Saturday, December 31, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၈)



စကားအစွမ်း အံ့မခန်း / အရှင် အာစာရာလင်္ကာရ၊ ရန်ကုန်၊ နိုဝင်ဘာ ၅၊ ၂ဝဝ၆။

သာယာနာပျော်ဖွယ်စကားကိုပြောကြားခြင်းသည်မင်္ဂလာမည်ပုံ၊ အပြစ်မရှိသောစကားလေးခွန်း၊ ၀စီကံကျူးလွန်ခြင်း၊ ကြားရသူ အတွက်နာပျော်ဖွယ်မရှိသောစကားများနှင့် စကားများခြင်း၏ ဆိုးကျိုးများကိုပြည့်စုံစွာဟောကြားထားသည်။ တရားနာပါ။

ဇော()ကြိမ် တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဇူလိုင် ၁ဝ၊ ၁၉၅၈။

ဝိပဿနာမဂ်ဇောဆိုသည်မှာ၊ ပထမ၊ အလယ်ငါးနှင့် သတ္တမ ဝိပဿနာမဂ်ဇောတို့ ၏အကျိုးပေး၊ အတွင်းနှင့် အပြင်ရန် သူများ ဝိပဿနာကျင့်ကြံအားထုတ်ခြင်း၏ အကျိုးကျေးဇူး များစသည့် တရားများကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။

နေမဝင်ခင် ရိက္ခာပြင်/ အရှင် အာစာရာလင်္ကာရ၊ ရန်ကုန်၊ နိုဝင်ဘာ ၂၆၊ ၂ဝဝ၅။

အသက်အရွယ်၊ တစ်နေ့ တာ၏ အချိန်ပိုင်းနှင့် ဘဝ၏လုပ်ငန်း တို့ကို ချိန်ကိုက်၍ပြခြင်း၊ ကြိုတင်၍ မသိနိုင်သော အတွေ့ အကြုံငါးမျိုးတို့ကိုဖေါ်ပြထားပြီး အချိန်မီ ဒါန သီလ ဘာဝနာ အမှုတို့ကိုပြုလုပ် ကြရန်လည်း တိုက်တွန်းထားသည်။ တရားနာပါ။

နောက်ဆုံးအချိန် တရားတော် / အရှင် ပညာဝရ (ဓမ္မဒူတ-သိမ်ဇရပ်) ရန်ကုန်၊ နိုဝင်ဘာ ၅၊ ၂ဝ၁၁။

ဘ၀နှင့် သံသရာအတွက် အရေးကြီးဆုံးသောအချိန်၊ လောဘ၊
ဒေါသ သို့မဟုတ် မောဟ တစ်မျိုး မျိုးဖြင့်သေဆုံးရသူများ၏
လားရာ အနာဂတ် ဘ၀များနှင့် ယင်းသို့ သေဆုံးခြင်းမျိုးမှ
လွတ်မြောက်
နိုင်သော နည်းလမ်း၊ သေအံ့ဆဲဆဲ ပုဂ္ဂိုလ်များ
မြင်တွေ့ရသည့်နိမိတ်သုံးမျိုးနှင့် သေနည်းများကို ဖေါ်ပြဟော
ကြားထားပြီး ယခုကပင် သေရန်ပြင်ဆင်ထားကြဖို့ အကြောင်း တိုက်တွန်းထားသည်။ တရားနာပါ။ 


ပဋိစ္စသမုပ္ပါဒ်နှင့် ဝိပဿနာ တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဇူလိုင် ၁ဝ၊ ၁၉၅၈။

သံသရာဘေး အမျိုးမျိုး၊ အကြီးဆုံးသော ရန်သူ_ တေဇော (မီးဓါတ်)၊ သတ္တ၀ါများ ဘ၀အစမှ အဆုံး တိုင်အောင် ဒုက္ခ
ခံစားကြရပုံ၊ ဒုက္ခကိုအဆုံးသတ်ပေးနိုင်သော ၀ိပဿနာ ဉာဏ်စသော တရားများနှင့်
အတူ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာ ဂတ်ဘ၀များကို ချဲ့ ထွင်တတ်သည့် ပဋိစ္စသမုပ္ပါဒ် တရား ကိုလည်း ရှင်းလင်းဟော ကြားထားသည်။   တရားနာပါ။


ဘဝဆိုတာပေးဆပ်ခြင်းပါ / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၂၁၊ ၂ဝဝ၄။

ရုပ်၏ အပြစ်များနှင့် တကွ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် အလို့ငှါ ရုပ်နှင့် တဏှာတို့ကို စွန့်လွှတ်ကြရန်လိုအပ်ကြောင်း ကို "ဆက္ကနိပါတ်-တုံတိလဇာတ်" ဥပမာပြဖြင့် ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။

ဘဝလက်ကျန်တရားတော် / အရှင် ပညာဝရ (ဓမ္မဒူတ-သိမ်ဇရပ်) ရန်ကုန်၊ ၁၃၇၁။

ဆယ်စုနှစ် အသက်အရွယ်ပိုင်းအလိုက် လူတို့ သည် ဘဝ
တစ်သက်တာ အချိန်ကို မည်သို့ အသုံးပြု
နေကြပုံကို ရှင်း လင်းဟောကြားခြင်းနှင့်အတူ၊ ကျန်ရှိနေသေးသော ဘဝ လက်ကျန်အချိန်ကို မည်သို့ 
အကျိုးရှိရှိ အသုံးချသင့်ကြောင်း ကိုလည်း ညွှန်ပြထားသည်။ တရားနာပါ။


သတိနဲ့ပျော်၊ စိတ်ကိုစောင့်၊ လွတ်အောင်ရုန်း တရားတော် / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၂၊ ၂ဝဝ၉။
"ပါဝေယကဟဋ္ဌ ဝတ္ထု"ကို ကိုးကားလျက် ဗုဒ္ဓစကားတော်၏ အရည်အ သွေး၊ ဗုဒ္ဓ၏ စကားတော် သုံးခွန်း နှင့် ရှင်းလင်းချက် များ၊ သံဝေဂဝတ္ထုရှစ်ပါး၊ ဝီရိယပြဌာန်းသည့် တန်ဖိုးရှိသော ရုန်းခြင်းအမျိုးမျိုး စသည် များကို ဖေါ်ပြထားသည်။ တရားနာပါ။


သာသနာနှင့် ဒါယကာ()() / ဘဒ္ဒန္တ ခေမိန္ဒ (ခင်မကန်ဆရာတော်) ရန်ကုန်၊ ဒီဇင်ဘာ ၂၆၊ ၂ဝဝ၇။

ပရိယတ္ထိသာသနာ၏ အရေးပါမှု၊ သာသနာတော်တည်တံ့ခိုင်မြဲ
ရေးအတွက် သံဃာနှင့် ဒါယကာတို့၏ တာဝန်များ၊ ပါရမီဖြည့်
ရန် မြတ်စွာဘုရား ကြိုးပမ်းအားထုတ်ခဲ့ရပုံတို့ကို ရှင်းပြထား သည်။ ထို့ ပြင်၊ သာသနာတော်ကိုကြည်ညိုလေးစားကြရန်နှင့်
စောင့်ရှောက်ကြရန်ကိုလည်း
"သုဒတ္ထသုတ္တန်" ကိုးကားချက်
ဖြင့်ဟောကြားထားသည်။
တရားနာပါ။
(1)  တရားနာပါ။(2)

အဆိုးဆုံးရန်သူ အကောင်းဆုံးမိတ်ဆွေ / အရှင် ဥတ္တမ (သစ္စာရွှေစည် ဆရာတော်) ပခုက္ကူ၊ ၁၃၆၈။
အဆိုးဆုံးရန်သူဟူသည်၊ အဘယ်ကြောင့် အဆိုးဆုံး ရန်သူဟု
ခေါ်ဆိုရကြောင်း နှင့် ကြောက်စရာ အကောင်းဆုံးဖြစ်ပုံ၊ အကောင်းဆုံး မိတ်ဆွေဆိုသည်မှာ၊ အကောင်းဆုံးမိတ်ဆွေဟု
ခေါ်ဆိုရခြင်းအကြောင်း နှင့် အားအကိုးရဆုံးဖြစ်ပုံ၊ အဆိုးဆုံး
ရန်သူ နည်းပါးပြီး အကောင်းဆုံး မိတ်ဆွေ များပြားစေ သည့် တစ်ခုတည်းသောနည်းလမ်း မကောင်းသောစိတ်
(အကုသိုလ်)
နှင့် ကောင်းသောစိတ်(ကုသိုလ်)၏ ခေါင်းဆောင်နှင့် နောက်
လိုက်များ၊ လူအမျိုးအစား လေးမျိုးနှင့် ဉာဏ်ရှိသူ၏ လုပ်ရပ် အစရှိသော တရားများကို ပြည့်စုံစွာ ရှင်းလင်းဟောကြားထား သည်။ 
တရားနာပါ။
Edited on 4 May 2012.

Posted by ဉာဏ်ဦး၊ အေးဆက်


No comments:

Post a Comment