Tuesday, June 17, 2014

ဓမ္မသုတ (၄ဝ)


နိဗ္ဗာန်ချမ်းသာ
နိဗ္ဗာန်ချမ်းသာသည် ခံစားရုံပဲ ရှိသည်။ ခံစားရုံဖြစ်၍ခံစားသည်။ ခံစား၍ မကုန်နိုင်။ ခံစား၍ မကုန်သဖြင့် ခံစားပြန်တော့ လည်း ခံစား၍ကို မဝနိုင်။ ခံစား၍ မဝနိုင်သဖြင့် ခံစားသော် လည်း ပင်ပန်းသည်ဟူ၍ မရှိသော ပကတိ ချမ်းသာအစစ်ပင်ဖြစ်
တော့သည်။ 

ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ခန္ဓာ့သွားလမ်း အလုပ်ပေးတရားတော်။
ဒုက္ခမလာ နိဗ္ဗာန်လာ
လောကကြီးထဲတွင် ဒုက္ခဖြစ်ကြောင်းနှင့် ဒုက္ခဖြစ်ခြင်းသာ ရှိသည်။ ဒုက္ခစက်ကြီး လည်နေခြင်းဖြစ်၏။ သမုဒယက လှည့်ပေးနေသည်။ တရားအားထုတ်ခြင်းသည်ဒုက္ခစက်ကြီးကို ပိတ်နေခြင်းဖြစ်သည်။ ဒုက္ခမလာမှ နိဗ္ဗာန်လာသည်။
ပညာဇောတ၊ အရှင် (တောင်စွန်း၊ ဓမ္မဒူတ)။ ခန္ဓာ့သွားလမ်း အလုပ်ပေးတရားတော်။
Posted by အေးဆက်

No comments:

Post a Comment