Saturday, December 17, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၆)


ငါလည်းတနေ့တရားတော် (၁) / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ် ရည်) ရန်ကုန်၊ ဒီဇင်ဘာ ၃၊ ၂ဝဝ၇။
မိမိတို့ ဆန္ဒပြု၍ မရနိုင်သော အရာငါးမျိုး (အိုခြင်း၊ နာခြင်း၊
သေခြင်း၊ ပျက်စီးခြင်း၊ ကုန်ဆုံးခြင်း
) အကြောင်းကို ရှင်းလင်း ထားပြီး မိဘများ အိုခြင်း၊ နာခြင်းနှင့် သေဆုံးခြင်း မဖြစ်မီ
ကျေးဇူးဆပ်ကြရန်ကိုလည်း အကြံပေးဟောကြားထားသည်။
တရားနာပါ။
ငါလည်းတနေ့တရားတော် (၂) / ဒေါက်တာအရှင် ကောဝိဒ (မဇ္ဈိမဂုဏ် ရည်) ရန်ကုန်၊ ဒီဇင်ဘာ ၃၊ ၂ဝဝ၇။
“စုန္န ရဟန်း" ကို ဥပမာပြုလျက် မိဘများ ကျန်းမာအသက် ရှင်ခိုက်တွင်ကျေးဇူး တုံ့ပြန်ဆပ်ကြရန် တိုက်တွန်းထားပြီး၊ မိမိသည်လည်း အိုနာသေခြင်းကို ရှောင်တိမ်း၍ မရသည့် အတွက် ဒါန၊ သီလ၊ ဘာဝနာစသော ကုသိုလ်ကောင်းမှု
များကို အချိန်မီ ပြုလုပ်ကြရန် သတိပေး လမ်းညွှန်ထားသည်။ တရားနာပါ။
ဉာဏ်နှစ်ဉာဏ်နှင့် နိဗ္ဗာန်ရောက်နိုင် တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၁၇၊ ၂ဝဝ၅။
ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်တို့သည် နိဗ္ဗာန်ကို မျက်မှောက်
ပြုရေးအတွက် လိုအပ်ကြောင်းကို
ရှင်းလင်းဟောကြားထား
သည်။ ထို့အတူ၊ ဘာဝနာလေးဆယ် အမျိုးအစားသတ်မှတ် ချက်၊ အနိစ္စလက္ခဏာ ဆယ်ပါးနှင့် ရှုပွါးခြင်း၏ ရလဒ်၊ ဝိပဿနာဉာဏ်၏ အလုပ်စသည့် တရားများကို
လည်း
ဟောကြားထားသည်။
တရားနာပါ။
နိဗ္ဗာန်ရောက်မှ အရူးပျောက်မယ် တရားတော် / အရှင်ပုညာနန္ဒ၊ ရန်ကုန်၊ ဩဂုတ် ၁၈၊ ၂ဝဝ၅။
ပုထုဇဉ်များအားလုံးသည် အဘယ်ကြောင့် အရူးများဖြစ်ကြ ရကြောင်းအပြင်၊ ပုထုဇဉ်များအား အရူးများ ဖြစ်စေသည့် ဝိပ္ပလ္လာသ တရားတစ်ဆယ့်နှစ်ပါးနှင့် ယင်းတို့အား ပယ်သတ် နည်းကိုလည်း ညွှန်ပြဟော ကြားထားသည်။ တရားနာပါ။
ပူဇော်ထိုက်သူကို ပူဇော်ပါ / ဦးကဝိဒဇဇောတိ (ကောင်းဆုဝေ) ရန်ကုန်၊
အောက်တိုဘာ ၂၇၊ ၂ဝ၁ဝ။
မင်္ဂလာနှင့် ပူဇော်ခြင်းတို့၏ အဓိပ္ပါယ်၊ ပညာရှိနှင့် လူမိုက်
တို့၏ ကွာခြားချက်၊ ပညာနှစ်မျိုး၊ ပူဇော်ထိုက် သူများနှင့် အဘယ်ကြောင့်
ပူဇော်ထိုက်ကြောင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၏ အကျိုးကျေးဇူး အစ ရှိသည့် တရားများပါဝင် သည်။ တရားနာပါ။
ဝယ်တတ်မှ အစစ်ရ (၁) / ဘဒ္ဒန္တတေဇောသာရ(ပဲခူး) မန္တလေး၊ ၁၃၇ဝ။
သဒ္ဓါ၏ ဆိုလိုချက်နှင့် ယင်း၏ အမျိုးအစားများဖြစ်သော_
ပသာဒသဒ္ဓါ၊ ဩကပ္ပနသဒ္ဓါ၊ အာဂမသဒ္ဓါ နှင့်
အဓိဂမသဒ္ဓါ၊ ချမ်းသာစစ်နှင့် ချမ်းသာတု၊ ချမ်းသာစစ် (နိဗ္ဗာန်) ရရှိရန် ဒါနပြုလုပ်နည်းစသည်တို့ကို ရှင်းလင်းဟောကြားထား
သည်။
တရားနာပါ။
ဝယ်တတ်မှ အစစ်ရ (၂) / ဘဒ္ဒန္တတေဇောသာရ(ပဲခူး) မန္တလေး၊ ၁၃၇ဝ။
ကုသိုလ်သုံးမျိုး၊ အလှူဒါနမြောက်ရန် လိုအပ်သော အချက်များ၊ သီလအမျိုးအစား၊ ဝေယျာဝိစ္စကုသိုလ်၊ ဘုရားသာသနာအတွင်း လူဖြစ်ခွင့်ကြုံခိုက် မည်သည်တို့ကိုပြုလုပ်ရမည့် အကြောင်း
စသော တရားများပါရှိသည်။ တရားနာပါ။
သမထ မလို၊ ဝိပဿနာနဲ့ နိဗ္ဗာန်ရောက်နိုင်ပုံ သုသိမဝတ္ထု (၁) / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ မတ် ၂၄၊ ၁၉၅၈
ဒုက္ခ၏ အစနှင့် အဆုံးတို့ကို ရှင်းလင်းပြထားသည်။ ထို့ ပြင်၊ အရဟတ္တမဂ် ရရှိခြင်း၊ ဝိပဿနာဉာဏ်နှင့် မဂ်ဉာဏ်တို့ကို
လည်း
" သုသိမရဟန်းဝတ္ထု"ကိုကိုးကားလျက် ဟောကြား
ထားသည်။
တရားနာပါ။
သမထ မလို၊ ဝိပဿနာနဲ့ နိဗ္ဗာန်ရောက်နိုင်ပုံ သုသိမဝတ္ထု (၂) / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ မတ် ၂၅၊ ၁၉၅၈
"သုသိမရဟန်းဝတ္ထု"ကိုညွှန်းဆိုကာ၊ နိဗ္ဗာန်မည်သို့ ရရှိနိုင်
ပုံကိုဖေါ်ပြထားပြီး၊ သမထနှင့် ဝိပဿနာ
တို့ ၏ အကျိုး ကွာခြားချက်ကို နှိုင်းယှဉ်ဟောကြားထားသည်။
တရားနာပါ။
သင့်တော်တဲ့အရပ်မှာနေပါ / ဦး ကဝိဒဇဇောတိ(ကောင်းဆုဝေ) ရန်ကုန်၊
နိုဝင်ဘာ ၂၁၊ ၂ဝ၁ဝ။
ကမ္မဿကတ သမ္မာဒိဋ္ဌိ၊ ဒါနပြုရသည့် အကြောင်းရင်းများ၊ မိမိကိုယ်မိမိ လန်းဆန်း ကြည်လင် ရန်ပြုလုပ်နိုင်သော နည်းလမ်းများနှင့် သင့်တော်သော အရပ်တွင်နေထိုင်ခြင်း
စသော ကြောင်းများ 
ကို ဖေါ်ပြဟောကြားထားသည်။ တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment