံသုံးပါးကို ပြုပြင်နေထိုင်ကြရန် အကြံပေး ရှင်းလင်းဟောကြားထားသည်။
  တရားနာပါ။
ဓါတ်ပုံရိုက်လျက် အလှပြင် (၂) / ဘဒ္ဒန္တတေဇောသာရ (ပဲခူး) မန္တလေး၊ ၁၃၇ဝ။
အကြောင်းကံနှင့် အကျိုးတို့ကို ရှင်းလင်းဟောကြားထားပြီး မိမိ ကိုယ်ကို ဒါန သီလ ဘာဝနာတို့ဖြင့် အလှဆင်ကြရန်ကိုလည်း သီလဝဇာတ်ကြောင်းကို ကိုးကားလျက် တိုက်တွန်းဟောကြား ထားသည်။  တရားနာပါ။
ဗုဒ္ဓဘာသာဆိုတာ လူသား ပဓာန / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုန်း၊ အောက်တိုဘာ ၁၆၊ ၂ဝ၁ဝ။
ဗုဒ္ဓဘာသာ၏ ပဓါန၊ ကံ၏ သဘောသဘာဝ၊ ဘဝနေနည်းနှင့် စိတ်ကိုနာစေခြင်း စသည်များကို ရှင်းလင်း ဟောကြားထား သည်။  တရားနာပါ။
မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်း / ဦး ကဝိဒဇဇောတိ (ကောင်းဆုဝေ) မင်းတုန်း၊ အောက်တိုဘာ ၁၆၊ ၂ဝ၁ဝ။
ဗုဒ္ဓဘာသာ၏ တာဝန်၊ မိမိကိုယ်မိမိအားကိုးခြင်း၊ အလယ်လမ်း
နှင့် ယင်း၏ အကျိုးကျေးဇူး၊ သံသရာ၏ အစနှင့် အဆုံး၊ မိမိပုံစံ
ကွယ်ပျောက်သည် အထိ ရှုမှတ်ခြင်း စသော တရားများ ပါရှိ သည်။  တရားနာပါ။
သုခမဟုတ်တဲ့ ဒုက္ခ တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၂၃၊ ၂ဝဝ၅။
ချမ်းသာအတု (ဝေဒယိကသုခ)နှင့် ချမ်းသာစစ် (သန္တိသုခ)တို့ ကို ပေါ်လွင်ထင်ရှားအောင် ရှင်းလင်း ဟောကြားထား သည်။  တရားနာပါ။
သစ္စညဏ် မရခဲ့၍ သံသရာရှည်ခဲ့ပုံ တရားတော် / ဦး ဝိမလ (မိုးကုတ် ဆရာတော်) အမရပူရ၊ ဇန္နဝါရီ ၃၊ ၁၉၅၉။
သံသရာ မည်ကဲ့သို့ ရှည်ကြာခဲ့ရသည့်အကြောင်းကို ပြည့်စုံစွာ ရှင်းလင်းဖေါ်ပြ ဟောကြားထားသည်။  တရားနာပါ။
အခွင့်အရေး (-) / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ်ရည်) ရန်ကုန်၊ ၁၃၆၈။
ဗုဒ္ဓဘုရား သက်ရှင်စဉ်ကာလ၏ နောက်ဆုံး ရဟန္တာဖြစ်သော သုဘဒ္ဒကို ဥပမာပြုလျက် လူ့ဘဝကို ရရှိခိုက် အခွင့်အရေး အဆုံးရှုံးမခံဘဲ လောကီလောကုတ္တရာ နှစ်ဖြာအကျိုးအတွက်
ဆောင်ရွက်ကြရေး အကြံပေး ဟောကြားထားသည်။ 
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment