Sunday, December 25, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၇)


ပိုင်ရှင်ဖြစ်ပါစေ တရားတော် / အရှင် ပဏ္ဍိတ (မဏိရတနာဆရာတော်) ဒွိပိဋကဓရ၊ ရန်ကုန်၊ စက်တင်ဘာ ၁၅၊ ၂ဝဝ၅။
သိခြင်းအမျိုးအစား၊ မိုးကုတ် ဝိပဿနာအဖွဲ့ ချုပ်၏ တရားစဉ်
နှင့် လုပ်ငန်းစဉ်၊
"သဟာယက" ဝတ္ထုကို ကိုးကားလျက် သစ္စာ သိသော ဉာဏ်ရရှိအောင် အားထုတ်ရန် တိုက်တွန်းချက်စ
သော တရားများ
ကို ဖေါ်ပြဟောကြားထားသည်။ တရားနာပါ။
ဘဲကျောင်းသမား တရားတော် / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၂၄၊ ၂ဝဝ၄။
ပုထုဇဉ်ဆိုသည်မှာ၊ ၀ိပ္ပလ္လာသသုံးမျိုး_ သညာဝိပ္ပလ္လာသ၊ စိတ္တ
ဝိပ္ပလ္လာသ၊ ဒိဋ္ဌိဝိပ္ပလ္လာသ၊ ပုထုဇဉ်တို့ 
သည် သံသရာ  တစ်
လျှောက်လုံး လွဲမှားနေကြပုံကို ဗုဒ္ဓဟောကြားခဲ့သည့်
"၀မ်းတွင်း ရူးဘဲကျောင်းသမား" အကြောင်းဖေါ်ပြချက် စသည်ဖြင့် အသီး သီးဟောကြား ထားသည်။  တရားနာပါ။
မိဘမေတ္တာ သားလိမ္မာ တရားတော် / အရှင် သုဇာတ (မေတ္တာအေးဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၂၆၊ ၂ဝဝ၄။
မိဘမေတ္တာကို ရှင်းလင်းဟောကြားရာတွင်_ အနန္တောအနန္တ ငါးပါး (ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ)၊ ကျေးဇူးဆပ်၍ မကုန်နိုင်သော မိဘနှစ်ပါး၊ မိဘကျေးဇူးတုန့် ပြန်ဆပ်နည်းမှန်၊ အနှိုင်းမဲ့ မိဘမေတ္တာ၊  ကျေးဇူးကန်းသော သားသမီးတွက် ရလဒ်နှင့် မိဘကျေးဇူးပေး ဆပ်ခြင်း၏ အကျိုးစသည်တို့ ပါရှိ သည်။ တရားနာပါ။
မိုးကုတ် ဝိပဿနာအဖွဲ့၏ မူ (၆) ချက် တရားတော် / အရှင် ပဏ္ဍိတ (မဏိရတနာဆရာတော်) ဒွိပိဋကဓရ၊ ရန်ကုန်၊ စက်တင်ဘာ ၁ဝ၊ ၂ဝဝ၅။
မိုးကုတ် ဝိပဿနာအဖွဲ့ ၏ မူ()ချက်ဖြစ်သော_ ၁။ ပညတ်နှင့်
ပရမတ် ကွဲရမည်၊ ၂။ ရုပ်နှင့် နာမ် ကွဲရမည်၊ ၃။ ဒိဋ္ဌိကို အသိ ဉာဏ်
နှင့် ခွါပေးရမည်၊ ၄။ ခန္ဓာ့ ပဋိစ္စသမုပ္ပါဒ်ကို နားလည်
ရမည်၊ ၅။ ရှုကွင်း ရှုကွက်ပါရမည်၊ ၆။ သစ္စာဆိုက်ရမည်စသည် တို့ကို သေချာ
စွာ ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
ဝေဒနာခွါပြီးမှ အနိစ္စတွေ့အောင်ရှု၊ သေခါနီး ဝေဒနာခွါပုံ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဩဂုတ် ၇၊ ၁၉၅၈။
သန္ဒိဋ္ဌိကောနှင့် ဧဟိပဿိကောတို့၏ ဆိုလိုရင်း၊ ပဋိစ္စသမုပ္ပါဒ်
အစဉ်ကို သန္ဒိဋ္ဌိကောကဖြတ်ပုံ၊ ဗုဒ္ဓ
္ဓမြွက်ကြားတော်မူသော
သေ
နည်းသုံးမျိုး၊ နိဗ္ဗာန်ရရှိရန် ဧဟိပဿိကောနှင့် သန္ဒိဋ္ဌိကော တို့ကိုတွဲဖက်ပေးခြင်းစသောတရားများကိုဟောကြားထား
သည်။ 
တရားနာပါ။
အခွင့်သာခိုက်မှာ တရားနာပါ (ပ) / အရှင် ကုမာရ (ဓမ္မဓရ) မန္တလေး၊ ၁၃၇ဝ။
အဘယ်ကြောင့် တရားနာသင့်ကြောင်း၊ တရားနာသူသုံးမျိုး_
၁။ အ၀ကုဇ္ဇပညပုဂ္ဂိုလ် ၂။ ဥစ္စင်္ဂပည
ပုဂ္ဂိုလ် ၃။ ဥက္ကုဇ္ဇပည ပုဂ္ဂိုလ်နှင့် တရားမနာကြားနိုင်သောသူများအစရှိသည်တို့ကို ရှင်းလင်းဖေါ်ပြ ထားသည်။ တရားနာပါ။
အခွင့်သာခိုက်မှာ တရားနာပါ (ဒု) / အရှင် ကုမာရ (ဓမ္မဓရ) မန္တလေး၊ ၁၃၇ဝ။
တရားမနာကြားနိုင်သောသူများ၊ တရားနာကြားသော်လည်း တရား မရနိုင်သူများ၊ တရားနာခြင်း၏ အကျိုးတရားများနှင့် တရားဗဟုသုတ မရှိသောကြောင့် ကိုးကွယ်မှုမှားယွင်း တတ်ခြင်းကို "ဗာဟိရဒါရုစရိယ" ကုန်သည်ဇာတ်ကြောင်း ဥပမာဖြင့်ပြည့်စုံစွာဟောကြားထားသည်။ တရားနာပါ။
အမျိုးချစ်တဲ့ မျိုးချစ်မလေး () / အရှင် ပညာနန္ဒ (သီတဂူကြယ်) ရန်ကုန်၊ နိုဝင်ဘာ ၉၊ ၂ဝဝ၆။
ဒါနနှင့် သက်ဆိုင်သော ဗုဒ္ဓ၏ ဆိုစကား၊ ဒါနမပြုမီ မိမိကိုမိမိ စိစစ်မေးမြန်းရမည့်မေးခွန်းများ၊ ဒါန၏ စွမ်းရည်၊ ဆင်းရဲဒုက္ခ      ဟူသည်၊ သတ္တ၀ါများအပေါ်တွင် မြတ်စွာဘုရား ချစ်ခင်ကရုဏာ
ထားရှိပုံ တို့ကို စေ့ငစွာဖေါ်ပြဟောကြားထားသည်။
  တရားနာပါ။
အမျိုးချစ်တဲ့ မျိုးချစ်မလေး (၂) / အရှင် ပညာနန္ဒ (သီတဂူကြယ်) ရန်ကုန်၊ နိုဝင်ဘာ ၉၊ ၂ဝဝ၆။
“သုဒါသီ" ကျွန်မလေးအကြောင်းကို ရည်ညွှန်းပြဆိုကာ ဒါန၏ စွမ်းရည်ကို သိပြီး လှူဒါန်းခြင်း၏ အကျိုးကျေးဇူးကို သေချာ
ပြည့်စုံစွာ
ရှင်းလင်းဟောကြားထားသည်။  တရားနာပါ။
အမြင်မှားဘေး မသူတော်ဘေး မသင့်စေနှင့်တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) အမရပူရ၊ ဇူလိုင် ၉၊ ၁၉၅၈။
ဘေးနှစ်မျိုးဖြစ်သော- အသန္ဒိဋ္ဌိတောဝါ (ဒိဋ္ဌိ)နှင့် အသဒ္ဓမ္မ
တောဝါ
(အ၀ိဇ္ဇာ)တို့ နှင့် ယင်းဘေးတို့ မှ လွတ်မြောက်ကြောင်း အကျင့် စသည်များကို "သုဗြဟ္မာနတ်သား" ဇာတ်ကြောင်း ဥပမာပြဖြင့် ရှင်းလင်းဟောကြားထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment