Saturday, December 3, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၄)


စက်တွေလည်မှ ကြီးပွားကြ / အရှင် ဣန္ဒာစာရာဘိဝံသ၊ သရက်ကုန်း၊ ဇန္နဝါရီ ၂၁၊ ၂ဝဝ၄။
() သင့်လျော်သော အရပ်တွင် နေထိုင်ခြင်း၊ () သူတော်
ကောင်းနှင့် အပေါင်းအဖေါ်ပြုခြင်း၊ () မိမိကိုယ်မိမိကောင်း
စွာစောင့်ရှောက်ခြင်းနှင့် () ရှေးရှေးဘ၀က ကုသိုလ်ကောင်း
မှုများ ရှိခြင်းစသည်တို့သည် အရေးကြီးလှကြောင်းကို စေ့ငစွာ
ဟောကြားထားသည်။  တရားနာပါ။
ဒေဝဒူတသုတ် တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၉၊ ၁၉၅၈။
ဒုက္ခမှလွတ်မြောက်နိုင်သောနည်းလမ်း (ဒေ၀ဒူတသုတ္တန်)
အရိယာနှင့် အရိယာတို့၏ စိတ်ထားဟူသည်၊ ပုထုဇဉ်စိတ်မှ အရိယာစိတ်သို့ ပြောင်းလဲခြင်းနှင့် ၀ိပဿနာကျင့်စဉ်စသည့် တရားများပါရှိသည်။  တရားနာပါ။
ရွဲကုန်သည် တရားတော် / အရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံ ဆရာတော်) [ခုနှစ်မရှိ]
ဇမ္ဗူဒီပါလက်ျာတောင်ကျွန်းတွင်နေထိုင်ကြကုန်သော ပုဂ္ဂိုလ်
များ (ဗုဒ္ဓဘာသာဝင်များ) သည်သတ္တိရှိခြင်း၊ သတိရှိခြင်းနှင့် ကုသိုလ်ကောင်းမှုပြုရန်အခွင့်အရေးရရှိကြခြင်းတို့တွင် မြောက်
ကျွန်းသားများနှင့်နတ်တို့ထက်သာလွန်ကြောင်းကိုရှင်းလင်း
ဟောကြားထားပြီး သူတော်ကောင်းတို့၏ လမ်းစဉ်ကို လိုက်နာ လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။  တရားနာပါ။
လမ်ဆုံးလျှင်ရွာတွေ့ တရားတော် () / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ နိုဝင်ဘာ ၂၉၊ ၂ဝဝ၅။
ဘ၀နှင့်ခန္ဓာကပေးသော ဆင်းရဲဒုက္ခများ၊ ဘ၀ကိုရလိုသော သတ္တ၀ါများ၏ လားရာအနာဂတ်ဘ၀များ (နတ်၊ လူ၊ ငရဲ၊
ပြိတ္တာ၊ တိရစ္ဆန်စသည်
)၊ ဘ၀ကို ရရှိစေသော တဏှာ၊ ဗုဒ္ဓ၏ လမ်းညွှန် ချက်စသည့် တရားများကို ရှင်းလင်းဟောကြား
ထားသည်။ 
တရားနာပါ။
သာသနာ သန့်ရှင်းရေး တရားတော် / အရှင် ဇနကာဘိဝံသ (မဟာ
ဂန္ဓာရုံ ဆရာတော်
) [ခုနှစ်မရှိ]
သာသနာသန့် ရှင်းရေးမည်မျှအရေးကြီးပုံနှင့် မိမိကိုယ်မိမိ အချစ်ဆုံးဖြစ်ခဲ့ပါသော် မည်သည်တို့ကို ပြုလုပ်ရမည့်အ
ကြောင်း ရှင်း
လင်းဟောကြားထားသည်။  တရားနာပါ။
သုဗြဟ္မနတ်သားကိုဟောသော သုတ္တန်တရား / ဦး ဣန္ဒာဝုဓာဘိဝံသ (ထူးကြီး ဆရာတော်) ရန်ကုန်၊ စက်တင်ဘာ ၁၁၊ ၂ဝဝ၆။
သုဗြဟ္မနတ်သားကိုမြတ်စွာဘုရားဟောကြားတော်မူသော သုတ္တန်တရားတော်ကို ညွှန်းဆိုကာ၊ တဏှာနှင့် ဒိဋ္ဌိတို့ က သတ္တ၀ါတို့ အားလိမ်လည်လှည့်ဖြားနေပုံ၊ ၀ိပဿနာအားမ ထုတ်မီ ဒိဋ္ဌိဖြုတ်ကြရန်၊ ချမ်းသာအစစ်ကို ရရှိနိုင်သောနည်း လမ်းများ (ဗောဇ္ဈင်တရားပွါးများခြင်း၊ ဣနြေ္ဒထိန်းချုပ်ခြင်း
နှင့် ကိလေသာ ပယ်သတ်ခြင်း
) တို့ကို ရှင်းလင်းဟောကြား ထားသည်။  တရားနာပါ။
သုဗြဟ္မသုတ္တန် တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၈၊ ၁၉၅၈။
ဥပစ္ဆေဒကကံကို အ၀ိဇ္ဇာက ဆွဲဆောင်ပုံကို ရှင်းလင်းဟော ကြားထားပြီး၊ သုဗြဟ္မသုတ္တန်ကို ကိုးကား လျက်ဗောဇ္ဈင်
သုတ်တော်ကို
နားထောင်ခြင်း၊ ရွတ်ဆိုခြင်းများထက် ကိုယ်တိုင်ကျင့်ကြံအားထုတ်ရန် လိုအပ်ကြောင်းကိုလည်း ရှင်းပြထားသည်။ တရားနာပါ။
အသိမှန်ကန် ကိုယ့်ဘို့ကျန် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဇူလိုင် ၇၊ ၂ဝဝ၂။
နှလုံးသွင်းမှန်ကန်ခြင်း၏ အရေးပါမှု၊ စုဆောင်းခြင်းသုံးမျိုး (ခန္ဓာ၊ ဥစ္စာနှင့် တရား)နှင့် ယင်းတို့ ၏ အကျိုးရလဒ်များ၊ ကုသိုလ်၏ အဓိပ္ပါယ်၊ ဘ၀၏မျှော်မှန်းချက်သုံးရပ်အစရှိသော တရားများ ကိုဟောကြား ထားသည်။  တရားနာပါ။
အိပ်သော်လည်းနိုး၊ နိုးသော်လည်း အိပ်နေတယ် / အရှင် ဣန္ဒာစာရာဘိဝံသ၊ သရက်ကုန်း၊ ဧပြီ ၄၊ ၂ဝဝ၅။
ဇာဂရသုတ္တန်ကို ကိုးကားလျက် နီဝရဏတရားများဖြစ်ကြ
သော
_ကာမစ္ဆန္ဒ၊
ဗျာပါဒ၊ ထိန-မိဒ္ဓ၊ ဥဒ္ဓစ္စ-ကုက္ကုစ္စ၊ ၀ီစိကိစ္ဆာ တို့ နှင့် သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ သမာဓိ၊ ပညာစသည့် ဣနြေ္ဒ
တို့ ၏ အကြောင်းကို သေချာစွာ ရှင်းလင်းဖေါ်ပြထားသည်။ တရားနာပါ။
အိမ်တွင်းမဂ္ဂင် လူ့ကျင့်စဉ် / ဘဒ္ဒန္တ သိရိန္ဒာဘိဝံသ (ယောဆရာတော်) ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၄၊ ၁၉၉၉။
ဩဃ တရားလေးပါးဖြစ်သော ကာမောဃ၊ ဘဝေါဃ၊
ဒိဋ္ဌောဃနှင့် အ၀ိဇ္ဇောဃတို့ကို ကျော်လွှားနိုင်ရေးအတွက် အိမ်တွင်းမဂ္ဂင်
အကျင့်လေးပါးဖြစ်သော သဒ္ဓါ၊ သတိ၊ ဝီရိယ
နှင့် ပညာရှိရမည်ဖြစ်ကြောင်း ရှင်းလင်းဖေါ်ပြထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment