Tuesday, November 10, 2015
ဓမ္မသုတ (၅၇)
အဝင်နှင့် အထွက်
စားလိုသည်က သဖန်းသီးတစ်လုံးနှစ်လုံး၊ အပင်ပေါ်တက်ကာ လှုပ်ချမည်ဆိုပါက
သဖန်းသီးများအားလုံး ကြွေကျ၍ အလဟ ဿ ဖြစ်လိမ့်မည်။ အလားတူပင် ရသည့် ဝင်ငွေက နည်းပြီး ထွက်ငွေများသူသည် ဆင်းရဲမှုများစွာနှင့် သေရမည်ဖြစ်၏။
သောဘဏ၊ အရှင် (ရွှေမြင်းမိုရ်ဆရာတော်)။ ယခုနောင်ခါ ချမ်းသာရေး တရားတော်။
Posted by အေးဆက်
Monday, November 9, 2015
ဓမ္မပဒ ၉၄ [ခုဒ္ဒကနိကာယ်]
၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၅ - မဟာကစ္စာယနတ္ထေရဝတ္ထု
ယဿိ န္ဒြိယာနိ သမထင်္ဂတာနိ၊၉၄။ ရထားထိန်း ကောင်းစွာဆုံးမပြီးသော မြင်းတို့သည် ငြိမ်သက် တည်ကြည်ကုန်သကဲ့သို့ အကြင်ရဟန္တာပုဂ္ဂိုလ်၏ ဣနြေ္ဒ (ခြောက်ပါး) တို့သည် ငြိမ်သက် တည်ကြည်ခြင်းသို့ ရောက်ကုန်၏။ မာနကို ပယ်ပြီးသော အာသဝေါမရှိသော တာဒိဂုဏ်နှင့် ပြည့်စုံသော ထိုရဟန္တာပုဂ္ဂိုလ်အား နတ်တို့သည်လည်း ချစ်မြတ်နိုးကုန်၏။
အ ဿာ ယထာ သာရထိနာ သုဒန္တာ။
ပဟီနမာနဿ အနာသဝဿ ၊
ဒေဝါပိ တဿ ပိဟယန္တိတာဒိနော။
Posted by ဉာဏ်ဦး
Sunday, November 8, 2015
အမှားနှုတ်ကျိုး ဘုရားရှိခိုး
"နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ " ဆိုကာ နေ့စဉ်လိုလို ဘုရားရှိခိုးကြမြဲဖြစ်သည်။ တိကျ သော ပါဠိအနက်အဓိပ္ပါယ် ထွက်ရှိရန် ပုဒ် ပါဌ် အက္ခရာ အဖြတ်အတောက် မှန်ကန်ရပေမည်။
သို့သော် အတော်များများသည် ဤဘုရားရှိခိုး ရွတ်ဆိုရာတွင် အမှတ်မထင် အမှားနှုတ်ကျိုးနေကြသည်။ 'နမော' နှင့် 'တဿ ' ကို တွဲကာ ရွတ်ဆိုလေ့ရှိ
ကြ၏။ 'နမောတဿ ' ဟုဆို၍ ဖြတ်လိုက်ကြ၏။ နောက်မှ 'ဘဂဝတော' ဟု
ဆက်ဆိုကြသည်။
အမှန်မှာ ဤဘုရားရှိခိုးကို ဆိုရာ၌ 'နမောတဿ ' ဟူ၍ တွဲမဆိုသင့်ပေ။
'နမော' ဟု အနည်းငယ်ဖြတ်ဆိုပြီးမှ 'တဿ ' နှင့် 'ဘဂဝတော' ကို
နည်းနည်းလေး နီးစပ်အောင် ဆိုသွားလျှင် အဓိပ္ပါယ် ရှင်းလင်းပြည့်စုံ
ပါသည်။
'နမော' နှင့် 'တဿ ' ကို လုံးဝမတွဲဘဲ ဆိုမှ ပါဠိစာပိုရှင်း၏။ 'နမော' အဓိပ္ပါယ်မှာ
ရှိခိုးပါ၏ဟု ဖြစ်၍ 'တဿ ' သည် ညွှန်ပြသော ပုဒ်ဖြစ်သောကြောင့် ဖြစ်၏။
'တဿ ဘဂဝတော' သည် 'ထိုဘုရားရှင်အား' ဟုဆိုလိုရင်းဖြစ်သည်။ ဤတွင်
'ထို' ဆိုသော စကားသည် 'တဿ ' မှထွက်လာခြင်းဖြစ်သည်။ 'ဘဂဝတော' က
'ဘုရားရှင်' ဟုအနက်ထွက်၏။
ထို့ကြောင့် 'ထိုဘုရားရှင်အား' ဟုဆိုသည်မှာ အရဟံဂုဏ်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်
တို့နှင့် ပြည့်စုံသော ဘုရားရှင် ဟုဆိုလိုသည် ဖြစ်ရာ ထိုဘုရားရှင်အား ရှိခိုးပါ၏
ဟု အဓိပ္ပါယ်ရပါသည်။ ဤသို့ အမှန်အကန်ဆိုခဲ့လျှင် ပါဠိဘာသာအရ ရှင်းလင်း
သွားမည်မလွဲပေ။ ထိုမှတစ်ပါး မာဂဓပါဠိစကား ကောင်းစွာနားလည်ကြသော
နတ် သိကြား ဗြဟ္မာတို့ကလည်း ဝမ်းပန်းတသာ သာဓုခေါ်ကြပေမည်။ ထိုပုဂ္ဂိုလ် များလည်း ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြလေသည်။
ရှေးဘုရားရှင်များလက်ထက်မှ ယနေ့အထိ ဤဘုရားရှိခိုးနှင့်ပင် ရှိခိုးခဲ့ကြ၏။
ကမ္ဘာအဆက်ဆက် ဘုရားရှင်အဆူဆူတို့ကို ပူဇော်ခဲ့ကြသော ဘုရားရှိခိုးကြီး
ဖြစ်၍ ကမ္ဘာသုံးဘုရားရှိခိုးကြီးဟု ဆိုရမည်ဖြစ်သည်။
အရိယာသူတော်ကောင်းများနှင့်တကွ နတ် သိကြား ဗြဟ္မာတို့ ပူဇော်လာ
ကြသော ဘုရားရှိခိုးကြီးနှင့် နေ့စဉ် မှန်မှန် အိပ်ရာထ၊ အိပ်ရာဝင် ရှိခိုးနေ
လျှင်ကား နှလုံးသားတွင် ဂုဏ်တော်ကြီးသုံးပါး ကိန်းဝပ်သွားပါပြီ။
ဂုဏ်တော်သုံးပါးမှာ_
၁။ အရဟတော_ လူမင်း၊ နတ်မင်း၊ ဗြဟ္မ္မာမင်းတို့၏ ဝပ်စင်းဦးခိုက် ပူဇော်
အထူးကို ခံယူတော်မူထိုက်သော၊
၂။ သမ္မာသမ္ဗုဒ္ဓဿ _ သစ္စာလေးတန် ဉေ ယျ ဓံကို ဆရာမကူ သယမ္ဘူ ဉာဏ်
ဖြင့် မိမိအလိုလို ကိုယ်တော်တိုင်သာလျှင် ထိုးထွင်းသိမြင်တော်မူသော၊
၃။ တဿ ဘဂဝတော_ ဣဿ ရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တမည်တွင် ဘုန်းခြောက်ပါးသခင် 'ထိုဘုရားရှင်အား'၊
နမော_ ရှိခိုးပါ၏ အရှင်ဘုရား။
ဤဂုဏ်တော်သုံးပါးနှင့် ဘုရားရှင်၏ ပုံတော်ကို မှန်း၍ စိတ်မှာ အာရုံပြုပြီး
ရှိခိုးကြရမည်။ ကြည်ညိုကြရမည်။ ။
စာကိုး။ လက္ခဏ၊ အရှင် (ကျစွာချောင်)။ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်
သိဒ္ဓိပေါက် တရားဒေသနာတော်။ ၂ဝဝ၆။
Posted by ဉာဏ်ဦး
Saturday, October 17, 2015
ဓမ္မသုတ (၅၆)
အနာကင်းသောလက်
အချဉ် အငန် အစပ်တို့နှင့် အထိမခံနိုင်ခြင်းမှာ လက်တွင်အနာရှိ၍ ဖြစ်သည်။
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် ဆင်းရဲဒုက္ခများဖြင့် အလောင်ခံနေ ရသူများ ဖြစ်ကြသည်။
အကုသိုလ်တည်းဟူသော အနာဆိုး ရှိနေကြသောကြောင့်ပင်။
အကုသိုလ်ကံဆိုး မရှိကြသူတို့မှာ အနှီဒုက္ခများကို မခံကြရ။
အရိယာတို့မှာ အနာမရှိစေရန် တရားနှင့် ကုစားနေကြသဖြင့် အနာမရှိကြချေ။
အနာမရှိသော လက်နှင့်တူအောင် နေတတ်ကြစေ။
စာကိုး။ လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ အနာမရှိသောလက် တရားတော်။
Posted by အေးဆက်
အချဉ် အငန် အစပ်တို့နှင့် အထိမခံနိုင်ခြင်းမှာ လက်တွင်အနာရှိ၍ ဖြစ်သည်။
ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ်တို့သည် ဆင်းရဲဒုက္ခများဖြင့် အလောင်ခံနေ ရသူများ ဖြစ်ကြသည်။
အကုသိုလ်တည်းဟူသော အနာဆိုး ရှိနေကြသောကြောင့်ပင်။
အကုသိုလ်ကံဆိုး မရှိကြသူတို့မှာ အနှီဒုက္ခများကို မခံကြရ။
အရိယာတို့မှာ အနာမရှိစေရန် တရားနှင့် ကုစားနေကြသဖြင့် အနာမရှိကြချေ။
အနာမရှိသော လက်နှင့်တူအောင် နေတတ်ကြစေ။
စာကိုး။ လက္ခဏ၊ ဦး (ကျစွာဆရာတော်)။ အနာမရှိသောလက် တရားတော်။
Posted by အေးဆက်
Friday, October 16, 2015
ဓမ္မပဒ ၉၃ [ခုဒ္ဒကနိကာယ်]
၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၎ - အနုရုဒ္ဓတ္ထေရဝတ္ထု
ယဿာ သဝါ ပရိက္ခီဏာ၊ အာဟာရေ စ အနိ ဿိ တော။၉၃။ အကြင်ပုဂ္ဂိုလ်တို့အား အာသဝေါကုန်ခန်း၏၊ အစာအဟာရ၌လည်း (တဏှာဒိဋ္ဌိဖြင့်) စွဲမှီခြင်း မရှိ၊ ရာဂစသည် ဆိတ်သုန်းသော ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာ ပုဂ္ဂိုလ်၏ ကျက်စားရာအာရုံဖြစ်၏။ ကာင်းကင်၌ ငှက်တို့၏ ခြေရာကို မသိနိုင်သကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်၏ ခြေရာ ဟူသော လမ်းကြောင်းကို မသိနိုင်။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယဿ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ပဒံ တဿ ဒုရန္နယံ။
Posted by ဉာဏ်ဦး
Wednesday, September 30, 2015
ဓမ္မသာကစ္ဆာ (၃၇)
နီဝရဏတရားဟူသည်
အခါတစ်ပါး၌ သိင်္ဂါရဝသတို့သားသည် မြတ်စွာဘုရားထံမှောက်
ရောက်ရှိလာကာ မိမိ၏ အခက်အခဲကို လျှောက်ထားမေးမြန်းလေ၏။
သိင်္ဂါရဝ
တစ်ခါတလေ ရပြီးသားစာတွေကို ကျေကျေညက်ညက်နဲ့ မှတ်မိနေဘုရား
တတ်ပါတယ်။ တစ်ခါတရံမှာ တော့ ရပြီးသားစာတွေကိုပဲ မရသေး တဲ့စာလို မေ့ပျောက်နေတတ်ပါ တယ်။ အဲဒါဘာကြောင့်ပါလဲ အရှင်ဘုရား။
နီဝရဏတရားတွေကြောင့်ပဲ။ ဒီတရားငါးပါးကို မဖယ်တတ်၊ မရှင်းလင်း တတ်လို့ သင်ဒီလို ဖြစ်ရ ပေတယ်။သိင်္ဂါရဝ
နီဝရဏတရားဆိုတာ ဘယ်ဟာတွေလဲ သိပါရစေအရှင်ဘုရား။ဘုရား
ကာမစ္ဆန္ဒနီဝရဏ၊ ဗျာပါဒနီဝရဏ၊ ထိန မိဒ္ဓနီဝရဏ၊ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏနဲ့ ဝီစိကိစ္ဆာနီဝရဏ ဆိုပြီး ငါးပါးရှိလေရဲ့။သိင်္ဂါရဝ
ကာမစ္ဆန္ဒနီဝရဏကို ရှင်းပြပါအရှင်ဘုရား။ဘုရား
ကာမစ္ဆန္ဒနီဝရဏဆိုတာ လိုချင်မှုလောဘတရားပဲ။ ရေဟာကြည်
လင်နေရင် ကိုယ့်မျက်နှာရိပ်ကို မြင်ရတယ်။ ရေကို နီ ပြာ ဝါ ဆေး
တစ်ခုခု ဆိုးလိုက်ရင် မျက်နှာရိပ်ကို မမြင်ရတော့ဘူး။ အဲဒီလိုပဲ၊ လိုချင်မှုလောဘ စိတ်တွေ ထကြွလာရင် ဘာကိုမှ မမြင်တော့ဘဲ
ပြုလိုရာပြုကြမှာဖြစ်တယ်။
သိင်္ဂါရဝ
ဗျာပါဒနီဝရဏက ဘယ်လိုဟာမျိုးပါလဲဘုရား။ဘုရား
ဗျာပါဒနီဝရဏကတော့ ဒေါသကိလေသာပါပဲ။ ရေဟာ ဆူပွက်သိင်္ဂါရဝ
နေတဲ့အခါ အခိုးထွက်တယ်။ အဲဒီရေထဲကို သွားကြည့်ရင်
မျက်နှာရိပ်ကို မြင်ရမှာ မဟုတ်ဘူး။ အခိုးဖယ်လိုက်မှမြင်နိုင်မယ်။ ထိုနည်းတူ ဒေါသတွေ ထွက်နေသူဟာ အမှန်ကို ဘယ်မြင်နိုင်
တော့မှာလဲ။
ထိန မိဒ္ဓနီဝရဏကကော ဘယ်လိုမျိုးပါလဲဘုရား။ဘုရား
ထိန မိဒ္ဓနီဝရဏဆိုတာက ထိုင်းမှိုင်းခြင်း၊ ငိုက်မျဉ်းခြင်းတွေပဲသိင်္ဂါရဝ
ပေါ့ကွယ်။ ရေထဲမှာ မှော်တွေ ဖုံးနေရင် မျက်နှာရိပ်ကို မမြင်ရ
သလို ဒီနီဝရဏတရားဖုံးနေရင် ဘာကို သိမှတ်နိုင်တော့မှာလဲ
ကွယ့်။
ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏကိုလည်း ရှင်းပြပါဦးဘုရား။ဘုရား
ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏဆိုတာက စိတ်ရဲ့မငြိမ်သက်ခြင်းနဲ့ နောင်တ ပူပန်ခြင်းတွေပါပဲ။ ရေလှုပ်နေချိန်မှာ မျက်နှာရိပ်ကို သွားကြည့်ရင် မထင်ရှားဘဲ ရေငြိမ်မှ ထင်ရှားသလိုမျိုးပဲပေါ့။သိဂါၤရဝ
နောက်ဆုံးကျန်နေသေးတဲ့ ဝီစိကိစ္ဆာနီဝရဏကို မိန့် တော်မူပါဦးဘုရား။ဘုရား
သို့လော သို့လောယုံမှားတွေးတောခြင်းဆိုတာ ဝီစိကိစ္ဆာနီဝရဏဖြစ်သိင်္ဂါရဝ
တယ်။ ရေထဲမှာ အနယ်အမှုန်ထနေချိန် မျက်နှာရိပ်မထင်နိုင်ဘဲ
အနယ်ထိုင်မှ ကြည်ကြည်လင်လင်မြင်ရပေမယ်။ ဒါဟာ ဒီနီဝရဏရဲ့ ဥပမာပါပဲ။ ဒီနီဝရဏတရားငါးပါးကို ပယ်ဖျက်နိုင်ရင် စာတွေမှတ်မိ ရုံလောက်သာမက နိဗ္ဗာန်ထိတိုင် တက်လှမ်းနိုင်မှာ ဖြစ်တယ်။
ကြိုးစားကျင့်ကြံပါမယ် အရှင်ဘုရား။စာကိုး။ ဓမ္မသာရ၊ ဦး (ဆင်ဖြူကျွန်းဆရာတော်)။ နီဝရဏတရားငါးပါး
တရားတော်။
Posted by အေးဆက်
ဓမ္မပဒ ၉၂ [ခုဒ္ဒကနိကာယ်]
၇ - အရဟန္တဝဂ္ဂ၊ ရဟန္တာတရားတော်စာစုများ
၃ - ဗေလဋ္ဌသီသတ္ထေရဝတ္ထု
ယေသံ သန္နိစယော နတ္ထိ၊ ယေ ပရိညာတဘောဇနာ။၉၂။ အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား သိုမှီးသိမ်းဆည်းခြင်းသည် မရှိ၊ အကြင် ရဟန္တာတို့သည် ပရိညာဉ်သုံးပါးဖြင့် ပိုင်းခြားလျက် ခဲဖွယ်ဘောဇဉ်ကို သုံးဆောင် ကုန်၏၊ ရာဂစသည် ကင်းဆိတ်လျက် ရာဂစသော နိမိတ်မရှိသော နိဗ္ဗာန်သည် အကြင်ရဟန္တာပုဂ္ဂိုလ်၏ ကျက်စားရာအာရုံ ဖြစ်၏၊ ကောင်းကင်၌ ငှက်တို့၏ သွားရာလမ်းကြောင်းကို သိနိုင်ခဲသကဲ့သို့ ထိုရဟန္တာပုဂ္ဂိုလ်တို့၏ သွားရာကို သိနိုင်ခဲ၏။
သုညတော အနိမိတ္တော စ၊ ဝိမောက္ခော ယေသံ ဂေါစရော။
အာကာသေဝ သကုန္တာနံ၊ ဂတိ တေသံ ဒုရန္နယာ။
Posted by ဉာဏ်ဦး
Subscribe to:
Posts (Atom)