Saturday, November 19, 2011

ထေရဝါဒ ဓမ္မ အသံစု (၄၂)


တဏှာသင်္ခယသုတ် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၄၊ ၁၉၅၈။
ဝေဒနာကို အနိစ္စဟုမြင်အောင် ရှုမှတ်ကာ တဏှာကို ပယ် သတ်လျက် နိဗ္ဗာန်ရစေခြင်း၊ အနိစ္စ၊ ဝိဟာရ၊ နိရောဓ၊ ပရိ
နိဗ္ဗာနနှင့်
နုပဿီ အစရှိသော နုပဿီတရားလေးပါး ခန္ဓာ၏
ဖြစ်ပျက်ကို ပိုင်းခြားသိရန် လိုအပ်သော တရားများနှင့် ဝေ
ဒနာကို ရှုမှတ်ရန်
မေ့လျော့ခြင်းနှင့် ရှုမှတ်ခြင်းတို့၏ အကျိုး ဆက်များစသည်တို့ကို ဟောကြားထားသည်။ ထို့ အတူ၊ တဏှာသင်္ခယသုတ္တန်ကိုအကိုးအကားပြုပြီး ဝေဒနာရှုမှတ်
ခြင်းကိုအာစိဏ္ဏကံဖြစ်အောင်
ပြုလုပ်ကြရန်ကိုလည်း တိုက် တွန်းထားသည်။  တရားနာပါ။
တရားဘာကြောင့် ကျင့်ရသလဲ / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မေ ၁၊ ၂ဝဝ၆။
ရဟန်းငယ် ရှင်သမိဒ္ဓိနှင့် နတ်သမီးတစ်ပါးတို့ ပြောကြားကြ 
သော စကားကို အကြောင်းပြုကာ ဗုဒ္ဓမြတ်
စွာဟောကြား 
သော တရားတော်ကို ညွှန်းဆိုထားသည့် တရားကျင့်ရခြင်း
၏ ရည်ရွယ်ချက်
အမှန်နှင့် တင်ကြိုပြီးမသိနိုင်သော အ
ကြောင်း တရားငါးပါးကို ရှင်း
လင်းဖေါ်ပြထားသည်။
တရားနာပါ။
မနုဿဓမ္မနှင့် ဥတ္တရိမနုဿဓမ္မ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၆၉။
ဘုရားအလောင်းတော် ဓမ္မပါလဇာတ်ကြောင်းကို ဖေါ်ညွှန်း
ကာ မ
နုဿဓမ္မ
(သုစရိုက်တရားဆယ်ပါး) နှင့် ဥတ္တရိမနုဿ ဓမ္မတို့ကို ရှင်းလင်းဟောကြားထားသည်။ တရားနာပါ။
မာယာခရီး / ဒေါက်တာအရှင် ပညိဿရ (ဓမ္မဒူတ) ပဲခူး၊ မေ ၄၊ ၂ဝဝ၆။
တေလပတ္တမင်းသား ဇာတ်ကြောင်းကို ဥပမာပြလျက် ဘဝ
ကို လိမ်လည်လှည့်ဖြားနေသော မာယာမျှသာဖြစ်သည့် ငါးပါးအာရုံ ကာမဂုဏ်တို့မှ လွတ်မြောက်စေခြင်းအလို့ ငှါ၊ အရာအားလုံးတို့ကို သတိ
နှင့်ပညာဉာဏ်တို့ဖြင့် နာမ်နှင့်ရုပ် ဟူ၍သာ ရှုမှတ်ကြရန်တိုက်တွန်းဟောကြားထားသည်။
တရားနာပါ။
ဝိပဿနာ အခြေခံ အဖြေမှန် / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၅၊ ၂ဝဝ၈။
အခြေခံဝိပဿနာကျင့်စဉ်ကို နည်းလမ်းညွှန်ပြဟောကြား ထားသည်။  တရားနာပါ။
သစ္စာလေးပါးမြတ်တရား / ဘဒ္ဒန္တ ဝါယာမိန္ဒ (မြောက်ဦးဆရာတော်) မန္တလေး၊ စက်တင်ဘာ ၂၅၊ ၂ဝဝ၈။
သစ္စာလေးပါးမြတ်တရားကို ဟောကြားရာတွင်_အဓိပ္ပါယ်၊ သစ္စာမသိခြင်း၏ ရလဒ်၊ သစ္စာပိုင်းခြား သိခြင်းဖြင့် စိတ်ကို
ပြုပြင်ပုံနှင့် ခန္ဓာ၏ သဘာဝစသည်တို့ပါရှိသည်။
တရားနာပါ။
အကျင့်မှန်မှ နိဗ္ဗာန်ရ / ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ (ပါ-ချုပ်၊ ITBMU) ရန်ကုန်၊ ၁၃၆၈။
ကံလေးမျိုးနှင့် နိဗ္ဗာန်ရရှိခြင်းကို တားဆီးသော အကျင့်မှား
များနှင့် နိဗ္ဗာန်ရရန်အကျင့်မှန်တို့ကို
နားလည်စိမ့်သောငှါ၊
မြတ်စွာဘုရားက နွားအကျင့်ကို ကျင့်သော ပုဏ္ဏနှင့်  ခွေး
အကျင့်ကို ကျင့်သော သေနိယတို့ကို ဟောကြားတော်မူခဲ့
သည့်
" ကုက္ကုရဝတီ သုတ္တန်"ကို ရှင်းလင်းဟောကြားထား သည်။  တရားနာပါ။
အနာထပိဏ္ဍိကသုတ်တရားတော် / ဦး ဝိမလ (မိုးကုတ်ဆရာတော်) မန္တလေး၊ ဇန္နဝါရီ ၂၅၊ ၁၉၅၈။
သံသရာမှ ကျွတ်တမ်းဝင်ရေးအတွက် အရေးကြီးသော အချက်များဖြစ်သည့် ဆရာသမားကောင်း၊ ယထာဘူတ ဉာဏ်နှင့် မဂ်ဉာဏ် ရရှိရန် လိုအပ်ကြောင်းနှင့်တကွ၊ အရှင် သာရိပုတ္တရာ သင်ပြသော သေနည်း (ဆိုလိုသည်မှာ ဖြစ်
ခြင်းပျက်ခြင်းကို ရှုမှတ်ခြင်း
) တို့ကို အနာထပိဏ္ဍိကသုတ္တန် ကိုးကားချက်ဖြင့် ရှင်းလင်းဖေါ်ပြထားသည်။ တရားနာပါ။
အလှူဒါန () မျိုး / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ ၁၃၆၅။
အစားအစာ၊ အ၀တ်၊ ယာဉ်၊ ဆီမီး၊ ကျောင်း၊ တရား စသော အလှူဒါနခြောက်မျိုးနှင့်ယင်းတို့ နှင့် ဆီလျော်သော လှူဖွယ် ပစ္စည်းတို့အကြောင်းကို ရှင်းလင်းညွှန်ပြဟောကြားထား
သည်။
တရားနာပါ။
ဣနြေ္ဒထက်ကြောင်း တရားတတ်ကြောင်း () ပါး (၁ဝ) / အရှင် ကုဏ္ဍလာဘိဝံသ (သဒ္ဓမ္မရံသီ ဆရာတော်) ရန်ကုန်၊ [ခုနှစ်မရှိ]
ခရီးဆုံးဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ရရှိသည့်တိုင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းချက်၊ တရားဟောခြင်း
နှင့် တရားအားထုတ်ခြင်း၏ အရေးပါမှုနှင့် တရားမရရှိခြင်း
၏ အကြောင်းရင်း စသည်
တို့ကို ဟောကြားရာတွင် အရှင်
သာရိပုတ္တရာနှင့် ဓနဉ္ဇယပုဏ္ဏား
၊ မဏိယဒူဝရဟန်း၊ အဇာ
တသတ်မင်း ဇာတ်ကြောင်းများကို ကောက်နုတ် ဥပမာပြ
ထားသည်။
တရားနာပါ။

Posted by ဉာဏ်ဦး၊ အေးဆက်

No comments:

Post a Comment