Saturday, November 12, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၁)



စိတ်ကိုထိန်းမှ ချမ်းသာရ တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ အောက်တိုဘာ ၂၊ ၁၉၉၉။
မေတ္တာနှင့် တဏှာတို့၏ ဆိုလိုရင်းကို ဖွင့်ဆိုထားသည်။ ထို့ ပြင်၊ ဘာကြောင့်လူတို့ ဒုက္ခခံစား ကြရ သနည်း၊ မိမိ၏ စိတ်ကို ထိန်းချုပ်ခြင်းနှင့် ဘုရားရှင်များ အကြိမ်ကြိမ်ဟော ကြားခဲ့သော အဆုံးအမ စသည်တို့ကိုလည်း ရှင်းလင်းဟော ကြားထားသည်။ တရားနာပါ။

ထေရဝါဒမှတ်ကျောက် / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မရှိ]
ထေရ၀ါဒ၏ အဓိပ္ပါယ်၊ အချိန်၏ တန်ဖိုး၊ သူတော်ကောင်း
တို့က အချိန်ကို မည်သို့ အကျိုးရှိစွာ အသုံးပြုပုံနှင့် မသူ
တော်တို့အချိန်
ဖြုံးနေကြပုံ၊ ရဟန္တာနှင့် ပုထုဇဉ်တို့၏ ကွာ
ခြားချက်၊ အစွန်းသုံးပါးကိုရှောင်ကာ ကိုးကွယ်ပူဇော်ခြင်း၊
ထေရ၀ါဒ၏ မှတ်ကျောက်၊ ဘာသာရေးဆိုင်ရာ အမေး
အဖြေများ စသည်တို့ပါရှိသည်။
တရားနာပါ။
ပုဂ္ဂိုလ်လေးမျိုး တရားတော် () / အရှင် ဇနကာဘိဝံသ (ချမ်းမြေ့ ဆရာတော်) ရန်ကုန်၊ ဧပြီ ၁၈၊ ၁၉၉၉။

ကုသိုလ်ကောင်းမှုများကို စွမ်းသမျှ ပြုလုပ်ကြရန် အကုသိုလ်
ဟူ
သရွေ့တို့ကို အမြဲမပြတ် ရှောင်ကြဉ်ကြရန်နှင့် စိတ်ကိုဖြူ စင်အောင် ထားရှိကြရန်ကို မဟာကပ္ပိနမင်းဇာတ်ကြောင်း ဥပမာပြဖြင့်ဟောကြားထားသည်။ တရားနာပါ။

ဖန်ဆင်းရှင်()ဦး / အရှင် ဇဝန (မေတ္တာရှင်) ရန်ကုန်၊ [ခုနှစ်မရှိ]
ဗုဒ္ဓဘာသာဝင်တို့၏ အခြေခံ_ ကံနှင့် ကံ၏အကျိုး၊ သဒ္ဓါ ၊ ပညာနှင့် ယင်းတို့၏ ညီမျှမှု၊ အောင်မြင် ကြီးပွါးရေးအတွက် မရှိမဖြစ်လိုအပ်သော စွမ်းအားသုံးမျိုး_ ကံ၊ ဉာဏ်နှင့် ဝီရိယ၊ အထင်သေး၍ မရသော အရာလေးခု (မီး၊ မြွေ၊ မင်းသားနှင့် ရဟန်း) စသော တရားများကို ရှင်းလင်းဟောကြားထားသည်။
အကိုးအကားမှာ
_ဗာဟိယ ဒါရုစရိယ
သုတ္တန်နှင့် မဟာကပ္ပိန
မင်း ဇာတ်ကြောင်းတို့
ဖြစ်သည်။
တရားနာပါ။
မဆုံသောလမ်း / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဩဂုတ် ၂၂၊ ၂ဝဝ၆။
အရှင်မဟာကဿပလောင်းလျာ ပိပ္ပလိလုင်နှင့် ဘဒ္ဒကာပိ လာနီတို့ ဇနီးမောင်နှံ ဇာတ်ကြောင်း ကိုးကားချက်ဖြင့်
သံသရာတွင် သတ္တ၀ါများ တစ်ဦးနှင့်တစ်ဦး ပြန်လည်ဆုံ
တွေ့ရခြင်းသည်
ဒုက္ခသစ္စာ ဖြစ်ကြောင်းကို ရှင်းလင်းဟော
ကြား ထားသည်။
တရားနာပါ။
မိုက်ဇာတ်သိမ်းကြစို့ / ဦး သုမင်္ဂလ (ဒယ်အိုးဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၉၊ ၂၀၀၇။

သမ္မောဟငါးပါးဖြစ်သော_ ကမ္မ၊ ဓမ္မ၊ ပစ္စယ၊ လက္ခဏနှင့် နိဗ္ဗာန်တို့အကြောင်းကို ရှင်းလင်းဟောကြား ထားသည်။ တရားနာပါ။

ရုပ်နာမ်သည် အမြဲမရှိ ဆင်းရဲရှိ၏။ နိဗ္ဗာန်သည် ဆင်းရဲမရှိ အမြဲရှိ၏။ / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇွန် ၂၂၊ ၁၉၆၂။
ရုပ်နာမ်နှင့် နိဗ္ဗာန်၏ သဘောသဘာဝတို့ကို ရှင်းလင်းဖေါ်
ပြဟောကြားထားသည်။
တရားနာပါ။
ရှင်အဿဇိ ရဟန်းဝတ္တု တရားတော် () / ဦး ဝိမလ (မိုးကုတ်ဆရာတော်) ဇန္နဝါရီ ၃၊ ၁၉၅၈။

ဝိပဿနာကျင့်စဉ်သည် သမထကျင့်စဉ်ထက် ပိုမို၍ အရေး
ကြီးပုံ၊ ဝေဒနာ
(သုခ ၊ ဒုက္ခ၊ ဥပေက္ခာ) ရှုပွါးနည်းကို အရှင် အဿဇိ ရဟန်းဝတ္တုကို ကိုးကားလျက်ဟောကြားထားသည်။ တရားနာပါ။

ဝေဒနာနှင့်ငါမရောစေနှင့် ဝေဒနာနုပဿနာ အလုပ်ပေးတရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း ဆရာတော်) ဆင်ဖြူကျွန်း၊ ဧပြီ ၁၊ ၁၉၈၈။

ဓမ္မစကြာတရားတော်တွင် ဟောကြားထားသောကျင့်ဆောင်
ရန်နှင့် ရှောင်ကြဉ်ရန် တရားများ၊ ခန္ဓာ့လမ်းစဉ်၊ ပက္ကုဏ
ရဟန်း ဇာတ်ကြောင်းပြ ဝေဒနာနုပဿနာကျင့်စဉ်၊ သေခါနီး ပုထုဇဉ်တို့ သောတာပန် သကဒါဂါမ် အနာဂါမ် စသည် တည်နိုင်ပုံနှင့် အနာဂါမ်သေခါနီးချိန်တွင် မည်သို့ ရဟန္တာ
ဖြစ်နိုင်ပုံ အစရှိသော တရားများကို ပြည့်စုံစွာဟောကြား
ထားသည်။
တရားနာပါ။

ဝိပ္ပလ္လာသ တံတိုင်းပြိုရေး တရားတော် / ဦး ဓမ္မသာရ (ဆင်ဖြူကျွန်း ဆရာတော်) ဆင်ဖြူကျွန်း၊ ဧပြီ ၁၂၊ ၁၉၈၉။

အရိယာနှင့် ပုထုဇဉ်တို့ကို နှိုင်းယှဉ်ပြထားပြီး ပပဉ္စတရား (တဏှာ မာန ဒိဋ္ဌိ) ဖြစ်ကြောင်းဖြစ်သည့် ဝိပ္ပလ္လာသတရား များကို ပဋာစာရီ ဇာတ်ကြောင်းဖြင့် ရှင်းလင်းဟောကြား
ထားသည်။ ထို့ အတူ၊ အရှင်သာရိပုတ္တရာနှင့် အဇာတသတ် မင်းတို့အား ဥပမာထားလျက် ဗဟုသုတကြွယ်ရန်နှင့် သစ္စာ

လေးပါး မြတ်တရားကို ပိုင်းခြားသိနိုင်ခြင်းငှါ သစ္စာတရားကို
ကောင်းစွာဟောကြားနိုင်သည့် ဆရာသမားကောင်းကို ဆည်းကပ်ရန် အရေးကြီးကြောင်းကိုလည်း ဖေါ်ပြထား
သည်။
တရားနာပါ။


Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment